နိုင္ငံတကာသတင္း

တိုက်မိလို့ ကျကွဲသွားတဲ့ ပန်းအိုးကြီးထဲက အသက် ၁၃နှစ်တာ ဖခင်စုဆောင်းထားတဲ့ ငွေတွေထွက်လာ

ဒီအဖြစ်အပျက်လေးက တရုတ်နိုင်ငံ Guangxi ပြည်နယ်မှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ သမီးဖြစ်သူက မတော်တဆ အလှဆင်ထားတဲ့ ပန်းအိုးကြီးကို တိုက်မိရာကနေ ထိုပန်းအိုးကြီးထဲက ငွေအမြောက်အများ ထွက်လာလို့ အံ့အားသင့်သွားခဲ့တာပဲဖြစ်ပါတယ်။

သမီးဖြစ်သူက မနက်ခင်းပိုင်း အိမ်မှုကိစ္စတွေ လုပ်နေရင်းနဲ့ အဆိုပါ အလှဆင်ထားတဲ့ ပန်းအိုးကို မတော်တဆ တိုက်မိခဲ့တာပဲဖြစ်ပါတယ်။ သူတိုက်မိတဲ့အချိန်မှာတော့ မိခင်ဖြစ်သူက အိပ်ရာထဲအချိန်ပဲရှိပါသေးတယ်။ ” ကျွန်မ အိပ်ရာထဲမှာရှိနေတုန်း ဧည့်ခန်းထဲက ကျယ်လောင်တဲ့အသံကြားလိုက်တယ်။

အဲ့ဒါနဲ့ အိပ်ရာကနေ ကုန်းထပြီး သွားကြည့်လိုက်တော့ ပန်းအိုးက ကျကွဲနေပြီး ပိုက်ဆံတွေလဲ ပြန့်ကျဲနေတာတွေ့ရတော့တာပါပဲ” ဆိုပြီး မိခင်ဖြစ်သူက ပြောပါတယ်။ အဲ့ဒီနောက် အလုပ်သွားနေတဲ့ ခင်ပွန်းသည်ဆီ ဒီအဖြစ်အပျက်ကို စာရိုက်ပြီး Message ပို့ခဲ့ပါတယ်။

သတင်းကိုကြားကြားခြင်း ခင်ပွန်းသည်က အမြန်ရောက်လာပြီး သူ့ပုံစံကြည့်ရတာတော့ မျက်နှာလည်း သိပ့်ကောင်းပုံ မပေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ဒီငွေတွေကို ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ယခုနေတဲ့အိမ်ကို ဝယ်ပြီးကတည်းက သမီးနဲ့ မိန်းမ မသိအောင် ကြိတ်ပြီး စုဆောင်း ထားတာပဲဖြစ်ပါတယ်။ ၁၃နှစ်တာကာလပတ်လုံး အသုံးစရိတ်ထဲက ခြွေတာပြီး စုဆောင်းခဲ့တာဖြစ်ပါတယ်။

ဇနီးဖြစ်သူက ပန်းအိုးထဲက ထွက်လာတဲ့ ငွေတွေကို ရေတွက်ကြည့်တဲ့အခါမှာတော့ ယွမ် ၅၀၀၀လောက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူက ဒီငွေတွေကို အခြားဘယ်နေရာမှ အသုံးချဖို့အတွက်မဟုတ်ပါဘူး။ မိသားစု စာဝတ်နေရေး အဆင်ပြေဖို့ရယ်၊

သူကိုယ်တိုင်ကလည်း ပိုက်ဆံစုရတာ ဝါသနာပါတာကြောင့် သုံးပြီး ပိုက်ဆံအစွန်းထွက်လေးတွေ ပိုတဲ့အခါ အခုလို စုစုထားတာပဲဖြစ်ပါတယ်။

တာ့ သမီးဖြစ်သူက မတော်တဆ အလှဆင်ထားတဲ့ ပန်းအိုးကြီးကို တိုက်မိရာကနေ ထိုပန်းအိုးကြီးထဲက ငွေအမြောက်အများ ထွက်လာလို့ အံ့အားသင့်သွားခဲ့တာပဲဖြစ်ပါတယ်။