နိုင္ငံတကာသတင္း

ခင်ပွန်းနဲ့ကွာရှင်းပြီး တစ်ယောက်တည်းခရီးတွေ ထွက်ကာ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့ (၅၆) နှစ်အမျိုးသမီး တစ်ဦး

ခင်ပွန်းနဲ့ကွာရှင်းပြီး တစ်ယောက်တည်းခရီးတွေ ထွက်ကာ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့ (၅၆) နှစ်အမျိုးသမီး တစ်ဦး

ပရိတ်သတ်ကြီးရေ ကွာရှင်းခြင်းခေါင်းစဉ်က အလွန်ရင့်သီးလွန်းတာကြောင့် အချို့အမျိုးသမီးတွေဟာ အခက်အခဲများကြားမှ ရက်စက်ကြမ်းကြုတ်တဲ့ ဆက်ဆံမှုတွေနဲ့အတူ နေထိုင်ခဲ့ရပါတယ်။

တရုတ်နိုင်ငံရှိ Henan ပြည်နယ်မှ Su Min အမည်ရှိတဲ့ အသက် (၅၆) နှစ်အရွယ် အိမ်ရှင်မတစ်ဦးဟာ အိမ်ထောင်သက်တမ်း အနှစ် (၃၀)မှာ ခင်ပွန်းကိုထားခဲ့ပြီး သူမဘဝကိုပြောင်းလဲပေးမယ့် ခရီးစဉ်ကို သူမကိုယ်တိုင် စဖောက်ပစ်လာခဲ့ပါတယ်။ Su Minရဲ့ခင်ပွန်းဟာဒေါသထွက်တဲ့အခါတိုင်း မကြာခဏဆိုသလို ရက်စက်ကြမ်းကြုတ်စွာ သူမကိုရိုက်နက်ခဲ့ပါတယ်။

မပျော်ရွှင်တော့တဲ့ အိမ်ထောင်ရေးကြောင့် သူမဟာ စိတ်ကျရောဂါအတွက် ဆေးဝါးတွေ သုံးစွဲခဲ့ရပြီး အဲ့လိုကိစ္စဖြစ်တိုင်း သူမရဲ့သမီးနဲ့မြေးတွေအတွက် သူမဒေါသကိုမျိုသိမ့် လာခဲ့ရပါတယ်။ Suဟာ ပြီးခဲ့တဲ့နှစ်က တစ်ညမှာ Online ဝတ္ထုတွေကို ရှာနေတုန်း ခရီးစဉ်အတွေ့အကြုံတွေကိုမျှဝေတဲ့ ဘလော့ဂါ တစ်ယောက်ကိုတွေ့ခဲ့ပြီး သူမလည်း အဲ့ဒီအရာကို လုပ်နိုင်လိမ့်မယ်လို့တွေးကာ သူမရဲ့မဟာစီမံကိန်းကို စတင်ခဲ့ပါတော့တယ်။

မြေးတွေ နေ့ကလေးထိန်းကျောင်းစတက်တာနဲ့တစ်ပြိုင်နက် သူမထွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ရင်း Su တစ်ယောက် တိတ်တဆိတ်နဲ့တစ်နှစ်ကြိုတင်ပြင်ဆင်ခဲ့ပြီး ခရီးစဉ်အကြံဉာဏ်တွေကို Online မှာရှာဖွေနေခဲ့ပါတယ်။

သူမအတွက် အသုံးဝင်တဲ့ ပစ္စည်းကိုတွေ့ရင် ချက်ချင်းဝယ်စုထားခဲ့ပြီး Su က ခရီးစဉ်အတွက် ငွေစုရင်း သမီးဖြစ်သူဆီ ကားတစ်စီးဝယ်ဖို့ငွေအချို့လည်းချေးယူခဲ့ပါသေးတယ်။

(၂၀၂၀) ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့မှာ သူမရဲ့မြေးကျောင်းစတက်နိုင်ပြီဆိုတာနဲ့ သူမရဲ့ဘဝပြောင်းလဲမှု ခရီးစဉ်ကိုစတင်ဖို့ အိမ်က ထွက်ခွာလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂)လအတွင်း သူမရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သူမရဲ့မှတ်တမ်းတွေကို အခြားအမျိုးသမီးတစ်ယောက်က ဖော်ပြပေးထားတာကို တွေ့ခဲ့ရပါတယ်။

Su က ခင်ပွန်းနဲ့အတူ ဆက်လက်နေထိုင်နေသေးရင် သူမသေသွားနိုင်တယ်လို့ ထင်တာကြောင့် ဒီခရီးစဉ်ကို ကိုယ်တိုင်စတင်ခဲ့ပြီရ အခုလက်ရှိမှာတော့ သူမဘဝဟာ ကျေနပ်ရောင့်ရဲမှုရှိပြီး ခံစားချက်လည်း အများကြီးပိုကောင်းလာတယ်လို့ ပြောထားပါသေးတယ်။

Suက သူမနဲ့ဘဝတူတဲ့ အခြားအမျိုးသမီးတွေကို အိမ်မှာဘဲနေပြီး ဒေါသထွက်ရင်း အချိန်တိုင်းညည်းညူနေတာက ဘာမှအကျိုးမထူးလာတာကြောင့် သူမလို အရဲစွန့်ပြီး စိတ်ထွက်ပေါက်ရအောင် ခရီးထွက်ကြဖို့ အကြံပေးခဲ့ပါသေးတယ်။

သူမကို ခင်ပွန်းအကြောင်းမေးတော့ သူမရဲ့မကျေနပ်မှုတွေက စာနာသနားမှုအဖြစ်သို့ပြောင်းလဲသွားတော့မှ သူမ ခင်ပွန်းဆီပြန်လာခဲ့မယ် လို့ ပြတ်ပြတ်ဘဲပြန်ဖြေလာခဲ့ပါတယ်။ ဖက်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂလာရှိသော နေ့လေး တစ်နေ့ ဖြစ်ပါစေ ခင်ဗျာ။

Source ; worldofbuzz