ေရႊထက္တန္ဖုိးႀကီးတဲ့ ငါးႀကီးအန္ဖက္ကို ကံေကာင္းလြန္းစြာရရွိခဲ့တဲ့ ထုိင္းတံငါအုိ။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) အိႏၵိယငါးႀကီးအန္ဖက္ ေစ်းကြက္မွာေတာ့ ငါးႀကီးအန္ဖက္တစ္ကီလုိဂရမ္ဟာ ႐ူပီး (၁၀)သန္းေလာက္အထိ
တန္ေၾကးရွိတယ္လုိ႔ သိရပါတယ္။ ေဒၚလာအားျဖင့္ေတာ့ (၁၃၅၀၀၀)ဝန္းက်င္ ျဖစ္ပါတယ္။ ေစ်းကြက္အလုိက္ ေျပာင္းလဲတဲ့ တြက္ခ်က္မႈေတြေတာ့ ရွိႏုိင္ပါတယ္။ အခု တံငါသည္ရဲ႕ ငါႀကီးအန္ဖက္ကေတာ့ ေစ်းက ရွယ္ရဖုိ႔ရွိပါတယ္။ သူဟာ ေပါင္ခ်ိန္ (၂၂၀)အေလးခ်ိန္ရွိ
ငါးႀကီးအန္ဖက္ ဧရာမအတုံးအခဲႀကီးကုိ ကံေကာင္းစြာ ရရွိခဲ့တာပါ။ ကီလုိဂရမ္အရဆုိရင္ေတာ့ (၁၀၀)ကီလုိဂရမ္နီးပါး ျဖစ္ပါတယ္။ သူေကာက္ရတဲ့ ငါးႀကီးအန္ဘက္က အရည္အေသြးနဲ႔အဆီအႏွစ္ ျပည့္ဝေနတဲ့အတြက္ ေပါင္(၂.၄)သန္းအထိ တန္ေၾကးရွိပါတယ္။
ေဒၚလာအားျဖင့္ဆုိရင္ေတာ့ (၃၁၉၀၀၀၀) ဝန္းက်င္ ရွိပါတယ္။ ကံထူးခဲ့တဲ့ ထုိင္းတံအဖုိးအုိရဲ႕အမည္မွာ Naris Suwannasang ျဖစ္ပါတယ္။ အသက္(၆၀)ႏွစ္ျဖစ္ၿပီး၊ Nakhon Si Thammarat ကမ္းေျခတစ္ေလွ်ာက္မွာ လမ္းေလွ်ာက္စဥ္ ဒီဝါညစ္ညစ္ အတုံးႀကီးကို
ေကာက္ေတြ႕ခဲ့တာပါ၊ ငါးႀကီးအန္ဖက္ဆုိတာ ေဝလငါးရဲ႕ အန္ဖက္ျဖစ္ၿပီး၊ ဖေယာင္းကဲ့သုိ႔ အစုိင္အခဲမ်ိဳး ျဖစ္ပါတယ္။ ငါးႀကီးအန္ဖက္ဟာ ညႇီစုိစုိ အနံ႔ရွိၿပီး ကမာၻေက်ာ္ေရေမႊးေတြဟာ ငါးႀကီးအန္ဖက္နဲ႔ ထုတ္လုပ္ၾကလုိ႔ ယင္းေရေမႊးမ်ိဳးကလည္း ပုလင္းေသးေသး တစ္ပုလင္းကုိပင္
ေပါင္ ေသာင္းေက်ာ္တန္တာမ်ိဳး ရွိတတ္ပါတယ္။ ဒါေၾကာင့္လည္း ငါးႀကီးအန္ဖက္ကို တံငါသည္ေတြက “ပင္လယ္ျပင္ရဲ႕ရတနာခဲ”လုိ႔ တင္စားၾကတာပါ။ ငါးႀကီးအန္ဖက္ကို Ambergris လုိ႔ေခၚၿပီး၊ တခ်ိဳ႕တံငါသည္ေတြကေတာ့ ”ေရေပၚေမ်ာလာတတ္တဲ့ ေရႊခဲ”လုိ႔လည္း
တင္စားၾကပါတယ္၊ အမ်ားအားျဖင့္ေတာ့ ေရထဲကေန ေမ်ာလာတဲ့ ငါးႀကီးအန္ဖက္ထက္၊ ကုန္းေျမေသာင္စပ္မွာ တင္ေနတဲ့ ငါးႀကီးအန္ဖက္မ်ိဳးကို ေတြ႕ရမ်ားေလ့ရွိၿပီး၊ ဗဟုသုတမရွိသူေတြကေတာ့ ဆပ္ျပာအ႐ုိင္းတုံးနဲ႔ မွားတတ္ၾကပါသတဲ့။ Naris ကေတာ့ ခ်က္ခ်င္းပဲ ဒီအရာကို
