“လူတေယာက္ ေသရင္ ဘာယူ သြားနိုင္မွာလဲ?” (ပရဟိတ မင္းသားႀကီး ဦးေက်ာ္သူ “ေရွာ့” ရသြားတဲ့ နာေရးတခု”)
ကၽြန္ေတာ္”ေရွာ့” ျဖစ္သြားတဲ့ နာကူလမ္းေၾကာင္း တစ္ခု။
ယေန႔ ပုံမွန္အတိုင္း လူမ်ိဳးဘာသာ၊ဆင္းရဲခ်မ္းသာမေရြး နာေရးကူညီမႈလုပ္ငန္းအား တစ္သားထဲ ကူညီေဖးမျပဳလုပ္ခဲ့ရာ ေတာင္ဥက္
ကလာ(၆)ရပ္ကြက္ေန ဘဘဦးစိုးေမာင္ အသက္(၉၀)ႏွစ္၏က်န္ရစ္ေသာ ႐ုပ္ခႏၶာအား ေရေဝးသုႆန္သို႔သယ္ေဆာင္ေပးခဲ့ပါသည္။
ေရေဝးေရာက္ေသာအခါ ကာယကံရွင္ မ်ား၏ဆႏၵအရ မီးသၿဂႋဳလ္မႈ မျပဳခင္ ေနာက္ဆုံးအႀကိမ္အျဖစ္ကြယ္လြန္ သူ၏ ႐ုပ္ခႏၶာအား
ၾကည့္ရႈလိုသျဖင့္ မွန္အေခါင္းအဖုံးအားလွပ္ျပစဥ္ ကာယကံရွင္မိသားစုမွ အဘဦးစိုးေမာင္၏ ရင္ခြင္လက္ထဲတြင္ ရွိေနေသာ အ
ထုတ္တစ္ထုတ္အားဖြင့္၍ ကၽြန္ေတာ့္အား လွပ္ျပေသာ္ နာေရးကူညီမႈအသင္း(ရန္ကုန္) သို႔ ႏွစ္ေပါင္း(၁၀)ႏွစ္ ေက်ာ္ခန္႔က
စတင္၍လႉဒါန္းမႈ ျပဳထားေသာ ဂုဏ္ျပဳကဒ္ျပားမ်ား၊ မွတ္တမ္းဓါတ္ပုံမ်ားျဖစ္ ေနေတာ့သည္။
ဤတြင္ ကၽြန္ေတာ္မွ “ေအာ္ လူေတြ ေသဆုံးၾကရင္ ပိုင္ဆိုင္မႈေတြျဖစ္တဲ့ တိုက္၊ အိမ္၊ ကား၊ ပိုက္ဆံ၊ မိသားစု၊ သားသမီး၊ ဇနီး၊
အေပါင္းအသင္းမွန္သမၽွ အားလုံးကို ထားခဲ့ရတာ။ ဘဘကေတာ့ ပိုင္ဆိုင္မႈ အစစ္ေတြကိုအပါယူသြားနိုင္ခဲ့ၿပီ” ဟု ေျပာမိပါေတာ့သည္။
ဘဘဦးစိုးေမာင္၏ က်န္ရစ္ေသာ ခႏၶာကိုယ္ႏွင့္အတူ ဘဘ၏လႉဒါန္းမႈ မွတ္တမ္း ဂုဏ္ျပဳကဒ္မ်ားသည္လည္း မီးေတာက္မီးလၽွံ
မ်ားအတြင္း ေလာင္ၿမိဳက္ကာ ေရေဝးေခါင္းတိုင္မွ မီးခိုးေငြ႕မ်ား၊ ျပာမႈန္မ်ားအျဖစ္ ပါသြားရွာေလၿပီ။
သို႔ေသာ္ ေသရင္ မီးခိုးနဲ႔ျပာ။ ပါသြားမွာက ကုသိုလ္နဲ႔ အကုသိုလ္ ဟူေသာစကားအတိုင္း ဘဘဦးစိုးေမာင္ တစ္ေယာက္ ျမင့္ျမတ္ေသာ
ဘုံဗိမၼာန္မွ မိမိတို႔ေန႔စဥ္ျပဳခဲ့သမၽွ ကုသိုလ္အစုစုကို သာဓု သာဓု သာဓုဟု ေခၚဆိုေနမည္မွာ မုခ်ဧကန္ မလြဲေပ။ ဘဘ ဦးစိုးေမာင္
တစ္ေယာက္ ပိုင္ဆိုင္မႈအစစ္ေတြကို အမိအရယူသြားရွာ ခဲ့ေလၿပီ။
