အနုပညာသတင်း

ဒုတိယ​မြောက်ရင်​သွေး​လေးကိုလွယ်ထားရပြီဖြစ်တဲ့ အဆို​တော်ချမ်းချမ်း

အဆိုတော်ချမ်းချမ်းကတော့ ဒုတိယမြောက်ရင်သွေးလေးကို ရရှိတော့မှာဖြစ်လို့ ဝမ်းသာနေတာဖြစ်ပါတယ်။ သမီးလေးမြမိုးဂဂါင်္ရဲ့ တောင်းဆိုမှုနဲ့အတူ၊ ခြောက်နှစ်ကြာမှ ဒုတိယရင်သွေးလေးကိုကိုယ်ဝန်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

3.jpg

“ဘဝမှာ ပထမဆုံးသမီးလေးဂဂါင်္ကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာအခုတော့ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ရင်သွေးလေးကိုအောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ။ Covid ကာလမှာသမီးလေး အထီးကျန်စွာနဲ့အိမ်ထဲမှာ ပျင်းနေတာ ကိုမြင်ရတာစိတ်မချမ်းသာခဲ့ဘူး။ အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့အမေ့သမီးလေးတောင်းဆိုခဲ့တာဒီနှစ်တော့အဆိုးထဲကအကောင်းပါပဲ” လို့ အဆိုတော်ချမ်းချမ်းကသူမရဲ့ပေ့ခ်ျကနေ အသိပေးထားတာဖြစ်ပါတယ်။

2.jpg

ဒါ့အပြင်ခင်ပွန်းဖြစ်သူEnrico ကိုလည်းကျေးဇူးတင်ကြောင်းကို “အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ ဗိုက်ထဲက ကလေးလေးရဲ့ ဖေဖေ Enrico ကိုလဲကျေးဇူးအထူးတင်ပါတယ်။ လက်တွဲလာခဲ့တာ အချိန်၂နှစ်အတွင်းPositive အမြင်နဲ့ဘဝကိုဖြတ်သန်းဖို့သင်ကြားပေးတဲ့အတွက်ရယ်

1.jpg

ကျွန်မရဲ့ အတိတ်တွေ နားလည်ပေးပြီးကျွန်မနဲ့ သမီးလေးဂဂါင်္ကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ်တယောက်တည်း ပင်ပန်းနေချိန်တွေမှာ အစစအရာရာ နားလည်ခွင့်လွှတ်ဖေးမပေးလို့အတိုင်းမသိ ဝမ်းသာမိရပါတယ်။ကျေးဇူးလဲတင်တယ်” လို့ ထပ်မံရေးသားထားတာဖြစ်ပါတယ်။

Myanmar Idol Season-2 မှာ အကဲဖြတ်ဒိုင်အဖြစ် ချမ်းချမ်း ဘာကြောင့်မလုပ်ဖြစ်သလဲ

Myanma Platform