ကိုဗစ္ကာကြယ္ေဆးဝယ္ဖို႔ ကမာၻ႔ဘဏ္က ျမန္မာကို ေဒၚလာသန္း (၆၀) ေထာက္ပံ့မယ္
ကိုဗစ္ကာကြယ္ေဆးဝယ္ယူႏိုင္ေရးအတြက္ ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံကို အေမရိကန္ေဒၚလာသန္း (၆၀) ေထာက္ပံ့ေပးဖို႔
ျမန္မာအစိုးရနဲ႔ ေဆြးေႏြးေနၾကပါတယ္။\
စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္းနဲ႔ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာMs. Mariam Sherman ဦးေဆာင္တဲ့အဖြဲ႕ဟာ
ႏိုဝင္ဘာလ(၂၆)ရက္ေန႔က အဲဒီကိစၥကို ေနျပည္ေတာ္မွာ ေဆြးေႏြးခဲ့ၾကပါတယ္။
ကမာၻဘဏ္အေနနဲ႔ ကိုဗစ္ကာကြယ္ေဆးဝယ္ယူႏိုင္ေရး ကမာၻ႔ႏိုင္ငံေတြကို အေမရိကန္ေဒၚလာ (၁၂) ဘီလီယံေထာက္ပံ့ေပးဖို႔
ေအာက္တိုဘာ(၁၃)ရက္ေန႔က အတည္ျပဳခဲ့တာပါ။
ဒါေၾကာင့္ အဲဒီေဒၚလာ(၁၂)ဘီလီယံထဲကေန ျမန္မာႏိုင္ငံကို ေဒၚလာသန္း (၆၀) ေထာက္ပံ့ေပးဖို႔ ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံအေနနဲ႔လည္း ႏိုင္ငံေတာ္ဘ႑ာေငြ၊ Gavi, the vaccine alliance အဖြဲ႕ရဲ႕ ေထာက္ပံ့ေငြအျပင္ ကမာၻ႔ဘဏ္ေခ်းေငြတို႔ကို
အသုံးျပဳၿပီး ကိုဗစ္ကာကြယ္ေဆးဝယ္ယူအသုံးျပဳသြားမယ္လို႔ ဒီရက္ပိုင္းထဲမွာပဲ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေဒါက္တာျမင့္ေထြးက ေျပာထားပါတယ္။
ဒါ့အျပင္ ျမန္မာႏိုင္ငံအတြက္ ကာကြယ္ေဆးရရွိႏိုင္မယ့္ အဆိုျပဳလႊာကို Gavi, the vaccine alliance ဆီ
ဒီဇင္ဘာလ (၇) ရက္ေန႔အေရာက္ေပးပို႔ဖို႔လည္း ျပင္ဆင္ေနၾကပါတယ္။
crd
O Media
ကိုဗစ်ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာသန်း (၆၀) ထောက်ပံ့ပေးဖို့
မြန်မာအစိုးရနဲ့ ဆွေးနွေးနေကြပါတယ်။\
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာMs. Mariam Sherman ဦးဆောင်တဲ့အဖွဲ့ဟာ
နိုဝင်ဘာလ(၂၆)ရက်နေ့က အဲဒီကိစ္စကို နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ကမ္ဘာဘဏ်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ယူနိုင်ရေး ကမ္ဘာ့နိုင်ငံတွေကို အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံထောက်ပံ့ပေးဖို့
အောက်တိုဘာ(၁၃)ရက်နေ့က အတည်ပြုခဲ့တာပါ။
ဒါကြောင့် အဲဒီဒေါ်လာ(၁၂)ဘီလီယံထဲကနေ မြန်မာနိုင်ငံကို ဒေါ်လာသန်း (၆၀) ထောက်ပံ့ပေးဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတော်ဘဏ္ဍာငွေ၊ Gavi, the vaccine alliance အဖွဲ့ရဲ့ ထောက်ပံ့ငွေအပြင် ကမ္ဘာ့ဘဏ်ချေးငွေတို့ကို
အသုံးပြုပြီး ကိုဗစ်ကာကွယ်ဆေးဝယ်ယူအသုံးပြုသွားမယ်လို့ ဒီရက်ပိုင်းထဲမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒေါက်တာမြင့်ထွေးက ပြောထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးရရှိနိုင်မယ့် အဆိုပြုလွှာကို Gavi, the vaccine alliance ဆီ
ဒီဇင်ဘာလ (၇) ရက်နေ့အရောက်ပေးပို့ဖို့လည်း ပြင်ဆင်နေကြပါတယ်။
crd
O Media