Crime ပြည်တွင်းသတင်း

ကြားကားပေါ်ကပြုတ်ကျတဲ့ မိန်းကလေးကိုကျွန်းတောထဲပစ်ခဲ့တဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် လာအဖမ်းခံ

ကြားကားပေါ်ကပြုတ်ကျတဲ့ မိန်းကလေးကိုကျွန်းတောထဲပစ်ခဲ့တဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် လာအဖမ်းခံ

ညပိုင်းပြေးဆွဲတဲ့ ကြားကားပေါ်ကနေ ပြုတ်ကျသွားတဲ့မိန်းကလေးကို ကားပေါ်တင်ပြီး ကျွန်းတောထဲမှာ ပစ်ထားခဲ့တဲ့အမှုက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် သုံးယောက် နိုဝင်ဘာလ (၂၇) ရက်နေ့က အင်းစိန်မြို့မ ရဲစခန်းမှာ လာရာက် အဖမ်းခံ ခဲ့တယ်လို့ သိရပါတယ်။

သူတို့ သုံးယောက် စလုံးက ရွှေပြည်သာ မြို့နယ်မှာ နေထိုင်တာဖြစ်ပြီး ရဲတပ်ဖွဲ့က ယာဉ်ပိုင်ရှင်နဲ့ ဆက်သွယ်ကာ လာရောက်အဖမ်းခံဖို့ ဖျောင်းဖျ ပြောဆို ခဲ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းတာက တစ်နေ့ကပေါ့။ သူတို့ကို စည်းရုံးပြောဆိုတော့ လာအဖမ်းခံ ကြတာ။ ကားကိုရတော့ ကားပိုင်ရှင် လိပ်စာ စုံစမ်းတယ်။ ပြီးတော့ ကားပိုင်ရှင်ကို စည်းရုံပြောဆို ရတာပေါ့။

ကလေးမလေးကလည်း မသေတော့ သူတို့လည်း ရှင်းလို့ရတဲ့ အမှုဆိုတော့၊ ဒီအမှုတွေကလည်း အာမခံပေးလို့ရတဲ့ အမှုတွေလေ။ သူတို့ကို အဲဒီလို ပြောပြတော့ သူတို့ကိုယ်တိုင်ပဲ လာ အဖမ်းခံတာ။ ” လို့ အင်းစိန်မြို့မရဲစခန်းမှူး ရဲမှူးတင်လတ်က ပြောပါတယ်။

နိုဝင်ဘာလ (၂၄) ရက် မနက်ပိုင်းက အင်းစိန်မြို့နယ်၊ ပြည်တော်သာရပ်ကွက်က ကျွန်းတောထဲမှာ လဲကျနေတဲ့ အသက် (၂၀) အရွယ်မိန်းကလေး တစ်ယောက်ကို တွေ့ရှိခဲ့လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ပြီး အဖြူရောင်မေတ္တာ ပရဟိတယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ သုံးယောက်ကို အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇ ၊ ၂၀၂ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source ; O media