မ်က္စိ က်န္းမာေရး အတြက္ သတိထားသင္႔တဲ႔ လကၡဏာ ေလးမ်ား
မ်က္စိ ဆိုတာ ကြ်န္ေတာ္ တို႔ရဲ႕ခႏၶာကိုယ္ အစိတ္အပိုင္း ေတြထဲမွာ အႏူးညံ႕ဆံုးနဲ႔ အထိခိုက္အလြယ္ဆံုး
အစိတ္အပိုင္း ျဖစ္ပါတယ္။ အျမင္အာရံု ဟာ ကြ်န္ေတာ္တို႔အတြက္ အေရးပါတဲ႔ အစိတ္အပိုင္းတစ္ခုပါပဲ။
မ်က္စိမျမင္ရရင္ (သို႔) အျမင္အာရံု အားနည္းၿပီဆုိရင္ ဒုကၡိတ တစ္ပိုင္းလို ျဖစ္သြားတတ္ေတာ႔
မ်က္စိ က်န္းမာေရး ဟာ ကြ်န္ေတာ္တို႔အတြက္ အလြန္အေရးပါတဲ႔ အရာတစ္ခုျဖစ္ပါတယ္
ေနာက္ၿပီး မ်က္စိ ဆိုတာ ကြ်န္ေတာ္တို႔ရဲ႕ခႏၶာကိုယ္ အစိတ္အပိုင္း ေတြထဲမွာ အႏူးညံ႕ဆံုးနဲ႔ အထိခိုက္အလြယ္ဆံုး အစိတ္အပိုင္း ျဖစ္ပါတယ္။
ဒီေတာ႔ မ်က္စိပတ္ဝန္းက်င္မွာ ေအာက္ေဖာ္ျပပါ လကၡဏာ ေလးေတြ ျပေနၿပီဆိုရင္ လိုအပ္တဲ႔ ေဆးဝါး
ကုသမႈ နဲ႔ လုပ္ေဆာင္မႈေလးေတြကို မဆိုင္းမတြ လုပ္ေဆာင္ေပးသင္႔ပါတယ္။
၁။ မ်က္စိ နီျမန္းလာမယ္
“လူေတြမွာ အျဖစ္အမ်ားဆံုး မ်က္ စိျပႆနာ ကေတာ႔ မ်က္စိ နီျမန္းျခင္းပဲျဖစ္မယ္ထင္ပါတယ္” လို႔ Nashville က
မ်က္စိဆရာဝန္ တစ္ဦးျဖစ္တဲ႔ Rebecca J. Taylor က ဆိုပါတယ္။
မ်က္သား ျဖဴျဖဴေပၚမွာ ေသြးေၾကာ ေလးေတြ ယွက္သမ္းလာျခင္း၊ (တနည္းအားျဖင္႔ မ်က္စိနီျမန္းလာျခင္း) ဟာ
ရုတ္တရက္ျမင္ရတာေၾကာက္ဖို႔ ေကာင္းပါတယ္။ အထူးသျဖင္႔ မိန္းကေလးေတြမွာ ျဖစ္ရင္ အလွွပ်က္ေစႏိုင္ပါတယ္။
ဒါေပမယ္႔ ဒါဟာ မ်က္စိ အေပၚယံလႊာေအာက္မွာ ဒဏ္ရာ ရျခင္းမွ်သာျဖစ္ၿပီး ရက္အနည္းငယ္အတြင္း ျပန္ေပ်ာက္သြားပါလိမ္႔မယ္။
မ်က္စဥ္း ခပ္ေပးျခင္း၊ ေရမ်ားမ်ားျပန္ေသာက္ေပးျခင္းတို႔နဲ႔ ေရာဂါကုသျခင္းျဖစ္စဥ္ကို ပိုမိုျမန္ဆန္ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။
တကယ္လို႔ မ်က္စိက နီျမန္းရံုသာမက ယားယံၿပီး မ်က္ရည္ေတြပါ က်လာၿပီဆိုရင္ေတာ႔ အလာ႔ဂ်စ္ထတာျဖစ္ႏိုိင္ပါတယ္။
လတ္တေလာ မိမိပတ္ဝန္းက်င္မွာ မိမိနဲ႔ ဓာတ္မတည္႔တဲ႔အရာ ဘာရွိေနလဲဆိုတာကို စစ္ေဆးၾကည္႔သင္႔ပါတယ္။
၂။ ပန္းေရာင္ မ်က္စိ
ေဆးပညာ အေခၚအရေတာ႔ coujunctivitis လို႔ေခၚၿပီး အရပ္အေခၚေတာ႔ မ်က္စိနာျခင္း (ပန္းေရာင္မ်က္စိ) လို႔ေခၚပါတယ္။
ဒီလို ေဝဒနာ မ်ိဳး မ်က္စိ မွာျဖစ္ေနၿပီျဖစ္ေနၿပီး မ်က္စိ ဟာ ယားယံနီျမန္းၿပီး အျဖဴေရာင္ (သို႔) အဝါေရာင္အရည္ေလးေတြ စီးက်ေနပါလိမ္႔မယ္။
တခ်ိဳ႕ေတြက မ်က္စိ နာေနတဲ႔လူကို မ်က္လံုးခ်င္းစိုက္ၾကည္႔မိရင္ ကူးတယ္လို႔လည္း ဆိုၾကပါေသးတယ္။
