ကရင်ပြည်နယ် ဘားအံမြို့သံလွင် မြစ်အရှေ့ဘက်ကမ်းဘေးတွင် မိဇံကျွန်း ဟိုတယ်နှင့် အပန်းဖြေစခန်းစီမံကိန်း လုပ်ဆောင်မည်ဖြစ်ကြောင်း ကရင်ပြည် နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာ ယာရေးဝန်ကြီးဦးသန်းနိုင်က ပြောသည်။
အဆိုပါ အပန်းဖြေစခန်းတွင် သံ လွင်မြစ်တစ်လျှောက် f trekking သွားလာ ခြင်း၊ Zipline စီးခြင်း၊ ကနူး၊ ကယက်လှေ လှော်ခြင်း၊ တောင်တက်ခြင်း၊ ရှုခင်းကြည့် ရှုခြင်း၊ ညနေခင်း နေဝင်ချိန်အလှကြည့် ခြင်း နှင့်
အခြားစိတ်ဝင်စားဖွယ်အစီအစဉ်များ လုပ်ဆောင်နိုင်ရန် ပြည်နယ်အစိုးရက
ဆောက်လုပ်ခွင့်ချထားပေးလိုက်ပြီ ဖြစ် ကြောင်း သိရသည်။
” စီမံကိန်းမှာ ဘန်ဂလို ၂၈ လုံး၊ အခန်းပေါင်း ၅၆ ခန်းပါမယ်။ လောလော ဆယ် ရှုခင်းတွေကြည့်လို့ရအောင် အ ဆောက်အအုံသုံးလုံးဆောက်ထားတာရှိတယ်။ ကျန်တာက ဆက်လုပ်နေတုန်းပါ။ ဘန်ဂလိုတွေကတောင်ခြေနားမှာဆောက် မှာပါ။
အပန်းဖြေစခန်းမှာ စိုက်ခင်းတွေရှိ မယ်။ စိုက်ခင်းတွေကနေ ကိုယ်တိုင်ချက် ပြုတ်စားသောက်နိုင်မယ့် အစီအစဉ်တွေ ပါမယ်။
ဂူ တွေကိုလည်းသွားရောက်လေ့ လာလို့ရမယ် ” ဟု ၄င်းကပြောသည်။
ဘားအံမြို့သို့ ခရီးသွားဝင်ရောက်မှု သည် ကိုဗစ်မတိုင်မီကာလက ဟိုတယ် အခန်းများ ပြည့်နှက်သည်အထိ ခရီးသွား လာရောက်လည်ပတ်မှု များပြားခဲ့ကြောင်း နှင့် ခရီးသွားအများစုသည် သဘာဝရှုခင်း အလှများ ခံစားနိုင်သော ဂူခရီးစဉ်များ၊
တောင်ဝိုင်းခရီးစဉ်၊ ဂျက်စကီးနှင့် Banana Boat များစီးနိုင်သည့်ချစ်သူမြိုင်ဥယျာဉ်၊
လွန်းညရေပြာအိုင်၊ ဇင်းကျိုက်ရေတံခွန် စသည့်နေရာများသို့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ကြောင်းသိရသည်။
PyiMyanmar