ဘယ်သူဘဲယူယူ ဘယ်သူဘဲခိုးခိုး ဘယ်သူဘဲဝှက်ဝှက် မူလတည်ရှိနေရာကို မပျက်မကွက် ပြန်ရောက်လာတဲ့ မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့ တလာခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ဆင်စွယ်တော်
(ဓာတ်ပုံ – မူရင်းဓာတ်ပုံပညာရှင်
စာစု – ဘားအံသားစစ္စစ္)
ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းက လေးတောခိုကျေးရွာမှာနေထိုင်ကြတဲ့ တာလခုန်းဘာသာဝင်တွေ သူတို့ရွာမှာ အထဋ်အမြတ်ထားကိုးကွယ်တဲ့ ရှေးဟောင်းဆင်စွယ်တော်ကို မသူတော်အချို့က သူတို့ပိုင်သလိုလိုဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီး လာရောက်ယူဆောင်တာတွေရှိခဲ့ပါတယ်။
လေးတောခိုရွာတည်ရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြန်မာဖက်ခြမ်းမှာတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တည်ရှိပါတယ်။
မသူတော်တွေဟာ ဆင်စွယ်တော်ကို ရေခြား မြေခြားထိတိုင်အောင် ယူဆောင်သွားတာမျိုးလည်းရှိခဲ့ပါတယ်။
သို့ပေမဲ့ အချိန်တန်တော့လည်း မူလတည်နေရာကိုဘဲ ပြန်လည်လို့ရောက်ရှိလာတာကတော့ ထူးခြားမှုဖြစ်စဉ်တရပ်ဖြစ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုကြပါတယ်။
သက်သတ်လွတ်စားတဲ့ တလာခုံးတွေကိုးကွယ်ကြတဲ့ ဆင်စွယ်တော်ကို အများပြည်သူတွေ မြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။
လေးတောခိုရွာက တလာခုံးဘာသာဝင်တွေဟာ လမ်းပန်းခရီးခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှာ သီးသန့်ရွာတည်ပြီး နေထိုင်ကြတာဖြစ်ပါတယ်။
အခုတော့ လေးတောခိုမှာနေထိုင်ကြတဲ့ တလာခုံးဘာသာဝင်အများစုဟာ ထိုင်းနိုင်ငံသားတွေဖြစ်နေကြပါပြီး။
သူတို့ပြောတဲ့စကားကတော့ ပိုးကရင်ဘာသာစကားဖြစ်ပါတယ်။
တလာခုံးဘာသာဝင် ကရင်လူမျိုးတွေကို လူသိများစေတာကတော့ မီးပုံပွဲပူဇော်ကျင်းပတာဘဲဖြစ်ပါတယ်။
မီးပုံပူဇော်တဲ့ပွဲတွေထဲမှာတော့ ကရင်ပြည်နယ်ကျုံဒိုးမြို့က မီးပုံပူဇော်ပွဲဆိုရင် ထူးခြားတဲ့ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာ အထူးထင်ရှား လူသိများပါတယ်။
တလာခုံးဘာသာဝင်တွေကနေ တာဝတိ ံသာမှာတည်ရှိတဲ့ စူဋ္ဌာမဏိဘုရားကို ရည်စူးပြီးတော့ကျင်းပကြတဲ့ မီးပုံပူဇော်ပွဲအကြောင်းကို သီးသန့်ရေးသားပါမည်။
Crd.