အသက် ၅၅နှစ်အရွယ် Nanita Ronquillo ဆိုတဲ့ အမျိုးသမီးဟာ ဈေးထဲမှာ ငါးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ Single Mom တစ်ယောက်ပဲဖြစ်ပါတယ်။ သူမမှာ သားတစ်ယောက်ရှိပြီး သူ့မရဲ့ ပြင်းပြတဲ့ ဆန္ဒကတော့ သားဖြစ်သူကို ဆေးကျောင်းထားနိုင်ရမယ်ဆိုတာပါပဲ။
သူမဈေးရောင်းရတဲ့ တစ်နေ့စာ ဝင်ငွေက သားဖြစ်သူကို ဆေးကျောင်းထားဖို့ ဘယ်လိုမှမဖြစ်ပေမဲ့ သူမရဲ့ ဆန္ဒကတော့ ဘယ်တော့မှ မရပ်တန့်သွားပါဘူး။ Nanita ဟာ Single mom ဖြစ်ပေမဲ့ သူမရဲ့ စိတ်ဓာတ်နဲ့ ဇွဲသတ္တိကတော့ တကယ့်ကို ပြင်းထန်တဲ့ သူတစ်ယောက်လို့တောင် ဆိုရမလိုပါပဲ။
သူမရဲ့ သားဖြစ်သူ John Nico Ronquillo ကို ပိုကောင်းတဲ့ဘဝမှာ အောင်မြင်တဲ့သူတစ်ဦးဖြစ်စေရမယ်လို့ ယုံကြည်ထားသူဖြစ်ပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူမရဲ့ ယုံကြည်ချက်ကို အပျက်မခံနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ Nanita ရဲ့ ခင်ပွန်းဖြစ်သူက သူမကွဲပြီး နောက်အိမ်ထောင်အသစ်နဲ့ နေနေတာကြောင့် Nanita က သားတစ်ယောက်ထဲနဲ့ ဘဝကို ရုန်းကန်းနေရတာဖြစ်ပါတယ်။
ဈေးရောင်းရတာ အခြားသူတွေအတွက်တော့ သက်သာတဲ့ အလုပ်တစ်ခုလို့ ထင်ချင်ထင်ပေမဲ့ သူမအတွက်တော့ အရမ်းကို ပင်ပန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ ငါးတွေမကုန်ရင် ညနေ ၅နာရီ/ ၆နာရီလောက်အထိ ထိုင်ရောင်းရပြီး မနက်ဆိုလည်း ၅နာရီလောက်ထပြီး ဈေးဗန်းခင်နေရပါပြီ။ သားဖြစ်သူကျောင်းစရိတ်အတွက် ဈေးကို မနက်ပိုင်းတင်မဟုတ်ဘဲ ညနေပိုင်းတွေပါ အပိုငွေရအောင် ရောင်းနေရတာပဲဖြစ်ပါတယ်။
သူမ ဈေးရောင်းရတဲ့ ဝင်ငွေက တစ်နေ့ကို PHP 1000 (အမေရိကန် ဒေါ်လာ ၁၉) လောက်အထိ ရရှိပါတယ်။ ဒါပေမဲ့ ကျောင်းစရိတ်ကို ဝင်ငွေက မမျှတဲ့အတွက် သားဖြစ်သူ ကျောင်းနားခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။ အခြားသူတွေ ၄နှစ်နဲ့ ဘွဲ့ရခဲ့ပေမဲ့ သူမရဲ့ သားကတော့ ၆နှစ်နေမှ ဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။
အခုတော့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်ခဲ့ပါပြီ။ သားဖြစ်သူလည်း ဆေးကျောင်းက ဘွဲ့ရလို့ ဆရာဝန်ကြီးတောင် ဖြစ်နေပါပြီ။ သူမမှာ နှလုံးရောဂါရှိတာကြောင့် အခုဆို အလုပ်ပေးမလုပ်တော့ဘဲ သားဖြစ်သူက တစ်ဖန်သူမကို ပြုစုစောင့်ရှောက်နေပါတယ်။
Unicode
