Test Kit များဖြင့် ကိုဗစ် ရောဂါ စစ်ဆေးခြင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကပင် အသိမှတ်ပြုထားခြင်းမရှိပဲ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လည်း အသိမှတ်မပြုပါကြောင်း အလွန်အန္တရာယ် ကြီးမားသည် ဟု ကျန်းမာရေးဝန်ကြီးဌာ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောသည်။
“ဒီကိစ္စတွေကို ကျွန်တော်တို့ဌာနက အသိအမှတ်မပြုထားပါဘူး WHO ကလည်း အသိအမှတ်မပြုထားပါဘူး။ ဒါတွေနဲ့ ဆောင်ရွက်နေတဲ့အခါကျတော့ အလွန်အန္တရာယ် အလွန်ကြီးပါတယ်။ ဒီကိစ္စက စတင်ယူတဲ့နေရာကစပြီးတော့ အန္တရာယ်ရှိပါတယ်။ ကျွန်တော်တို့စစ်ခဲ့တဲ့ Test တွေအားလုံးကတော့ WHO က အသိအမှတ်ပြုတဲ့ Test တွေနဲ့ စနစ်တကျစစ်ဆေး ဆောင်ရွက်တာဖြစ်ပါတယ် ၊ တချို့ပုဂ္ဂလိကတွေက ဒီ TestKits တွေကိုဝယ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ကို ကြော်ငြာပြီး ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါ Anti Body Test Kits နဲ့ယူပြီး စစ်နေတယ်လို့ ကျွန်တော်တို့ အထိုက်အလျောက်သိပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ယမန်နေ့ နိုင်ငံပိုင် သတင်းစာနှင့် အင်တာဗျူးတွင်ဖြေကြားထားသည်။
ကျန်းမာရေးဝန်ထမ်းများ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူသည့် နေရာတွင် လေ့ကျင့်ထားသည့် ၀န်ထမ်းများဖြင့် ဆောင်ရွက်ကာ ကူးစက်မှု ကင်းအောင် ဆောင်ရွက်ထားပြီး အသုံးပြုသည့် ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ခြင်းဖြစ်ပြီး ၊ စနစ်မကျ စွန့်ပစ်ခြင်းများကလည်း အိမ်သားအချင်းချင်း ပြန်လည် ကူးစက်နိုင်သည်ဟု သိရသည်။ နှာခေါင်း တို့ဖတ်အာခေါင်ဖတ်တို့ကို အိမ်သားအချင်းချင်း ညှာညှာ တာတာ နှိုက်ယူစစ်ဆေးခြင်းများ လုပ်နေပါက နည်းပညာပိုင်းအရ Negative ထွက်ဖို့က များသည်ဟု ၄င်းကဆိုသည်။
Positive အဖြေထွက်ခဲ့သည် ဆိုပါကလည်း ကျန်းမာရေးဌာန နှင့် ချိတ်ဆက်ဆောင်ရွက်ရန် အလွန်ရှုပ်ထွေး လာနိုင်ပြီး ယုံကြည်စိတ်ချရသည့် အာမခံချက် မရှိသည့် Test Kit များကို ပြည်သူလူထုအနေဖြင့် ရှောင်ရှားသင့်သည်ဟု ၄င်းကပြောသည်။
“ရောဂါလက္ခဏာပြလို့ ရရင် ဒါမှမဟုတ် ရောဂါရှိသူနဲ့ ထိတွေ့ခဲ့မယ်ဆိုရင် ကိုယ့်မြို့နယ်မှာရှိတဲ့ ကျန်းမာရေးဌာနကို ဖုန်းဆက်ပါ။ ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဝန်ထမ်းတွေက ဆက်လက်ဆောင်ရွက်ပေးမှာပါ”ဟု ၄င်းပြောကြားခဲ့သည်။
The Ladies News