နိုင္ငံတကာသတင္း

အတန်းဖော်တွေကို ရေခဲထုပ်ရောင်းပြီး တက္ကသိုလ်တက်ရတဲ့ ကျောင်းသား

တက္ကသိုလ်ကျောင်းသားဘဝဟာ လူတော်တော်များများအတွက်တော့ တကယ့်ကို လွတ်လပ်ပြီး လူငယ်သဘာဝပျော်ပျော်ရွှင်ရွှင်လေးပဲ ဖြတ်သန်းကြပေမဲ့ ယခုပြောပြမဲ့ အသက် ၂၅နှစ်အရွယ် Joel Quitoriano ဆိုသူကတော့ တက္ကသိုလ်ကျောင်းသားဘဝကို အခြားသူတွနဲ့ ဖြတ်သန်းပုံချင်း မတူပါဘူး။ Quitoriano ရဲ့ မိဘတွေဟာ အငှားလယ်သမားအလုပ်ကို လုပ်ကိုင်ပြီး သူ့ကို တက္ကသိုလ်ကျောင်းရောက်ဖို့အတွက် ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်းတက္ကသိုလ်မှာ ဒုတိယနှစ်တက်ရောက်နေသူတစ်ဦးဖြစ်ပြီး အတန်းပြီးသွားရင်တော့ တစ်ဖက်တစ်လှမ်းက ဝင်ငွေရှာတဲ့အနေနဲ့ ရေခဲထုပ်ရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။

သူရဲ့ အတန်းချိန်ဟာ မနက် ၈ခွဲကနေ နေ့လည် ၁၂နာရီအထိ တက်ရပြီး အတန်းပြီးသွားရင်တော့ ကျောင်းဝန်ထဲရှိတဲ့ ကျောင်းသူကျောင်းသားတွေကို သူကိုယ်ထိုင် ထုပ်လုပ်ထားတဲ့ ရေခဲချောင်းကို လိုက်ရောင်းရပါတယ်။၏

ကျောင်းလာတဲ့ အချိန်တိုင်း သူလက်ထဲမှာ ရေခဲပုံးပါလာတတ်ပြီး ရောင်းလို့ရတဲ့ အမြတ်ငွေကိုတော့ သူ့ရဲ့ ကျောင်းစရိတ်အတွက်ပြန်ပြီး အသုံးချရပါတယ်။ ကျောင်းထဲရှိသူတွေက သူ့ရဲ့ လုပ်ရက်ကို ဂုဏ်ယူကြသလို Quitoriano ကိုယ်တိုင်ကလည်း သူ့ရဲ့ အလုပ်အတွက် ရှက်ကြောက်နေခြင်းမရှိပါဘူးလို့ ဆိုပါတယ်။ အတန်းဖော်တွေအားလုံးက သူ့ရဲ့ ဖောက်သည်တွေဖြစ်သလို သူ့ကိုလည်း တလေးတစား ဆက်ဆံကြပါတယ်။

သူက ပညာရေးကို တကယ်လိုလားတယ် ပြီးတော့ သူ့ရဲ့ မိသားစုကိုလည်း အရမ်း ထောက်ပံ့ပေးချင်စိတ်ရှိသူတစ်ဦးလို့ Quitoriano ရဲ့ အတန်းဖော်မိန်းကလေး Angle Apuya က ဆိုပါတယ်။

တခါတလေ သူငယ်ချင်းတွေက မင်းဒီလို ဈေးလိုက်ရောင်းနေရတာ မရှက်ဘူးလားလို့ မေးကြပါတယ်။အဲ့ဒီအခါ Quitoriano က ကိုယ့်မိဘကို ထောက်ပံ့ဖို့ဆိုရင် ဘယ်လိုအလုပ်မျိုးဘဲ လုပ်ရ လုပ်ရ ရှက်ကြောက်နေမှာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။

Quitoriano ရဲ့ ဆရာမ Joselito de la ကလည်း သူဟာ စာတော်တဲ့ကျောင်းသားတစ်ဦးဖြစ်သလို ပုံမှန်အတန်းတက်တဲ့ ကျောင်းသားတစ်ဦးပါလို့ ဆိုပါတယ်။

