ကျန်းမာရေး ပြည်တွင်းသတင်း

မိသားစု လေးယောက်မှ သုံးယောက်ကို လောကကြီးထဲက ခေါ်ထုတ်သွားခဲ့တဲ့ ကိုဗစ်

ဆေးရုံတတ်ခဲ့တဲ့ ရက် ၂၀ မှာ မျက်ဝါးထင်ထင် မြင်ခဲ့ရတာ ကိုဗစ်ဟာ သိပ်ကြောက်စရာကောင်းတယ် ဆိုတာပါပဲ။လူငယ်/လူကြီးမရွေး မျက်စိရှေ့တင် တဖြုတ်ဖြုတ် ကြွေလွင့်သွားကြတာ ဝမ်းနည်းစရာကောင်းလိုက်တာလေ။သားအမိ သားအဖ လေးဦး အောက်ဆီဂျင်ကျလို့ ဆေးရုံကိုရောက်လာတာ လမ်းလျှောက်ပြီး လာခဲ့ကြတာအောက်ဆီဂျင်ကျနေပေမယ့် မျက်နှာတွေရွှင်ရွှင်လန်းလန်းနဲ့ အခန်းထဲအတူတူနေရတော့စိတ်ချမ်းသာနေကြပုံပါပဲ။

ငွေကြေးလည်းပြေလည်သူတွေဆိုတာ ကြည့်တာနဲ့သိနေရတယ်။သူတို့တွေ ဆေးရုံရောက်ပြီး ၂ ရက်မြောက်မှာ အဖေရယ် သားရယ် သမီးရယ် သုံးယောက်ဟာ ရုတ်တရက်ဆီးချိုတွေမြင့်တက်လိုက် အောက်ဆီဂျင် level ထိုးကျလိုက်နဲ့ ဖြစ်တာ ဖြစတာလေ။PPE တွေဝတ်ပြီး ကုသမှုတွေ ဆက်တိုက် လုပ်ပေမယ့် နောက်တရက်မှာ သူတို့ ၃ ယောက်လုံးအခြေအနေမကောင်းတော့ပါဘူး ဘာရောဂါ အခံရှိလဲတော့ ကိုယ်လည်း မသိပါဘူး။

ကျန်နေတဲ့ အမေတယောက်က ကောင်းနေတာမို့ သူကို့ တခြားအခန်းရွေ့လိုက်ပြီး သိပ်မကြာခင်မှာပဲကျန်၃ယောက်လုံး ဟာ သေဆုံးကွယ်လွန် သွားပါတော့တယ် ရင်ထဲ ထိခိုက်လိုက်တာ မျက်ရည်ပါကျရပါတယ်။တယောက်တည်းကျန်ခဲ့တဲ့ အမေဟာ အိပ်ယာထဲဘုန်းဘုန်းလဲတော့တာ ဘယ်သူနဲ့မှ ဘာစကားမှမပြောဘာမှမစားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝနလန်မထူတော့ အဲ့ဒီ့နေရာမှာ ဆရာဝန်တွေကိုလေးစားရပါတယ် ဘာရောဂါအခံမှမရှိသူ ဆွဲခေါ်ရင်ပါ့မယ်သူဆိုတာ သူတို့ သိတဲ့ပုံပါပဲ။

အဲ့ဒီ့အမေ့ကို ဝိုင်းဝန်းကြတာ ဘေးကမျက်ရည်ကြရတယ် တကယ့်သွေးသားရင်းလို ထမင်းပါခွံ့ကျွေးတဲ့လူသားအချင်းချင်း မေတ္တာဟာ သိပ်ကို လှပကြီးကျယ် ခဲ့ပါတယ်။ မိသားစု လေးယောက်လာခဲ့ပြီးနောက်ဆုံးတယောက်ထဲ ကျန်ခဲ့တဲ့ အဲ့ဒီ့အမေ ကိုဗစ်ကို အောင်နိုင်ပြီး ဆေးရုံဆင်းသွား ခဲ့ပါတယ်။ကိုဗစ်ဟာ မာယာများသလို သိပ်ကို ကြောက်စရာကောင်းတယ်ဆိုတာလက်တွေ့ ကြုံတွေ့ခဲ့ရသူမို့ စနစ်တကျ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါလို့ မှာပါရစေ။Khin Thuzar Nwe

Unicode