(ေက်ာ္သူ)
Unicode
ကျွန်တော်”ရှော့” ဖြစ်သွားတဲ့ နာကူလမ်းကြောင်း တစ်ခု။
ယနေ့ ပုံမှန်အတိုင်း လူမျိုးဘာသာ၊ဆင်းရဲချမ်းသာမရွေး နာရေးကူညီမှုလုပ်ငန်းအား တစ်သားထဲ ကူညီဖေးမပြုလုပ်ခဲ့ရာ တောင်ဥက္
ကလာ(၆)ရပ်ကွက်နေ ဘဘဦးစိုးမောင် အသက်(၉၀)နှစ်၏ကျန်ရစ်သော ရုပ်ခန္ဓာအား ရေဝေးသုဿန်သို့သယ်ဆောင်ပေးခဲ့ပါသည်။
ရေဝေးရောက်သောအခါ ကာယကံရှင် များ၏ဆန္ဒအရ မီးသြင်္ဂိုလ်မှု မပြုခင် နောက်ဆုံးအကြိမ်အဖြစ်ကွယ်လွန် သူ၏ ရုပ်ခန္ဓာအား
ကြည့်ရှုလိုသဖြင့် မှန်အခေါင်းအဖုံးအားလှပ်ပြစဉ် ကာယကံရှင်မိသားစုမှ အဘဦးစိုးမောင်၏ ရင်ခွင်လက်ထဲတွင် ရှိနေသော အ
ထုတ်တစ်ထုတ်အားဖွင့်၍ ကျွန်တော့်အား လှပ်ပြသော် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ နှစ်ပေါင်း(၁၀)နှစ် ကျော်ခန့်က
စတင်၍လှူဒါန်းမှု ပြုထားသော ဂုဏ်ပြုကဒ်ပြားများ၊ မှတ်တမ်းဓါတ်ပုံများဖြစ် နေတော့သည်။
ဤတွင် ကျွန်တော်မှ “အော် လူတွေ သေဆုံးကြရင် ပိုင်ဆိုင်မှုတွေဖြစ်တဲ့ တိုက်၊ အိမ်၊ ကား၊ ပိုက်ဆံ၊ မိသားစု၊ သားသမီး၊ ဇနီး၊
အပေါင်းအသင်းမှန်သမျှ အားလုံးကို ထားခဲ့ရတာ။ ဘဘကတော့ ပိုင်ဆိုင်မှု အစစ်တွေကိုအပါယူသွားနိုင်ခဲ့ပြီ” ဟု ပြောမိပါတော့သည်။
ဘဘဦးစိုးမောင်၏ ကျန်ရစ်သော ခန္ဓာကိုယ်နှင့်အတူ ဘဘ၏လှူဒါန်းမှု မှတ်တမ်း ဂုဏ်ပြုကဒ်များသည်လည်း မီးတောက်မီးလျှံ
များအတွင်း လောင်မြိုက်ကာ ရေဝေးခေါင်းတိုင်မှ မီးခိုးငွေ့များ၊ ပြာမှုန်များအဖြစ် ပါသွားရှာလေပြီ။
သို့သော် သေရင် မီးခိုးနဲ့ပြာ။ ပါသွားမှာက ကုသိုလ်နဲ့ အကုသိုလ် ဟူသောစကားအတိုင်း ဘဘဦးစိုးမောင် တစ်ယောက် မြင့်မြတ်သော
ဘုံဗိမ္မာန်မှ မိမိတို့နေ့စဉ်ပြုခဲ့သမျှ ကုသိုလ်အစုစုကို သာဓု သာဓု သာဓုဟု ခေါ်ဆိုနေမည်မှာ မုချဧကန် မလွဲပေ။ ဘဘ ဦးစိုးမောင်
တစ်ယောက် ပိုင်ဆိုင်မှုအစစ်တွေကို အမိအရယူသွားရှာ ခဲ့လေပြီ။
(ကျော်သူ)