သူများတွေထက် ဥာဏ်ရည်သာလွန်သူတစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းများ
တစ်ချို့လူတွေက ဥာဏ်ပိုကောင်းတယ်၊ တစ်ချို့တွေကျပြန်တော့ ဥာဏ်မကောင်းဘူး စသဖြင့် ပြောဆိုတာတွေ ကြားဖူးကြမှာပါ။
တကယ်တော့ ဥာဏ်ပိုကောင်းတယ်၊ မကောင်းဘူးဆိုတာကလည်း အလေ့အကျင့်လေးတွေနဲ့ ဆိုင်ပါတယ်။
ကျန်းမာတဲ့ ခန္ဓာကိုယ်ရဖို့ လေ့ကျင့်ခန်းတွေ လုပ်ပေးရသလိုပဲ ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ ပိုကောင်းလာဖို့ ဦးနှောက်လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
ဥပမာ – ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောာင်တာတွေကို အစီအစဉ်တကျ နေ့စဉ် လုပ်ဆောင်နိုင်ဖို့ မှတ်ထားတာ၊ ဘာလုပ်ပြီးရင် ဘာလုပ်မယ် စသဖြင့်ပေါ့ နောက်ပြီး ဦးနှောက်ပိုထက်မြက်လာဖို့ ဂိမ်းလေးတွေ ဆော့တာ စတဲ့ လေ့ကျင့်ခန်းေးလးတွေ လုပ်ပေးသင့်ပါတယ်။
(4) စာဖတ်ပါ
Khin
Unicode
သူများတွေထက် ဉာဏ်ရည်သာလွန်သူတစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းများ
တစ်ချို့လူတွေက ဉာဏ်ပိုကောင်းတယ်၊ တစ်ချို့တွေကျပြန်တော့ ဉာဏ်မကောင်းဘူး စသဖြင့် ပြောဆိုတာတွေ ကြားဖူးကြမှာပါ။
တကယ်တော့ ဉာဏ်ပိုကောင်းတယ်၊ မကောင်းဘူးဆိုတာကလည်း အလေ့အကျင့်လေးတွေနဲ့ ဆိုင်ပါတယ်။
တစ်ခြားသူတွေထက် ဉာဏ်ရည်ပိုင်း ပိုသာလွန်တဲ့သူ တစ်ယောက်ဖြစ်လာဖို့အတွက် တကယ်တော့ အရမ်းကြီး ခက်ခဲမနေပါဘူးနော်။ ဒီအချက်လေးတွေက သင့်ကို ကူညီပေးနိုင်ပါတယ်။
(1) ဦးနှောက်ကို နေ့စဉ် လေ့ကျင့်ခန်း လုပ်ပေးပါ
ကျန်းမာတဲ့ ခန္ဓာကိုယ်ရဖို့ လေ့ကျင့်ခန်းတွေ လုပ်ပေးရသလိုပဲ ဉာဏ်ရည်ပိုင်းဆိုင်ရာမှာ ပိုကောင်းလာဖို့ ဦးနှောက်လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
ဥပမာ – ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အစီအစဉ်တကျ နေ့စဉ် လုပ်ဆောင်နိုင်ဖို့ မှတ်ထားတာ၊ ဘာလုပ်ပြီးရင် ဘာလုပ်မယ် စသဖြင့်ပေါ့ နောက်ပြီး ဦးနှောက်ပိုထက်မြက်လာဖို့ ဂိမ်းလေးတွေ ဆော့တာ စတဲ့ လေ့ကျင့်ခန်းေးလးတွေ လုပ်ပေးသင့်ပါတယ်။
(2) ဂီတအေးအေးလေးတွေ နားထောင်ပါ
ဂီတသံစဉ် အေးအေးလေးတွေ နားထောင်ပေးခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်နှုန်းကို 15% အထိ တိုးမြှင့်စေပါတယ်တဲ့နော်။ ဒီတော့ တစ်ရက်ကို Mozart တို့လို တေးသွားတွေ မိနစ် နှစ်ဆယ်ကနေ သုံးဆယ်အထိ နားထောင်ပေးသင့်ပါတယ်။ ဒါက စိတ်ကိုအပန်းပြေစေဖို့ ဦးနှောက်စွမ်းရည် တိုးတက်လာစေမှာ ဖြစ်ပါတယ်။
(3) ကောင်းမွန်စွာ အိပ်စက်ပါ
ဦးနှောက်ကလည်း ကောင်းမွန်စွာ အိပ်စက်ပေးမှ လုပ်ဆောင်န်ိုင်စွမ်းတွေ ပိုတိုးမြှင့်စေတာ ဖြစ်ပါတယ်။ တစ်နေ့ကို ခုနှစ်နာရီ၊ ရှစ်နာရီအထိ အိပ်စက်ပေးဖို့လိုအပ်ပြီး စိတ်ပင်ပန်းမှုတွေနဲ့ စိတ်ဓာတ်ကျခြင်းတွေကို လျော့နည်းစေပြီး ဦးနှောက်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။
(4) စာဖတ်ပါ
စာဖတ်ခြင်း အလေ့အထဟာ ဦးနှောက်ရဲ့ စွမ်းရည်တွေကို ပိုပိုပြီး တိုးတက်လာစေတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်း အလေ့အထလေးကို မွေးမြူပြီး ကိုယ်အဆင်ပြေတဲ့ စာအုပ်တိုင်းကို ဖတ်ကြည့်သင့်ပါတယ်။ ဒါက မေ့လျော့တတ်ခြင်းကို ကုသပေးနိုင်သလို မှတ်ဉာဏ်စွမ်းအားကိုလည်း ပိုပိုတိုးလာစေပါတယ်။
Khin