မင်္ဂလာဆောင် ဧည့်ခန်ပွဲတစ်ခုကို ကိုယ်ဝန်ဆေူင်သည် ဇနီး (၆) ယောက်နဲ့ အတူတက်ရောက်လာခဲ့တဲ့ အမျိုးသားတစ်ဦး
မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မကြာသေးခင်က အမျိုးသားတစ်ဦးက သူ့ကလေးတွေ ချည်းလွယ်ထားရတဲ့ ကိုယ်ဝန်သည် ဇနီး (၆) ယောက်စလုံးကိုပါ ခေါ်ပြီး မင်္ဂလာဆောင် ပွဲတစ်ခုကို တက်ရောက်ခဲ့တာကြောင့် social media မှာ ပွလောရိုက်သွားခဲ့လာခဲ့ပါတယ်။ အခုအဖြစ်အပျက်ဟာ အနောက်အာဖရိက Nigerian နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပဲဖြစ်ပါတယ်။
Instagram မှာ နာမည်ကြီးပြီး Nigerian နိုင်ငံ Lagos မြို့ရဲ့ nightclub အကြီးစားတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ Pretty Mike အမည်ရှိအဆိုပါ အမျိုးသားဟာ မင်္ဂဆောင်ပွဲမှာ သူ့ဇနီးတွေကို တန်းစီခိုင်းပြီး တစ်ယောက်ချင်းစီ ပါမိတ်ဆက်ပေးလာခဲ့ပါသေးတယ်။
Mike ဟာ သူ့ဇနီး (၆) ယောက်နဲ့သူ့ရဲ့ဓာတ်ပုံကို Instagram မှာတင်ပြီး လှည့်စားခံရတာ မဟုတ်ဘဲ သူတို့ရဲ့အကောင်းဆုံး ဘဝမှာသာ နေထိုင်နေတာပါ လို့လည်း ဆိုလာပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက Mikeဟာ မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သတို့သမီး (၅) ယောက်နဲ့ပုံတွဲတင်ခဲ့ပြီး သူ့ရဲ့ရည်းစားဟောင်း (၂) ယောက်နဲ့ လက်ရှိ ရည်းစား (၃)ယောက်ကို တစ်ခါတည်း အကုန်လက်ထပ်ဖို့က သူ့ရဲ့အိမ်မက်ပါလို့ ဆိုလာပါသေးတယ်။
သို့ပေမဲ့ (၂၀၁၇) ခုနှစ်တုန်းက Mikeဟာ ကောင်မလေးတွေကို ခွေးလို ချိန်းကြိုးတွေနဲ့ချည်ပြီး မင်္ဂဆောင်ပွဲ တစ်ခုတက်ခဲ့တာကြောင့် အရေးယူခံခဲ့ရပါသေးတယ်။
ခုလက်ရှိမှာတော့ အင်တာနက် အသုံးပြုသူတွေက Mikeဟာ ရှုးသွပ်နေပြီး တမင်လူတွေရဲ့အာရုံစိုက်မှုကို လိုချင်လို့သာ အခုလိုလုပ်တာဖြစ်ကြောင်း ဝေဖန်လာခဲ့ကြပါတယ်။
Mike ဟာ သရုပ်ဆောင်နဲ့လူရွှင်တော် Williams Uchemba ရဲ့မင်္ဂလာဆောင်ပွဲကိုလည်း တက်ရောက်ဖူးပါသေးတယ်။
Mikeက သူ့ဇနီးတွေကို ချစ်လို့ဘဲ အခုလိုထုတ်ကြွားတာလား ဒါမှမဟုတ် တမင်ဘဲ အာရုံ စိုက်ခံချင်လို့ လုပ်တာလား ဆိုတာကိုတော့ ကျွန်တော်လည်း မပြောပြတတ်တော့ပါဘူး ခင်ဗျာ။ ဖက်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။
Source ; Dailymail