အမွန္ေတာ႔ ဒီအေျခအေနဟာ ဗိုင္းရပ္စ္ပိုးမႊားကူးစက္ျခင္းေၾကာင္႔ျဖစ္တဲ႔ ေဝဒနာျဖစ္ၿပီး (၇) ရက္ကေန (၁၀) ရက္ၾကား ၾကာႏိုင္ပါတယ္။
မ်က္စိ တစ္ဖက္မွာျဖစ္ၿပီးရင္လည္း ေနာက္တစ္္ဖက္ကို အလြယ္တကူကူးႏိုင္ပါတယ္။
သူနဲ႔ဆက္စပ္ေနတဲ႔ လကၡဏာေတြကေတာ႔ ႏွာေစးျခင္း နဲ႔ အေအးမိ ေဝဒနာ ေတြပဲ ျဖစ္ပါတယ္။
မ်က္စိ နာေနၿပီဆုိရင္ေတာ႔ ဆရာဝန္နဲ႔ ျပသတိုင္ပင္သင္႔ပါတယ္။
၃။ မ်က္စိ ေျခာက္ေနမယ္
မ်က္စိ ေျခာက္ျခင္းကေတာ႔ ပတ္ဝန္းက်င္ အေနအထားေျပာင္းလဲျခင္း (ဥပမာ… ေလယာဥ္စီးၿပီး ခရီးသြားျခင္း)၊
ေဟာ္မုန္း ေျပာင္းလဲျခင္းနဲ႔ ေန႕စဥ္လုပ္ငန္းေဆာင္တာမ်ား ေျပာင္းလဲျခင္း တို႔ေၾကာင္႔ ျဖစ္ႏိုင္ပါတယ္။
ကြန္ပ်ဴတာ၊ ဖုန္း၊ တီဗီတို႔လို ဒစ္ဂ်စ္တာ စခရင္မ္ေတြကို အၾကည္႔မ်ားတဲ႔လူေတြ၊ စာအုပ္ အဖတ္မ်ားတဲ႔လူေတြမွာ ေတြ႕ရတတ္တဲ႔ လကၡဏာတစ္ခုပါ။
ဒီအေျခအေနကို ေျဖရွင္းဖို႔ မ်က္စဥ္းခတ္ေပးတာ၊ နာရီ ဝက္တစ္ခါ စိမ္းစိုတဲ႔ အရာဝတၳဳေတြကို ၾကည္႔ေပးတာနဲ႔ ျပန္ေျဖရွင္းေပးႏိုင္ပါတယ္။
၄။ မ်က္ခြံ ေပၚမွာ အနီဖု ေလးေတြ ေပါက္ေနမယ္
မ်က္စိ ထဲကေန သဘာဝအတိုင္း အဆီ ထြက္ပါတယ္။ တကယ္လို႔ အဆီ ဂလင္းေလးေတြ ပိတ္ဆို႔ေနမယ္ဆိုရင္
မ်က္ခြံေပၚက ေခြ်းေပါက္ ေလးေတြေပၚမွာ သြားၿပီး သက္ေရာက္မႈရွိႏုိင္ပါတယ္။
ရလဒ္အေနနဲ႔ နီရဲၿပီး ေရာင္ရမ္းေနတဲ႔ အဖုေလးေတြ မ်က္ခြံေပၚမွာ ေပါက္ေနပါလိမ္႔မယ္။ နာက်င္မႈကို
ေလ်ာ႔နည္းသြားေစဖို႔ ေရေႏြးအိတ္ ေလးနဲ႔ ျပန္ကပ္ေပးတာတို႔၊ ေရခဲအုပ္ေပးတာတို႔ လုပ္ေပးႏိုင္ပါတယ္။
ေနာက္ၿပီး မ်က္စိ ကို ၾကက္သီးေႏြး ရံုေလာက္ ေရေႏြး ေလးနဲ႔ ေဆးေပးတာကိုလည္း လုပ္ေပးႏိုင္ပါတယ္။
၅။ မ်က္ခမ္း လႈပ္ေနမယ္
မ်က္ခမ္း ေတြ တဆတ္ဆတ္လႈပ္ေနတာက အျဖစ္မ်ားတဲ႔ လကၡဏာ တစ္ခုျဖစ္ၿပီး အရမ္းႀကီးေတာ႔ serious ျဖစ္တဲ႔ အေျခအေန တစ္ခုမဟုတ္ပါဘူး။
ေဆးပညာ အေခၚအရေတာ႔ ဒါကို eyelid myokymia လုိ႔ေခၚပါတယ္။ ဒီအေျခအေနကေတာ႔ ေကာ္ဖီ၊ လက္ဖက္ရည္အေသာက္မ်ားျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊
အိပ္ေရးပ်က္ျခင္းတို႔နဲ႔ ဆက္စပ္ေနႏိုင္ပါတယ္။ အဲဒီအေျခအေနေလးေတြကို ျပန္ေျပာင္းလိုက္ႏိုင္ရင္
မ်က္ခမ္း လႈပ္တာလည္း ရပ္တန္႔သြားပါလိမ္႔မယ္။Source: webmd / Duwun
Unicode Version
မျက်စိ ဆိုတာ ကျွန်တော် တို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်း တွေထဲမှာ အနူးညံ့ဆုံးနဲ့ အထိခိုက်အလွယ်ဆုံး