တန္ဖုိးႀကီးတဲ့အရာမွန္း သိၿပီး၊ တူျဖစ္သူကို ေခၚကာ အိမ္ကို အျမန္သယ္လာခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ ငါးႀကီးအန္ဖက္ကို ခ်ိန္တြယ္ၾကည့္တဲ့အခါ အေလးခ်ိန္ ေပါင္ (၂၂၀)အထိရွိၿပီး၊ ေလာေလာဆယ္ေတာ့ ထုိင္းကုန္သည္တစ္ဦးက တစ္ကီလုိအတြက္ ထုိင္းဘက္
ေနာက္ဆုံးကမ္းလွမ္းထားတယ္လုိ႔ သိရပါတယ္။ Naris က သူတုိ႔ ငါးဖမ္းလုိ႔ရတဲ့ဝင္ေငြက တစ္လမွ ေပါင္(၅၀၀)ဝန္းက်င္ပဲ ရွိတယ္လုိ႔ေျပာပါတယ္။ သူကေတာ့ လက္ရွိအခ်ိန္ထိ ကၽြမ္းက်င္သူေတြရဲ႕ အကဲျဖတ္မႈကို ေမွ်ာ္ေနပါတယ္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္
ယူနီကုဒ်ဖြင့် ဖတ်ရန်
ရွှေထက်တန်ဖိုးကြီးတဲ့ ငါးကြီးအန်ဖက်ကို ကံကောင်းလွန်းစွာရရှိခဲ့တဲ့ ထိုင်းတံငါအို။ အိန္ဒိယငါးကြီးအန်ဖက် ဈေးကွက်မှာတော့ ငါးကြီးအန်ဖက်တစ်ကီလိုဂရမ်ဟာ ရူပီး (၁၀)သန်းလောက်အထိ
တန်ကြေးရှိတယ်လို့ သိရပါတယ်။ ဒေါ်လာအားဖြင့်တော့ (၁၃၅၀၀၀)ဝန်းကျင် ဖြစ်ပါတယ်။ ဈေးကွက်အလိုက် ပြောင်းလဲတဲ့ တွက်ချက်မှုတွေတော့ ရှိနိုင်ပါတယ်။ အခု တံငါသည်ရဲ့ ငါကြီးအန်ဖက်ကတော့ ဈေးက ရှယ်ရဖို့ရှိပါတယ်။ သူဟာ ပေါင်ချိန် (၂၂၀)အလေးချိန်ရှိ
ငါးကြီးအန်ဖက် ဧရာမအတုံးအခဲကြီးကို ကံကောင်းစွာ ရရှိခဲ့တာပါ။ ကီလိုဂရမ်အရဆိုရင်တော့ (၁၀၀)ကီလိုဂရမ်နီးပါး ဖြစ်ပါတယ်။ သူကောက်ရတဲ့ ငါးကြီးအန်ဘက်က အရည်အသွေးနဲ့အဆီအနှစ် ပြည့်ဝနေတဲ့အတွက် ပေါင်(၂.၄)သန်းအထိ တန်ကြေးရှိပါတယ်။
ဒေါ်လာအားဖြင့်ဆိုရင်တော့ (၃၁၉၀၀၀၀) ဝန်းကျင် ရှိပါတယ်။ ကံထူးခဲ့တဲ့ ထိုင်းတံအဖိုးအိုရဲ့အမည်မှာ Naris Suwannasang ဖြစ်ပါတယ်။ အသက်(၆၀)နှစ်ဖြစ်ပြီး၊ Nakhon Si Thammarat ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်စဉ် ဒီဝါညစ်ညစ် အတုံးကြီးကို
