ကျန်းမာရေး နိုင္ငံတကာသတင္း

လူတွေကို လင်းနို့ဗိုင်းရပ်စ်တွေပိုပြီး ကူးစက်ဦးမည်ဟုဝူဟန်ဧကရီမကြီး သတိပေး

ဝူဟန်ဆရာမကြီးလို့လည်း လူသိများတဲ့၊ လင်းနို့ဧကရီလို့လည်း အမည်ဆိုးထွက်နေတဲ့ ဒေါက်တာ ရှီကျန်လီ (Shi Zhengli)ကတော့ ကပ်ရောဂါနဲ့ နလံမထူနိုင်ဖြစ်နေတဲ့ ကမ္ဘာကြီးကို သတင်းဆိုးတစ်ခု ပြောလိုက်ပြန်ပါတယ်။ ကိုဗစ်နဲ့တူတဲ့ ကူးစက်ရောဂါတွေ ဆက်တိုက်လာနိုင်ပါသတဲ့။ သူမဟာ မကြာသေးခင်က တွေ့ရှိမှုတစ်ခုကို ထုတ်ပြန်ခဲ့တာပါ။တွေ့ရှိမှုအသစ်မှာတော့ ဆားစ်ရောဂါနဲ့ အလားသဏ္ဍာန်တူတဲ့၊

Sars-CoV-2 (လက်ရှိကိုဗစ်ရောဂါကိုဖြစ်စေတဲ့ဗိုင်းရပ်စ်) နဲ့ အလွန်နီးစပ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဟာ သဘာဝအတိုင်း ပျံ့နှံ့ပြီးနေလောက်ပြီလို့ ဆိုခဲ့တာပါ။ ကိုဗစ်ကပ်ကြီး အစောပိုင်းကတည်းက ဒီတွေ့ရှိမှုကို ဒေါက်တာရှီကျန်လီက ဖော်ထုတ်နိုင်ခဲ့တာပါ။ ဗိုင်းရပ်အသစ်တစ်မျိုးဟာ မြင်းခွာပုံစံလင်းနို့တွေဆီက ဗိုင်းရပ်စ်နဲ့ (၉၆)%အထိ တူပါသတဲ့။သူမဆိုလိုတာက ဒီဗိုင်းရပ်စ်ဟာ မြင်းခွာပုံလင်းနို့တွေဆီက ဖြစ်နိုင်သလို၊ ဗီဇအနည်းငယ်

 

ပြောင်းလဲနေတာမို့ စိုးရိမ်စရာအနေအထားကို ဖြစ်စေတယ်ဆိုတဲ့သဘောပါ။ မြင်းခွာပုံ လင်းနို့ဆီက ဗိုင်းရပ်စ်ဟာ သာမန်အားဖြင့် လူကို ဒုက္ခပေးဖို့ ခက်ခဲသော်လည်း ဗီဇပြောင်းဗိုင်းရပ်စ်ကတော့ လူကို အလွယ်တကူ တွယ်ကပ်ပြီး ဒုက္ခပေးနိုင်ပါတယ်။နောက်ပြီး အခုဖြစ်နေတဲ့ ဗိုင်းရပ်စ်နဲ့ အလားသဏ္ဍာန်တူကြတဲ့ အခြားလင်းနို့အခြေခံ ကိုရိုနာဗိုင်းရပ်စ်တွေကလည်း သူတို့တစ်တွေ သတိမထားမိခင်မှာ ပတ်ဝန်းကျင်ဆီကို ပျံ့နှံ့နေလောက်ပြီးပြီလို့ ဒေါက်တာရှီကျန်လီက ထင်ကြေးပေးပါတယ်။

သူမဟာ ဒီရှာဖွေမှုတွေကို တရုတ်နိုင်ငံ တစ်ခုတည်းမှာပင် လုပ်ခဲ့တာမဟုတ်ဘဲ၊ အာရှနိုင်ငံတော်တော်များများမှာ လုပ်ပြီးပါပြီတဲ့။ဒီပြောကြားချက်တွေကိုတော ပြင်သစ်ဆေးဘက်ဆိုင်ရာနှင့် ကုသရေးအကယ်ဒမီတွေက စီစဉ်ကျင်းပတဲ့ Webinar မှာ ထည်သွင်းပြောကြားခဲ့တာပါ။ ဒါပေမယ့် ပြောစရာရှိတဲ့အချက်က သူမတို့အဖွဲ့ဟာ တခြားဒေသတွေ နိုင်ငံတွေမှာ သုတေသနတွေပြုလုပ်ခဲ့တယ်ဆိုသော်လည်း ဝူဟန်နဲ့နီးစပ်တဲ့ မွေးမြုရေးခြံတွေမှာ ဒီလိုကပ်ပိုးတွေ ရှိမရှိရှာဖွေဖို့ကိုတော့ ပျက်ကွက်နေဆဲပါ။