ဂ်ပန္လႉသည့္မေကြးျပည္သူ႔ေဆး႐ုံႀကီးရွိေဆးကုသေဆာင္ၿပီးစီးသြား၍အစိုးရကိုလႊဲေျပာင္း
ဂ်ပန္ႏိုင္ငံက ေထာက္ပံ့ေသာဂ်ပန္ယန္း ၂.၂၈၁ ဘီလ်ံတန္ဖိုးရွိ “မေကြးျပည္သူ႔ေဆး႐ုံႀကီး အဆင့္ျမႇင့္တင္ေရးစီမံကိန္း” ၿပီးစီးသြားၿပီျဖစ္၍
လႊဲေျပာင္းေပးအပ္လိုက္ၿပီဟု ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ုံးကဆိုသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံး၊ စီးပြားေရးႏွင့္ ဖြံ႕ၿဖိဳးမႈအေထာက္အပံ့ေပးေရးဌာနမွ သံမႉး Mr. TAKIMI Kazuyuki ႏွင့္
ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (Japan International Cooperation Agency, JICA) ျမန္မာ႐ုံး၏ ဌာေနကိုယ္စားလွယ္ Mr. SAKAKURA Noriji တို႔သည္
ယေန႔တြင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊
မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳတို႔ႏွင့္ အြန္လိုင္းမွတစ္ဆင့္ ေတြ႕ဆုံျပၤး လႊဲေပးခဲ့ျခင္းျဖစ္သည္။
မေကြးတိုင္းေဒသႀကီး၏ ၅ႏွစ္ေအာက္ကေလးသူငယ္ေသဆုံးမႈႏႈန္းမွာ တစ္ႏိုင္ငံလုံး၏ ပ်မ္းမွ်ႏႈန္းထက္ ျမင့္မားလ်က္ရွိသည့္တိုင္းတစ္ခုျဖစ္သည္။
ယင္းအျပင္ မေကြးျပည္သူ႔ေဆး႐ုံႀကီး၏ အေဆာက္အအုံႏွင့္ စက္ပစၥည္းမ်ားမွာ ေဟာင္းႏြမ္း၍ ယိုယြင္းပ်က္စီးလ်က္ရွိၿပီး လူနာႏွင့္ ကုတင္အေရအတြက္ မမွ်မတလည္းျဖစ္ေနသည္။
ထို႔ေၾကာင့္ ဂ်ပန္က အဆိုပါေဆးကုသေဆာင္သစ္ႀကီးကို ေဆာက္လုပ္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ရင္ဆိုင္ေနခဲ့ရသည့္ ေဆးကုသရန္ ကုတင္ မလုံေလာက္မႈျပႆနာကို ေျဖရွင္းႏိုင္မည္ဟု သံ႐ုံးကဆိုသည္။
ယခုေဆး႐ုံႀကီးသည္ မေကြးတိုင္းေဒသႀကီး၏ အဓိကက်သည့္ေဆး႐ုံႀကီးတစ္ခုအျဖစ္တည္ရွိကာ ေဒသခံျပည္သူမ်ား၏ လူေနမႈဘဝတိုးတက္ေရးကို မ်ားစြာ အေထာက္အကူျပဳႏိုင္မည္ျဖစ္သည္။
crd
Myanmar Harp
ဂျပန်လှူသည့်မကွေးပြည်သူ့ဆေးရုံကြီးရှိဆေးကုသဆောင်ပြီးစီးသွား၍အစိုးရကိုလွှဲပြောင်း
ဂျပန်နိုင်ငံက ထောက်ပံ့သောဂျပန်ယန်း ၂.၂၈၁ ဘီလျံတန်ဖိုးရှိ “မကွေးပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးစီမံကိန်း” ပြီးစီးသွားပြီဖြစ်၍
လွှဲပြောင်းပေးအပ်လိုက်ပြီဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကဆိုသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုအထောက်အပံ့ပေးရေးဌာနမှ သံမှူး Mr. TAKIMI Kazuyuki နှင့်
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency, JICA) မြန်မာရုံး၏ ဌာနေကိုယ်စားလှယ် Mr. SAKAKURA Noriji တို့သည်
ယနေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံင်္ပြး လွှဲပေးခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး၏ ၅နှစ်အောက်ကလေးသူငယ်သေဆုံးမှုနှုန်းမှာ တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် မြင့်မားလျက်ရှိသည့်တိုင်းတစ်ခုဖြစ်သည်။
ယင်းအပြင် မကွေးပြည်သူ့ဆေးရုံကြီး၏ အဆောက်အအုံနှင့် စက်ပစ္စည်းများမှာ ဟောင်းနွမ်း၍ ယိုယွင်းပျက်စီးလျက်ရှိပြီး လူနာနှင့် ကုတင်အရေအတွက် မမျှမတလည်းဖြစ်နေသည်။
ထို့ကြောင့် ဂျပန်က အဆိုပါဆေးကုသဆောင်သစ်ကြီးကို ဆောက်လုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ရင်ဆိုင်နေခဲ့ရသည့် ဆေးကုသရန် ကုတင် မလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်မည်ဟု သံရုံးကဆိုသည်။
ယခုဆေးရုံကြီးသည် မကွေးတိုင်းဒေသကြီး၏ အဓိကကျသည့်ဆေးရုံကြီးတစ်ခုအဖြစ်တည်ရှိကာ ဒေသခံပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။
crd
Myanmar Harp