ကျန်းမာရေး အနုပညာသတင္း ျပည္တြင္းသတင္း

လပြည့်နေ့ကရွှေတိဂုံဘုရားသွားပြီး ကောင်းမှုကုသိုလ်လုပ်ကာပြန်လာချိန်မှ မထင်မှတ်ပဲမျက်နှာတခြမ်း လေဖြန်းသွားခဲ့ရှာတဲ့ လူရွှင်တော်ကြီး ဦးငြိမ်းချမ်း

လူရႊင္ေတာ္ ၿငိမ္းခ်မ္းဟာ လက္ရွိမွာ ႐ုတ္တရက္ မ်က္ႏွာတစ္ျခမ္း ေလျဖန္းသြားတဲ့ ေဝဒနာကို ခံစားေနရတယ္လို႔ ဆိုပါတယ္။ ဒီလိုေလျဖန္းသြားခဲ့ရတဲ့ အေၾကာင္းအရင္းကိုလည္း ၿငိမ္းခ်မ္းက ေျပာျပခဲ့ပါတယ္။“ လျပည့္ေန႔တုန္းကဦးတို႔ခၽြန္တြန္းအဖြဲ႔က ဘုရားကိုမနက္(၆)နာရီေလာက္

အေရာက္သြားၾကမယ္ဆိုေတာ့ဦးကမနက္အိပ္ရာထရင္ ေရခ်ိဳးတတ္တဲ့အက်င့္ရွိတယ္၊ ဘုရားလည္းသြားမွာဆိုေတာ့ သန္႔သန္႔ရွင္းရွင္းျဖစ္ေအာင္ ေရခ်ိဳးလိုက္တယ္၊ ဘုရားက ျပန္လာၿပီးေတာ့ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းအတြက္ ကထိန္ခင္းလိုက္ေသးတယ္။ အဲဒီမွာဒံ​ေပါက္ေတာ့

နည္းနည္းစားခဲ့တယ္။ေသြးတိုး၊ ဆီးခ်ိဳ ဘာမွလည္းမရွိတဲ့အျပင္အရင္တုန္းကလည္း ဒံ​ေပါက္စားေနၾက ဘာမွ မျဖစ္ဘူး။ အရက္တို႔၊ ကြမ္းတို႔လည္း ဦးကမစားဘူး။ ဒန္ေပါက္ဆိုလည္း ဦးက တစ္ပြဲေတာင္ မကုန္ပါဘူး ၾကက္သားဆိုလည္း တစ္ဖဲ့ေလာက္ပဲစားျဖစ္ခဲ့တာ။ ညေနက်

အိမ္ျပန္ေရာက္ေတာ့ ပါးစပ္တစ္ျခမ္းက စကားေျပာရတာ တစ္မ်ိဳးႀကီးပဲေပါ့။ အရင္တုန္းက ဦးက လည္ေခ်ာင္းက အဆီအႀကိတ္ဖုကို ခြဲဖူးတယ္။ အဲဒီတုန္းက အာ႐ုံေၾကာထိၿပီး ပါးစပ္ရြဲ႕သြားဖူးတယ္။ အာ႐ုံေၾကာေဆးေသာက္လိုက္တာ ျပန္ေကာင္းသြားတယ္။ အခုလည္း

​ေလျဖတ္တယ္ဆိုတာမသိရေသးပဲ အာ႐ုံေၾကာျဖစ္တယ္ေအာက္ေမ့ၿပီး ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ ေဆး႐ုံကို သြားလိုက္တယ္၊ ေဆးလည္း ေပးလိုက္တယ္။ ရပ္ကြက္ထဲက ဆရာဝန္နဲ႔ ညေနပိုင္းတစ္ႀကိမ္ သြားျပေတာ့မွ ေလျဖန္းသြားတာ ဆိုတာ သိရတာ” လို႔ သူကဆိုပါတယ္။ ၿငိမ္းခ်မ္းရဲ့

