တပတ္ႏွစ္ခါပုံမွန္လုပ္႐ုံနဲ႔ မ်က္ႏွာညက္ညက္ေလးျဖစ္ၿပီး ဝက္ၿခံကင္းလာေစမယ့္နည္း
ေငြကုန္သက္သာၿပီး အိမ္မွာ အလြယ္တကူလုပ္ႏိုင္တဲ့ မ်က္ႏွာေပါင္းတင္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။
ေငြ ကုန္သက္သာၿပီး အိမ္မွာ အလြယ္တကူ ျပဳလုပ္ႏိုင္တယ္။ တစ္ပတ္ႏွစ္ခါ ပုံမွန္လုပ္ မ်က္ႏွာညက္ညက္ေလး ျဖစ္ၿပီး
ဝက္ၿခံေပ်ာက္ သြားမယ္။ မိတ္ကပ္စြဲလာမယ္။ အသားေလးက မြတ္ၿပီး ပန္းေရာင္သန္းလာ လိမ့္မယ္ …။
Step 1 – သံလြင္ဆီနဲ႔ တစ္မ်က္ႏွာလုံး ႐ြဲေနေအာင္ လူးၿပီး ႏွိပ္ထားပါ …။
Step 2 – ဆီေၾကာင့္ ေပ်ာ္သြားတဲ့ အညစ္အေၾကး မိတ္ကပ္အႂကြင္းအက်န္ေတြ တစ္ရႉးနဲ႔ပြတ္လိုက္ပါ။
ျပီးရင္ မ်က္ႏွာသစ္လိုက္ပါ …။
Step 3 – ေရေႏြးပြက္ပြက္ဆူ တဇလုံေလာက္ တည္ထားပါ။ မ်က္ႏွာသုတ္ပဝါေလး ေခါင္းေပါကေန အုပ္မ်က္ႏွာနဲ႔ ဇလုံထဲက ေရေႏြးေငြ႕ကိုခံပါ။
ေခြၽးေပါက္ေတြပြင့္ၿပီး ေခြၽးပုပ္ေတြ မ်က္ႏွာကေန ထြက္လာပါလိမ္႔မယ္ …။
Step 4 – ပ်ားရည္ သၾကား သံပုရာ ဆတူ တစ္မ်က္ႏွာစာ ေရာေမႊထားပါ …။
မ်က္ႏွာ အႏွံ႕လူးပါ။ မိနစ္ႏွစ္ဆယ္ထားပါ။ ၿပီးရင္ ေရေဆးခ်လိုက္ပါ …။
မ်က္ႏွာေလး ေခ်ာမြတ္သြားတာကို ေတြ႕ရပါလိမ္႔မယ္ …။
ပါးစပ္ထဲဝင္တာလည္း အရသာ ေကာင္းပါတယ္ေနာ္ …။ ။
Credit – မူရင္း
Unicode Version ဖြင့်ဖတ်ရန်
တပတ်နှစ်ခါပုံမှန်လုပ်ရုံနဲ့ မျက်နှာညက်ညက်လေးဖြစ်ပြီး ဝက်ခြံကင်းလာစေမယ့်နည်း
ငွေကုန်သက်သာပြီး အိမ်မှာ အလွယ်တကူလုပ်နိုင်တဲ့ မျက်နှာပေါင်းတင်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော် …။
ငွေ ကုန်သက်သာပြီး အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တယ်။ တစ်ပတ်နှစ်ခါ ပုံမှန်လုပ် မျက်နှာညက်ညက်လေး ဖြစ်ပြီး
ဝက်ခြံပျောက် သွားမယ်။ မိတ်ကပ်စွဲလာမယ်။ အသားလေးက မွတ်ပြီး ပန်းရောင်သန်းလာ လိမ့်မယ် …။
Step 1 – သံလွင်ဆီနဲ့ တစ်မျက်နှာလုံး ရွဲနေအောင် လူးပြီး နှိပ်ထားပါ …။
Step 2 – ဆီကြောင့် ပျော်သွားတဲ့ အညစ်အကြေး မိတ်ကပ်အကြွင်းအကျန်တွေ တစ်ရှူးနဲ့ပွတ်လိုက်ပါ။
ပြီးရင် မျက်နှာသစ်လိုက်ပါ …။
Step 3 – ရေနွေးပွက်ပွက်ဆူ တဇလုံလောက် တည်ထားပါ။ မျက်နှာသုတ်ပဝါလေး ခေါင်းပေါကနေ အုပ်မျက်နှာနဲ့ ဇလုံထဲက ရေနွေးငွေ့ကိုခံပါ။
ချွေးပေါက်တွေပွင့်ပြီး ချွေးပုပ်တွေ မျက်နှာကနေ ထွက်လာပါလိမ့်မယ် …။
Step 4 – ပျားရည် သကြား သံပုရာ ဆတူ တစ်မျက်နှာစာ ရောမွှေထားပါ …။
မျက်နှာ အနှံ့လူးပါ။ မိနစ်နှစ်ဆယ်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ …။
မျက်နှာလေး ချောမွတ်သွားတာကို တွေ့ရပါလိမ့်မယ် …။
ပါးစပ်ထဲဝင်တာလည်း အရသာ ကောင်းပါတယ်နော် …။ ။
Credit – မူရင်