နိုင္ငံတကာသတင္း

ရွှံ့ရည်သောက်ပြီး တွင်းထဲမှာ (၃၇)နာရီကြာ ပိတ်မိနေခဲ့တဲ့အသက် (၇၀) အရွယ်အဖိုးအိုတစ်ယောက်

ရွှံ့ရည်သောက်ပြီး တွင်းထဲမှာ (၃၇)နာရီကြာ ပိတ်မိနေခဲ့တဲ့အသက် (၇၀) အရွယ်အဖိုးအိုတစ်ယောက်

ပရိတ်သတ်ကြီးရေ အသက် (၇၀) အရွယ် မလေးရှားအဖိုးအိုတစ်ယောက်ဟာ စားအုန်းဆီ စိုက်ခင်းကို သွားရင်း အနက် (၁၃)ပေရှိတဲ့ တွင်းထဲကို ကျပြီး (၃၇)နာရီကြာအောင် တွင်းထဲမှာ နေထိုင်ခဲ့ရပါတယ်။ အဆိုပါ အဖိုးက ပြီးခဲ့တဲ့ (၂၃) ရက်နေ့ နံနက်ပိုင်းက စားအုန်းဆီ စိုက်ခင်းထဲ အသီးခူးဖို့ သွားရင်း မတော်တဆ တွင်းထဲကို ကျသွားခဲ့ပါတယ်။

အဆိုပါ တွင်းဟာ အနက် (၁၃) ပေရှိပြီး ကျောက်စည်ပိုင်းနဲ့ ကာထားတဲ့ တွင်းကြီးတစ်ခုပါ။ နံနက် (၉) နာရီပိုင်းလောက်မှာ တွင်းထဲကို ပြုတ်ကျသွားတာဖြစ်ပြီး တွင်းရဲ့ နံရံပတ်ပတ်လည်မှာ ရေညှိတွေတက်နေတာကြောင့် အပေါ်ကို ပြန်တက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ နေ့လည်ပိုင်း ထမင်းစားချိန် ပြန်မလာလို့ မိန်းမဖြစ်သူက စိုက်ခင်းထဲ လာရှာပေမဲ့လည်း ကံမကောင်းစွာပဲ အဖိုးကို ရှာမတွေ့ခဲ့ပါဘူး။ စိုက်ခင်းဖြစ်တာကြောင့် လူသွား လူလာနည်းပါပြီး အကူ အညီတောင်းဖို့အတွက်လည်း တော်တော်နဲ့ မဖြစ်နိုင်ခဲ့ပါဘူး။

နောက်ဆုံးတော့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်း ကူညီရှာဖွေပေးခဲ့တာကြောင့် (၂၄) ရက်နေ့ ညပိုင်း (၉) နာရီနဲ့ မိနစ် (၄၀)မှာ ရှာဖွေတွေ့ရှိလာခဲ့ပါတယ်။ တွင်းထဲကနေ လုံလုံခြုံခြုံ ကယ်တင်နိုင်ခဲ့ပြီး (၂) ရက်နီးပါးကြာအောင် ပိတ်မိနေတာကြောင့် ရေနဲ့ အစာဆာလောင်တဲ့ ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ရေနဲ့ ပေါင်မုန့် အချို့ကို ကျွေးပြီး အနီးနားရှိ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရပါတယ်။

တွင်းထဲကျနေတဲ့ အချိန် ရေဆာတဲ့အခါ တွင်းထဲမှာရှိတဲ့ ရွှံ့ရည်ကို သောက်ခဲ့ရပြီး စားစရာအတွက် တွင်းထဲကျတဲ့ ဖားကို စားခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က အချိန်မှီရောက်လာခဲ့လို့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့မှ သူ့ကို ရှာတွေ့ခဲ့ရင် တွင်းထဲမှာပဲ အစာရေဆာ ငတ်ပြတ်ပြီး သေဆုံးနေလောက်ပြီလို့ အဖိုးအိုကခုလို ပြောပြလာပါတယ်။ ဖက်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ခင်ဗျာ။

Credit