ဘားအံမြို့တွင် ပေါင်းအိုးဖြင့် ထမင်းအိုးတည်ထားရာမှ ထမင်းပေါင်းအိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကာ နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းအချိန်က ပေါင်းအိုးဖြင့် ထမင်းအိုးတည်ထား ရာမှ ထမင်းပေါင်းအိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကာ နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့ ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၆)ရက်နေ့ နံနက် ၈နာရီ ၄၀ မိနစ်အချိန်ခန့်က ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရော်ဘာခြံ(၄)လမ်း နေ ဦးကျော်အေး(ခ)နိုလဟောက်၊ ၅၈နှစ်၏ နေအိမ်မီးဖိုချောင်တွင် ပေါင်းအိုးဖြင့်ထမင်းချက်ထားစဉ် ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
မီးလောင်သည့်နေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကရင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးစိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန်းဝင်းဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ
နံနက်၉နာရီခွဲ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရပြီး မီးလောင် သည့်နေရာသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မီးအားပေါ့ဆစွာ အသုံးပြု၍ နေအိမ်များအား လောင်ကျွမ်းပျက်စီးစေခဲ့သည့် အိမ်ပိုင်ရှင် ဦးကျော်အေး(ခ)နိုလဟောက် အား ဘားအံမြို့မရဲစခန်း(ပ)၄၀/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။
#ဘားအံသတင်