အစိတ်အပိုင်း ဖြစ်ပါတယ်။ အမြင်အာရုံ ဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
မျက်စိမမြင်ရရင် (သို့) အမြင်အာရုံ အားနည်းပြီဆိုရင် ဒုက္ခိတ တစ်ပိုင်းလို ဖြစ်သွားတတ်တော့
မျက်စိ ကျန်းမာရေး ဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။
နောက်ပြီး မျက်စိ ဆိုတာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်း တွေထဲမှာ အနူးညံ့ဆုံးနဲ့ အထိခိုက်အလွယ်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။
ဒီတော့ မျက်စိပတ်ဝန်းကျင်မှာ အောက်ဖော်ပြပါ လက္ခဏာ လေးတွေ ပြနေပြီဆိုရင် လိုအပ်တဲ့ ဆေးဝါး
ကုသမှု နဲ့ လုပ်ဆောင်မှုလေးတွေကို မဆိုင်းမတွ လုပ်ဆောင်ပေးသင့်ပါတယ်။
၁။ မျက်စိ နီမြန်းလာမယ်
“လူတွေမှာ အဖြစ်အများဆုံး မျက် စိပြဿနာ ကတော့ မျက်စိ နီမြန်းခြင်းပဲဖြစ်မယ်ထင်ပါတယ်” လို့ Nashville က
မျက်စိဆရာဝန် တစ်ဦးဖြစ်တဲ့ Rebecca J. Taylor က ဆိုပါတယ်။
မျက်သား ဖြူဖြူပေါ်မှာ သွေးကြော လေးတွေ ယှက်သမ်းလာခြင်း၊ (တနည်းအားဖြင့် မျက်စိနီမြန်းလာခြင်း) ဟာ
ရုတ်တရက်မြင်ရတာကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ ဖြစ်ရင် အလှှပျက်စေနိုင်ပါတယ်။
ဒါပေမယ့် ဒါဟာ မျက်စိ အပေါ်ယံလွှာအောက်မှာ ဒဏ်ရာ ရခြင်းမျှသာဖြစ်ပြီး ရက်အနည်းငယ်အတွင်း ပြန်ပျောက်သွားပါလိမ့်မယ်။
မျက်စဉ်း ခပ်ပေးခြင်း၊ ရေများများပြန်သောက်ပေးခြင်းတို့နဲ့ ရောဂါကုသခြင်းဖြစ်စဉ်ကို ပိုမိုမြန်ဆန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
တကယ်လို့ မျက်စိက နီမြန်းရုံသာမက ယားယံပြီး မျက်ရည်တွေပါ ကျလာပြီဆိုရင်တော့ အလာ့ဂျစ်ထတာဖြစ်နိိုင်ပါတယ်။
လတ်တလော မိမိပတ်ဝန်းကျင်မှာ မိမိနဲ့ ဓာတ်မတည့်တဲ့အရာ ဘာရှိနေလဲဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။
၂။ ပန်းရောင် မျက်စိ
ဆေးပညာ အခေါ်အရတော့ coujunctivitis လို့ခေါ်ပြီး အရပ်အခေါ်တော့ မျက်စိနာခြင်း (ပန်းရောင်မျက်စိ) လို့ခေါ်ပါတယ်။
ဒီလို ဝေဒနာ မျိုး မျက်စိ မှာဖြစ်နေပြီဖြစ်နေပြီး မျက်စိ ဟာ ယားယံနီမြန်းပြီး အဖြူရောင် (သို့) အဝါရောင်အရည်လေးတွေ စီးကျနေပါလိမ့်မယ်။
တချို့တွေက မျက်စိ နာနေတဲ့လူကို မျက်လုံးချင်းစိုက်ကြည့်မိရင် ကူးတယ်လို့လည်း ဆိုကြပါသေးတယ်။
