ပြည်တွင်းသတင်း

ရာသီဥတု ပြောင်းလဲမှု ဒဏ် ခံနိုင်ရည်ရှိရန် ဒိန်းမတ်က မြန်မာကိုအမေရိကန် ဒေါ်လာ ခုနှစ်သိန်း ကျော် ထပ်မံ ပံ့ပိုး ပေးသွားမယ်

ဒေါ်လာ ခုနှစ်သိန်း ကျော် ထပ်မံ ပံ့ပိုး ပေးသွားမယ်လို့သိရပါတယ်။

ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီတွေရှိစေရေး အစီအစဉ်အတွက်သစ်တောဦးစီးဌာနကို
ထပ်မံ ထောက်ပံ့ပေးသွားမယ်လို့ ဒိန်းမတ်သံရုံးရန်ကုန်ကထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသတွေမှာ ကမ်းရိုးတန်း ဒေသနေ လူထုတွေ
ရာသီဥတု ပြောင်းလဲမှု ဒဏ် ခံနိုင်ရည် ရှိမှု ပိုမိုအားကောင်းစေဖို့ သစ်တော ဦးစီးဌာနက

ဆောင်ရွက်ပေးလျက်ရှိတဲ့ အစီအစဉ်ကို ဒိန်းမတ်နိုင်ငံက အမေရိကန် ဒေါ်လာ
ခုနှစ်သိန်း ကျော် ထပ်မံ ပံ့ပိုး ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ကမ်းရိုးတန်း ဒေသလူထု ရာသီဥတု ပြောင်းလဲမှုနဲ့ အညီ လိုက်လျောညီထွေရှိစေရေး
အစီအစဉ်ဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေးမှာ

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မစ္စတာ ဂျွန်နေလ်ဆင်က အခုလို ထပ်မံ
ပံ့ပိုးသွားမယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က စတင်တဲ့ ငါးနှစ်တာ အစီအစဉ်အောက်မှာ ယနေ့အထိ
ကြိုးပြင် ကာကွယ်တော ဧက နှစ်သောင်း နီးပါး သတ်မှတ်ပြီး ဖြစ်ပါတယ်။

Myanmar Harp