ကောက်တွေ့ခဲ့တာပါ၊ ငါးကြီးအန်ဖက်ဆိုတာ ဝေလငါးရဲ့ အန်ဖက်ဖြစ်ပြီး၊ ဖယောင်းကဲ့သို့ အစိုင်အခဲမျိုး ဖြစ်ပါတယ်။ ငါးကြီးအန်ဖက်ဟာ ညှီစိုစို အနံ့ရှိပြီး ကမ္ဘာကျော်ရေမွှေးတွေဟာ ငါးကြီးအန်ဖက်နဲ့ ထုတ်လုပ်ကြလို့ ယင်းရေမွှေးမျိုးကလည်း ပုလင်းသေးသေး တစ်ပုလင်းကိုပင်
ပေါင် သောင်းကျော်တန်တာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့်လည်း ငါးကြီးအန်ဖက်ကို တံငါသည်တွေက “ပင်လယ်ပြင်ရဲ့ရတနာခဲ”လို့ တင်စားကြတာပါ။ ငါးကြီးအန်ဖက်ကို Ambergris လို့ခေါ်ပြီး၊ တချို့တံငါသည်တွေကတော့ ”ရေပေါ်မျောလာတတ်တဲ့ ရွှေခဲ”လို့လည်း
တင်စားကြပါတယ်၊ အများအားဖြင့်တော့ ရေထဲကနေ မျောလာတဲ့ ငါးကြီးအန်ဖက်ထက်၊ ကုန်းမြေသောင်စပ်မှာ တင်နေတဲ့ ငါးကြီးအန်ဖက်မျိုးကို တွေ့ရများလေ့ရှိပြီး၊ ဗဟုသုတမရှိသူတွေကတော့ ဆပ်ပြာအရိုင်းတုံးနဲ့ မှားတတ်ကြပါသတဲ့။ Naris ကတော့ ချက်ချင်းပဲ ဒီအရာကို
တန်ဖိုးကြီးတဲ့အရာမှန်း သိပြီး၊ တူဖြစ်သူကို ခေါ်ကာ အိမ်ကို အမြန်သယ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ငါးကြီးအန်ဖက်ကို ချိန်တွယ်ကြည့်တဲ့အခါ အလေးချိန် ပေါင် (၂၂၀)အထိရှိပြီး၊ လောလောဆယ်တော့ ထိုင်းကုန်သည်တစ်ဦးက တစ်ကီလိုအတွက် ထိုင်းဘက်
(၉၆၀၀၀၀)အထိပေးပြီး ကမ်းလှမ်းထားပါသတဲ့။ အဆိုပါ ပမာဏဟာ ပေါင်အားဖြင့် (၂၃၇၄၀)ရှိပြီး၊ (၁၀၀)ကီလို ရှိတဲ့အတွက် ပေါင် (၂၃၇၄၀၀၀)အထိ ပေးမယ့်သဘောလို့သိရပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ အဲဒီပွဲစားက ပေါင် (၂.၄)သန်းအထိ ပေးမယ်လို့
နောက်ဆုံးကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ Naris က သူတို့ ငါးဖမ်းလို့ရတဲ့ဝင်ငွေက တစ်လမှ ပေါင်(၅၀၀)ဝန်းကျင်ပဲ ရှိတယ်လို့ပြောပါတယ်။ သူကတော့ လက်ရှိအချိန်ထိ ကျွမ်းကျင်သူတွေရဲ့ အကဲဖြတ်မှုကို မျှော်နေပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်