က်န္းမာေရးအေျခအေနကို သိလိုက္ရတဲ့ ပရိသတ္ေတြကလည္း စိုးရိမ္တႀကီးနဲ႔ က်န္းမာေရးျပန္ေကာင္းလာဖို႔ ဆုေတာင္းခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။ ၿငိမ္းခ်မ္းကိုယ္တိုင္ကလည္း သူ႔ရဲ့က်န္းမာေရးအျမန္ဆုံးျပန္ေကာင္းလာဖို႔ ေဆးကုသမႈခံယူေနတယ္လို႔ ဆိုပါတယ္။“အခုေတာ့

ျမန္မာဆရာကိုလည္း ျပရတယ္၊ အဂၤလိပ္ဆရာကိုလည္း ျပရင္းေဆးကုသမႈ ခံယူေနပါတယ္။ အဂၤလိပ္ေဆးခန္းကေတာ့ အာ႐ုံေၾကာ အားေဆးေတြထိုးေပးတယ္။ ျမန္မာဆရာကေတာ့ ထိုးေဆးေတြေရာ၊ လိမ္းေဆးေတြေရာ၊ ေသာက္ေဆးေတြေရာေပးပါတယ္။ မ်က္ႏွာတစ္ျခမ္းေလျဖတ္

သြားေပမယ့္ေနာက္တစ္ျခမ္းနဲ႔ေတာ့ စကားေျပာလို႔ရပါေသးတယ္။ ပရိသတ္ရဲ့ ေစတနာ၊ေမတၱာေတြေၾကာင့္ မၾကာခင္မွာ ေနျပန္ေကာင္းလာမယ္လို႔ ယုံၾကည္ပါတယ္။ အားလုံးကိုလည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္”လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။ ဟာသသ႐ုပ္ေဆာင္

တစ္ဦးလည္းျဖစ္၊ လူရႊင္ေတာ္ တစ္ေယာက္လည္းျဖစ္တဲ့ ၿငိမ္းခ်မ္းရဲ့ အႏုပညာသက္တမ္းကေတာ့ ႏွစ္ ၃၀ေက်ာ္ကိုေရာက္ရွိလို႔ေနပါၿပီ။ သူ႔ကိုေတာ့ လူရႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ အရင္ဆုံး သိရွိခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြၾကားမွာေအာင္ျမင္ခဲ့တဲ့သူ႔ရဲ့

ဟာသေလးကေတာ့ ” ေသာက္မလားကို႔ေရခဲေရ ေရခဲေရ” ဆိုတဲ့ သူ႔ရဲ႕ပ်က္လုံးေလးဟာအခုခ်ိန္ထိ ပရိသတ္ေတြရဲ့ ပါးစပ္ဖ်ားမွာ ေရပန္းစားတုန္းပါပဲ။ အဲဒီေနာက္မွာေတာ့ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ကားႀကီးေတြမွာဟာသသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္လာတာကိုေတြ႔ရပါတယ္။

လူအမ်ားကို ျပဳံးေပ်ာ္ေစခဲ့တဲ့သူ အပူအပင္ ကင္းေစခဲ့တဲ့ ရယ္ေမာေစခဲ့တဲ့ လူရႊင္ေတာ္ႀကီး တစ္ေယာက္ ယခုေရာဂါကို အျမန္ဆုံး ေပ်ာက္ကင္းနိုင္ၿပီး က်န္းမာပကတိ ရွိပါေစေၾကာင္းဆုေတာင္းေမတၱာ ပို့သလိုက္ရပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

လူရွှင်တော် ငြိမ်းချမ်းဟာ လက်ရှိမှာ ရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားတဲ့ ဝေဒနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဒီလိုလေဖြန်းသွားခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း ငြိမ်းချမ်းက ပြောပြခဲ့ပါတယ်။“ လပြည့်နေ့တုန်းကဦးတို့ချွန်တွန်းအဖွဲ့က ဘုရားကိုမနက်(၆)နာရီလောက်

အရောက်သွားကြမယ်ဆိုတော့ဦးကမနက်အိပ်ရာထရင် ရေချိုးတတ်တဲ့အကျင့်ရှိတယ်၊ ဘုရားလည်းသွားမှာဆိုတော့ သန့်သန့်ရှင်းရှင်းဖြစ်အောင် ရေချိုးလိုက်တယ်၊ ဘုရားက ပြန်လာပြီးတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွက် ကထိန်ခင်းလိုက်သေးတယ်။ အဲဒီမှာဒံပေါက်တော့