Quitoriano ရဲ့ အိမ်မက်တွေကတော့ အိမ်က မိသားစုကို ထောက်ပံ့ဖို့အတွက် ဘွဲ့ရပြီးရင် ခက်ခဲတဲ့ အလုပ်ပဲဖြစ်စေ၊ လွယ်ကူတဲ့အလုပ်ပဲဖြစ်စေ သူလုပ်နိုင်အောင် ကြိုးစားမယ်လို့ဆိုပါတယ်။

Unicode

တက္ကသိုလ်ကျောင်းသားဘဝဟာ လူတော်တော်များများအတွက်တော့ တကယ့်ကို လွတ်လပ်ပြီး လူငယ်သဘာဝပျော်ပျော်ရွှင်ရွှင်လေးပဲ ဖြတ်သန်းကြပေမဲ့ ယခုပြောပြမဲ့ အသက် ၂၅နှစ်အရွယ် Joel Quitoriano ဆိုသူကတော့ တက္ကသိုလ်ကျောင်းသားဘဝကို အခြားသူတွနဲ့ ဖြတ်သန်းပုံချင်း မတူပါဘူး။

Quitoriano ရဲ့ မိဘတွေဟာ အငှားလယ်သမားအလုပ်ကို လုပ်ကိုင်ပြီး သူ့ကို တက္ကသိုလ်ကျောင်းရောက်ဖို့အတွက် ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်းတက္ကသိုလ်မှာ ဒုတိယနှစ်တက်ရောက်နေသူတစ်ဦးဖြစ်ပြီး အတန်းပြီးသွားရင်တော့ တစ်ဖက်တစ်လှမ်းက ဝင်ငွေရှာတဲ့အနေနဲ့ ရေခဲထုပ်ရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။

သူရဲ့ အတန်းချိန်ဟာ မနက် ၈ခွဲကနေ နေ့လည် ၁၂နာရီအထိ တက်ရပြီး အတန်းပြီးသွားရင်တော့ ကျောင်းဝန်ထဲရှိတဲ့ ကျောင်းသူကျောင်းသားတွေကို သူကိုယ်ထိုင် ထုပ်လုပ်ထားတဲ့ ရေခဲချောင်းကို လိုက်ရောင်းရပါတယ်။၏

ကျောင်းလာတဲ့ အချိန်တိုင်း သူလက်ထဲမှာ ရေခဲပုံးပါလာတတ်ပြီး ရောင်းလို့ရတဲ့ အမြတ်ငွေကိုတော့ သူ့ရဲ့ ကျောင်းစရိတ်အတွက်ပြန်ပြီး အသုံးချရပါတယ်။

ကျောင်းထဲရှိသူတွေက သူ့ရဲ့ လုပ်ရက်ကို ဂုဏ်ယူကြသလို Quitoriano ကိုယ်တိုင်ကလည်း သူ့ရဲ့ အလုပ်အတွက် ရှက်ကြောက်နေခြင်းမရှိပါဘူးလို့ ဆိုပါတယ်။ အတန်းဖော်တွေအားလုံးက သူ့ရဲ့ ဖောက်သည်တွေဖြစ်သလို သူ့ကိုလည်း တလေးတစား ဆက်ဆံကြပါတယ်။

သူက ပညာရေးကို တကယ်လိုလားတယ် ပြီးတော့ သူ့ရဲ့ မိသားစုကိုလည်း အရမ်း ထောက်ပံ့ပေးချင်စိတ်ရှိသူတစ်ဦးလို့ Quitoriano ရဲ့ အတန်းဖော်မိန်းကလေး Angle Apuya က ဆိုပါတယ်။

တခါတလေ သူငယ်ချင်းတွေက မင်းဒီလို စျေးလိုက်ရောင်းနေရတာ မရှက်ဘူးလားလို့ မေးကြပါတယ်။အဲ့ဒီအခါ Quitoriano က ကိုယ့်မိဘကို ထောက်ပံ့ဖို့ဆိုရင် ဘယ်လိုအလုပ်မျိုးဘဲ လုပ်ရ လုပ်ရ ရှက်ကြောက်နေမှာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။

Credit-Nga Tay