နိုင္ငံတကာသတင္း

တက္ကစီဒရိုင်ဘာ အဘကိုအိပ်ခိုင်းပြီးတော့ ကိုယ်တိုင် မောင်းခဲ့တဲ့ ခရီးသည်မလေး

တက္ကစီဒရိုင်ဘာ အဘကိုအိပ်ခိုင်းပြီးတော့ ကိုယ်တိုင် မောင်းခဲ့တဲ့ ခရီးသည်မလေး

ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမယ့် အကြောင်း အရာလေးကတော့ ဖိလစ်ပိုင် နိုင်ငံမှာ Christina Tan လို့ အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာဆိုရင် သူမအလုပ်ကို သွားဖို့အတွက် တက္ကစီတစ်စီးကို ငှားစီးခဲ့ပါတယ်။ သူငှားစီးလိုက်တဲ့ တက္ကစီဒရိုင်ဘာ ဦးလေးကြီးကတော့ အသက် ၇၀ အရွယ်ရှိတဲ့ အဘတစ်ယောက် ဖြစ်ပါတယ်။

အဆိုပါ အဘကတော့ အိပ်ရေးပျက်ရတာတွေများလို့ သူအရမ်းအိပ်ချင်နေတယ်လို့ပြောပြီး ကားမောင်းဖို့အတွက် အဆင်မပြေကြောင်းပြောပြတဲ့အခါမှာ ခရီးသည်အမျိုးသမီးကလည်း သူမ သွားချင်တဲ့နေရာကို သူကိုယ်တိုင်ဘဲ ကားကိုမောင်းပြီး တက္ကစီသမားအဘကို ကားရဲ့နောက်ခန်းမှာ ပေးအိပ်ခိုင်းလိုက်ပါတယ်တဲ့။

သူမ သွားလိုတဲ့ ခရီးကိုရောက်တဲ့အခါမှာတော့ တက္ကစီးမောင်းတဲ့ အဘကို ကျသင့်တဲ့ငွေပေးပြီး အဘရဲ့ အသက်ကို မေးကြည့်လိုက်ပါတယ်။ အသက် ၇၀ နှစ် ရှိပြီဆိုတာ သိလိုက်ရတဲ့အခါ ကားကို အနားယူပြီးမှ ဆက်မောင်းဖို့ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ တက္ကစီသမား အဘဟာ owner ကြေးပေးရတာနဲ့ မိသားစုတစ်စုလုံး စားဖို့နေရေးအတွက်ရယ် အဆင်မပြေမှာ ဆိုးတယ်လို့ ပြောပြခဲ့ပါတယ်။

ခရီးသည် Christina ရဲ့ ပြောပြချက်များအရ တက္ကစီသမား အဖိုးအိုဟာ အရမ်းကို ပင်ပန်းနေတဲ့ပုံပေါက်ပြီး အရမ်းလည်း အိပ်ရေးပျက်ပြီး အိပ်ချင်နေပါတယ်တဲ့။ သူပေးအိပ်ခိုင်းလိုက်တဲ့ အချိန်မှာတော့ အဖိုးအိုဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ဟောက်တောင် ဟောက်နေခဲ့ပါတယ်တဲ့။ ခရီးရောက်ပြီးလို့ အဖိုးအိုနိုးလာတဲ့နောက်မှာတော့ ခရီးသည် Christina ဟာ အဖိုးအိုနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ပြီး ဒီအဖြစ်အပျက်လေးကို facebook ပေါ်မှာ မျှဝေခဲ့ပါတယ်။

facebook သုံးစွဲသူတွေ တော်တော်များများကလည်း သူမရဲ့ ကြင်နာတတ်တဲ့ အပြုအမူ အကျင့်စရိုက်လေးကို ချီးကျူးခဲ့ကြပြီး မှတ်ချက်လည်းပေးခဲ့ကြပါတယ်။ ဒီလောကမှာ တကယ်ကို လိုအပ်တဲ့အချိန် ဘာလေးပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တာလေး ကူညီလိုက်ရတာ တစ်ဖက်သား သူတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်သလို ကိုယ့်အတွက်လည်း ဘာနဲ့မှ လဲလို့မရတဲ့ ကြည်နူးမှု ပီတိလေးမျိုးကို ခံစားစေရပါတယ်။

အချိန်ပေးပြီး ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကို ဖတ်ရှု့ပြီး ကိုယ်ထက်ချို့တဲ့သူတွေ သို့မဟုတ် အကူအညီတစ်ခုခု လိုအပ်နေသူတွေကို ကိုယ်တတ်နိုင်သလောက်လေး ကူညီပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာအေးချမ်းတဲ့ ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။