နိုင္ငံတကာသတင္း

လက်တွေ့မောင်းနှင်နိုင်တဲ့ ကတ်ထူပြားမော်တော်ယာဉ်တို့ကို တီထွင်ဖန်တီးပြခဲ့တဲ့ လူငယ်တစ်စု (ရုပ်သံ)

ဗီယက်နမ်နိုင်ငံရှိ မော်တော်ဆိုင်ကယ် crazy လူငယ်အဖွဲ့ဟာ ဈေးကြီးတဲ့ပြိုင်ကားများ၊ ဆိုင်ကယ်များကို ကတ်ထူပြားဖြင့်ပုံတူပြုလုပ်ခဲ့ခြင်းကြောင့် အင်တာနက်မှာ လူသိများပြီး အောင်မြင်မှုတွေရရှိနေခဲ့ပါတယ်။သင့်ကိုယ်ပိုင် Ferrari ပြိုင်ကား သို့မဟုတ် Ducati မော်တော်ဆိုင်ကယ် ဝယ်ဖို့ အဆင်မပြေဖြစ်နေပါသလား။အဲ့လိုဆိုရင်တော့ ဒီလူငယ်တွေလို ဖန်တီးကြည့်လိုက်ပါ။NHẾT TV ဆိုတဲ့ YouTube channel နောက်ကွယ်ကလူငယ်တစ်စုဟာ သူတို့ရဲ့ကိုယ်ပိုင်သတ္တုအပိုင်းအစ နှင့် မော်တော်ဆိုင်ကယ်ရဲ့အစိတ်အပိုင်းတွေကို ကဒ်ထူပြားများအဖြစ် အစားထိုး အသုံးပြုခဲ့ကြပါတယ်။

သူတို့ဖန်တီးတဲ့ ဆိုင်ကယ်နဲ့ ကားတွေက ကြည့်ရတာကြောင်တောင်တောင်နိုင်ပေမဲ့ တကယ်တမ်းသူတို့ကြိုးစားပမ်းစား ပြုလုပ်ထားခဲ့ကြတာပါ။အများသုံးလမ်းပေါ် မှာ လက်တွေ့ မောင်းနှင်အသုံးပြုနိုင်တဲ့ကတ်ထူပြား Lamborghini ကား သို့မဟုတ် Ducati ကတ်ထူကိုယ်ထည်နဲ့ဆိုင်ကယ်တစ်စီး တို့ဟာ ကျွန်တော်တို့ တစ်ခါမှမမြင်ဖူးတဲ့အရာတွေမို့ အခုလို ပြုလုပ်နိုင်တာက အထင်ကြီးစရာပါဘဲ။အဆိုပါလူငယ်တွေဟာ ကတ်ထူပြားနှင့်သတ္တုအဟောင်းများဖြင့် ဈေးပေါတဲ့ဇိမ်ခံကားပုံတူတွေပြုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေကြပြီး အခုလိုလုပ်ရခြင်းက သူတို့အတွက် ပျော်ရွှင်မှုတစ်ခုလိုဖြစ်နေပုံပါဘဲ။

သူတို့ရဲ့ဗီဒီယိုဟာ အခုချိန်မှာတော့ ကြည့်ရှုသူတွေများပြားနေလျက်ရှိပြီး သူတို့ရဲ့ ပရိသတ်အများစုဟာ ဗီယက်နမ်လူမျိုးတွေဖြစ်ကြပေမဲ့လည်း အခုလို တော်လွန်းတဲ့သူတို့ရဲ့စွမ်းရည်တွေကို နိုင်ငံတကာက ပရိသတ်တွေလည်း ကျိန်းသေ အသိအမှတ်ပြုနေကြမှာပါ။ဒီလို လက်တွေ့မောင်းနှင်လို့ရတဲ့ ကတ်ထူပြားနဲ့ လုပ်ထားတဲ့ယာဉ်တွေကို စိတ်ကူးဖန်တီးနိုင်တဲ့ သူတို့ကိုတော့ လေးစားနေမိပါတယ်။သူတို့ရဲ့အခြားတီထွင်မှုတွေကိုလည်း အဆိုပါ channelမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Mia (Mckzone Daily)

Source : odditycentral

ဗီယက်နမ်နိုင်ငံရှိ မော်တော်ဆိုင်ကယ် crazy လူငယ်အဖွဲ့ဟာ စျေးကြီးတဲ့ပြိုင်ကားများ၊ ဆိုင်ကယ်များကို ကတ်ထူပြားဖြင့်ပုံတူပြုလုပ်ခဲ့ခြင်းကြောင့် အင်တာနက်မှာ လူသိများပြီး အောင်မြင်မှုတွေရရှိနေခဲ့ပါတယ်။သင့်ကိုယ်ပိုင် Ferrari ပြိုင်ကား သို့မဟုတ် Ducati မော်တော်ဆိုင်ကယ် ၀ယ်ဖို့ အဆင်မပြေဖြစ်နေပါသလား။အဲ့လိုဆိုရင်တော့ ဒီလူငယ်တွေလို ဖန်တီးကြည့်လိုက်ပါ။NHẾT TV ဆိုတဲ့ YouTube channel နောက်ကွယ်ကလူငယ်တစ်စုဟာ သူတို့ရဲ့ကိုယ်ပိုင်သတ္တုအပိုင်းအစ နှင့် မော်တော်ဆိုင်ကယ်ရဲ့အစိတ်အပိုင်းတွေကို ကဒ်ထူပြားများအဖြစ် အစားထိုး အသုံးပြုခဲ့ကြပါတယ်။