အမှန်တော့ ဒီအခြေအနေဟာ ဗိုင်းရပ်စ်ပိုးမွှားကူးစက်ခြင်းကြောင့်ဖြစ်တဲ့ ဝေဒနာဖြစ်ပြီး (၇) ရက်ကနေ (၁၀) ရက်ကြား ကြာနိုင်ပါတယ်။
မျက်စိ တစ်ဖက်မှာဖြစ်ပြီးရင်လည်း နောက်တစ််ဖက်ကို အလွယ်တကူကူးနိုင်ပါတယ်။
သူနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကတော့ နှာစေးခြင်း နဲ့ အအေးမိ ဝေဒနာ တွေပဲ ဖြစ်ပါတယ်။
မျက်စိ နာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
၃။ မျက်စိ ခြောက်နေမယ်
မျက်စိ ခြောက်ခြင်းကတော့ ပတ်ဝန်းကျင် အနေအထားပြောင်းလဲခြင်း (ဥပမာ… လေယာဉ်စီးပြီး ခရီးသွားခြင်း)၊
ဟော်မုန်း ပြောင်းလဲခြင်းနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြောင်းလဲခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ကွန်ပျူတာ၊ ဖုန်း၊ တီဗီတို့လို ဒစ်ဂျစ်တာ စခရင်မ်တွေကို အကြည့်များတဲ့လူတွေ၊ စာအုပ် အဖတ်များတဲ့လူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။
ဒီအခြေအနေကို ဖြေရှင်းဖို့ မျက်စဉ်းခတ်ပေးတာ၊ နာရီ ဝက်တစ်ခါ စိမ်းစိုတဲ့ အရာဝတ္ထုတွေကို ကြည့်ပေးတာနဲ့ ပြန်ဖြေရှင်းပေးနိုင်ပါတယ်။
၄။ မျက်ခွံ ပေါ်မှာ အနီဖု လေးတွေ ပေါက်နေမယ်
မျက်စိ ထဲကနေ သဘာဝအတိုင်း အဆီ ထွက်ပါတယ်။ တကယ်လို့ အဆီ ဂလင်းလေးတွေ ပိတ်ဆို့နေမယ်ဆိုရင်
မျက်ခွံပေါ်က ချွေးပေါက် လေးတွေပေါ်မှာ သွားပြီး သက်ရောက်မှုရှိနိုင်ပါတယ်။
ရလဒ်အနေနဲ့ နီရဲပြီး ရောင်ရမ်းနေတဲ့ အဖုလေးတွေ မျက်ခွံပေါ်မှာ ပေါက်နေပါလိမ့်မယ်။ နာကျင်မှုကို
လျော့နည်းသွားစေဖို့ ရေနွေးအိတ် လေးနဲ့ ပြန်ကပ်ပေးတာတို့၊ ရေခဲအုပ်ပေးတာတို့ လုပ်ပေးနိုင်ပါတယ်။
နောက်ပြီး မျက်စိ ကို ကြက်သီးနွေး ရုံလောက် ရေနွေး လေးနဲ့ ဆေးပေးတာကိုလည်း လုပ်ပေးနိုင်ပါတယ်။
၅။ မျက်ခမ်း လှုပ်နေမယ်
မျက်ခမ်း တွေ တဆတ်ဆတ်လှုပ်နေတာက အဖြစ်များတဲ့ လက္ခဏာ တစ်ခုဖြစ်ပြီး အရမ်းကြီးတော့ serious ဖြစ်တဲ့ အခြေအနေ တစ်ခုမဟုတ်ပါဘူး။
ဆေးပညာ အခေါ်အရတော့ ဒါကို eyelid myokymia လို့ခေါ်ပါတယ်။ ဒီအခြေအနေကတော့ ကော်ဖီ၊ လက်ဖက်ရည်အသောက်များခြင်း၊ စိတ်ဖိစီးမှုများခြင်း၊
အိပ်ရေးပျက်ခြင်းတို့နဲ့ ဆက်စပ်နေနိုင်ပါတယ်။ အဲဒီအခြေအနေလေးတွေကို ပြန်ပြောင်းလိုက်နိုင်ရင်
မျက်ခမ်း လှုပ်တာလည်း ရပ်တန့်သွားပါလိမ့်မယ်။Source: webmd / Duwuner