နည်းနည်းစားခဲ့တယ်။သွေးတိုး၊ ဆီးချို ဘာမှလည်းမရှိတဲ့အပြင်အရင်တုန်းကလည်း ဒံပေါက်စားနေကြ ဘာမှ မဖြစ်ဘူး။ အရက်တို့၊ ကွမ်းတို့လည်း ဦးကမစားဘူး။ ဒန်ပေါက်ဆိုလည်း ဦးက တစ်ပွဲတောင် မကုန်ပါဘူး ကြက်သားဆိုလည်း တစ်ဖဲ့လောက်ပဲစားဖြစ်ခဲ့တာ။ ညနေကျ

အိမ်ပြန်ရောက်တော့ ပါးစပ်တစ်ခြမ်းက စကားပြောရတာ တစ်မျိုးကြီးပဲပေါ့။ အရင်တုန်းက ဦးက လည်ချောင်းက အဆီအကြိတ်ဖုကို ခွဲဖူးတယ်။ အဲဒီတုန်းက အာရုံကြောထိပြီး ပါးစပ်ရွဲ့သွားဖူးတယ်။ အာရုံကြောဆေးသောက်လိုက်တာ ပြန်ကောင်းသွားတယ်။ အခုလည်း

လေဖြတ်တယ်ဆိုတာမသိရသေးပဲ အာရုံကြောဖြစ်တယ်အောက်မေ့ပြီး ဦးနှောက်နဲ့ အာရုံကြော ဆေးရုံကို သွားလိုက်တယ်၊ ဆေးလည်း ပေးလိုက်တယ်။ ရပ်ကွက်ထဲက ဆရာဝန်နဲ့ ညနေပိုင်းတစ်ကြိမ် သွားပြတော့မှ လေဖြန်းသွားတာ ဆိုတာ သိရတာ” လို့ သူကဆိုပါတယ်။ ငြိမ်းချမ်းရဲ့

ကျန်းမာရေးအခြေအနေကို သိလိုက်ရတဲ့ ပရိသတ်တွေကလည်း စိုးရိမ်တကြီးနဲ့ ကျန်းမာရေးပြန်ကောင်းလာဖို့ ဆုတောင်းခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ငြိမ်းချမ်းကိုယ်တိုင်ကလည်း သူ့ရဲ့ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာဖို့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။“အခုတော့

မြန်မာဆရာကိုလည်း ပြရတယ်၊ အင်္ဂလိပ်ဆရာကိုလည်း ပြရင်းဆေးကုသမှု ခံယူနေပါတယ်။ အင်္ဂလိပ်ဆေးခန်းကတော့ အာရုံကြော အားဆေးတွေထိုးပေးတယ်။ မြန်မာဆရာကတော့ ထိုးဆေးတွေရော၊ လိမ်းဆေးတွေရော၊ သောက်ဆေးတွေရောပေးပါတယ်။ မျက်နှာတစ်ခြမ်းလေဖြတ်

သွားပေမယ့်နောက်တစ်ခြမ်းနဲ့တော့ စကားပြောလို့ရပါသေးတယ်။ ပရိသတ်ရဲ့ စေတနာ၊မေတ္တာတွေကြောင့် မကြာခင်မှာ နေပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်”လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ ဟာသသရုပ်ဆောင်

တစ်ဦးလည်းဖြစ်၊ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာအောင်မြင်ခဲ့တဲ့သူ့ရဲ့

ဟာသလေးကတော့ ” သောက်မလားကို့ရေခဲရေ ရေခဲရေ” ဆိုတဲ့ သူ့ရဲ့ပျက်လုံးလေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတုန်းပါပဲ။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရပါတယ်။

လူအများကို ပြုံးပျော်စေခဲ့တဲ့သူ အပူအပင် ကင်းစေခဲ့တဲ့ ရယ်မောစေခဲ့တဲ့ လူရွှင်တော်ကြီး တစ်ယောက် ယခုရောဂါကို အမြန်ဆုံး ပျောက်ကင်းနိုင်ပြီး ကျန်းမာပကတိ ရှိပါစေကြောင်းဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်