Zawgyi ဖြင့်ဖတ်ရန်
ဓာတ်လှေကားများပါဝင်သော ရန်ကုန်မြို့ပထမဆုံးသော မြေအောက်ဥမင်လူကူးစြင်္ကံလမ်း ဖွင့်လှစ်တော့မည်
ပြည်လမ်းမကြီးကိုဖြတ်၍ ပြည်လမ်း TTC ကျောင်း နှင့် Junction Square ဈေးဝယ်စင်တာတို့အားချိတ်ဆက်မည့် ရန်ကုန်မြို့၏ ပထမဆုံးဖြစ်သော မြေအောက်ဥမင်လူကူးစြင်္ကန်လမ်း (Underpass) စီမံကိန်းသည် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
ဥမင်အတွင်း ၂၄ နာရီဖွင့်လှစ်မည့် ဈေးဆိုင်အပါအဝင် ဆိုင်ခန်း ၁၈ ခန်း ထည့်သွင်းတည်ဆောက်ထားပြီး အချိန်ပြည့် လုံခြုံရေးချထားမည်ဖြစ်ကြောင်း၊ ရေဘေး မီးဘေး၊ မြေငလျင်ဘေးများအတွက်လည်း လုံခြုံရေးစနစ်များ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
ယင်းမြေအောက်လမ်းမှာ ဆိုင်ခန်းအပါ အကျယ် ၄၀ ပေ ၊ အမြင့် ၁၁ ပေရှိကာ အများပြည်သူ သွားလာရေးအဆင်ပြေစေရန် စက်လှေကား၊ ဓာတ်လှေကားများလည်း တပ်ဆင်ထားကြောင်း သိရသည်။အဆိုပါမြေအောက်လမ်းကို ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် လျာထားသည်။
Photo – Ye Naung
Unicode ဖြင့်ဖတ်ရ
ဓာတ်လှေကားများပါဝင်သော ရန်ကုန်မြို ့ပထမဆုံးသော မြေအောက်ဥမင်လူကူးစြင်္ကံလမ်း ဖွင့်လှစ်တော့မည်