အသက် ၅၅နှစ်အရွယ် Nanita Ronquillo ဆိုတဲ့ အမျိုးသမီးဟာ စျေးထဲမှာ ငါးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ Single Mom တစ်ယောက်ပဲဖြစ်ပါတယ်။ သူမမှာ သားတစ်ယောက်ရှိပြီး သူ့မရဲ့ ပြင်းပြတဲ့ ဆန္ဒကတော့ သားဖြစ်သူကို ဆေးကျောင်းထားနိုင်ရမယ်ဆိုတာပါပဲ။
သူမစျေးရောင်းရတဲ့ တစ်နေ့စာ ဝင်ငွေက သားဖြစ်သူကို ဆေးကျောင်းထားဖို့ ဘယ်လိုမှမဖြစ်ပေမဲ့ သူမရဲ့ ဆန္ဒကတော့ ဘယ်တော့မှ မရပ်တန့်သွားပါဘူး။ Nanita ဟာ Single mom ဖြစ်ပေမဲ့ သူမရဲ့ စိတ်ဓာတ်နဲ့ ဇွဲသတ္တိကတော့ တကယ့်ကို ပြင်းထန်တဲ့ သူတစ်ယောက်လို့တောင် ဆိုရမလိုပါပဲ။
သူမရဲ့ သားဖြစ်သူ John Nico Ronquillo ကို ပိုကောင်းတဲ့ဘဝမှာ အောင်မြင်တဲ့သူတစ်ဦးဖြစ်စေရမယ်လို့ ယုံကြည်ထားသူဖြစ်ပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူမရဲ့ ယုံကြည်ချက်ကို အပျက်မခံနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ Nanita ရဲ့ ခင်ပွန်းဖြစ်သူက သူမကွဲပြီး နောက်အိမ်ထောင်အသစ်နဲ့ နေနေတာကြောင့် Nanita က သားတစ်ယောက်ထဲနဲ့ ဘဝကို ရုန်းကန်းနေရတာဖြစ်ပါတယ်။
စျေးရောင်းရတာ အခြားသူတွေအတွက်တော့ သက်သာတဲ့ အလုပ်တစ်ခုလို့ ထင်ချင်ထင်ပေမဲ့ သူမအတွက်တော့ အရမ်းကို ပင်ပန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ ငါးတွေမကုန်ရင် ညနေ ၅နာရီ/ ၆နာရီလောက်အထိ ထိုင်ရောင်းရပြီး မနက်ဆိုလည်း ၅နာရီလောက်ထပြီး စျေးဗန်းခင်နေရပါပြီ။ သားဖြစ်သူကျောင်းစရိတ်အတွက် စျေးကို မနက်ပိုင်းတင်မဟုတ်ဘဲ ညနေပိုင်းတွေပါ အပိုငွေရအောင် ရောင်းနေရတာပဲဖြစ်ပါတယ်။
သူမ စျေးရောင်းရတဲ့ ဝင်ငွေက တစ်နေ့ကို PHP 1000 (အမေရိကန် ဒေါ်လာ ၁၉) လောက်အထိ ရရှိပါတယ်။ ဒါပေမဲ့ ကျောင်းစရိတ်ကို ဝင်ငွေက မမျှတဲ့အတွက် သားဖြစ်သူ ကျောင်းနားခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။ အခြားသူတွေ ၄နှစ်နဲ့ ဘွဲ့ရခဲ့ပေမဲ့ သူမရဲ့ သားကတော့ ၆နှစ်နေမှ ဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။
အခုတော့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်ခဲ့ပါပြီ။ သားဖြစ်သူလည်း ဆေးကျောင်းက ဘွဲ့ရလို့ ဆရာဝန်ကြီးတောင် ဖြစ်နေပါပြီ။ သူမမှာ နှလုံးရောဂါရှိတာကြောင့် အခုဆို အလုပ်ပေးမလုပ်တော့ဘဲ သားဖြစ်သူက တစ်ဖန်သူမကို ပြုစုစောင့်ရှောက်နေပါတယ်။
Credit ..Aung lay