ရန်ကုန်၊ ၂၀၂၀၊ဒီဇင်ဘာ၇ရက်အမေရိကန်ဒေါ်လာ ၁၃မီလီယံကျော်ကုန်ကျမည့် ရေလမ်းကြောင်းအထောက်အကူပြုကိရိယာများ ရန်ကုန်မြစ်ကြောင်းအတွင်း တပ်ဆင်မည်ဖြစ်ကြောင်း myanmar project bankမှသိရသည်။
စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၃.၀၅မီလီယံ ကုန်ကျမည့်စီမံကိန်းကို ၂၀၁၉-၂၀မှစတင်၍ ၂၀၂၂-၂၃တွင်ပြီးစီးမည့် အဆိုပါစီမံကိန်း Project တွင် နိုင်ငံတကာ ရေကြောင်းစနစ် သတ်မှတ်ချက်များ နှင့်အညီ

ဆောင်ရွက်နိုင်ရန်အတွက် ရေလမ်းကြောင်း အထောက်အကူပြု ကိရိယာများဖြစ်သည့် မီးပြဗော်ယာများ၊ မီးပြတာဝါများ၊ ရေကြောင်း အချက်ပြ တာဝါများ အဆင့်မြင့်တင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းတို့ ပါဝင်သည်။
ရေလမ်းကြောင်းအတွင်း သွားလာမောင်းနှင်လျက်ရှိသော ရေယာဉ် များ၏ လမ်းကြောင်းနှင့်သွားလာမှုကို အလိုအလျောက် ပြသသောစနစ် ဖြစ် သည့် Automatic Identification System (AIS) စနစ်တပ်ဆင်ခြင်းလည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်မြစ်ကြောင်း သန်လျှက်စွန်း (Monkey Point) နှင့် ဆင်မင်းပွိုင့်(Elephant Point) နေရာ တို့ရှိ ၂၀၀၉ ခုနှစ်တွင် JICA ၏ အကူ အညီ အထောက်အပံ့ဖြင့် တပ်ဆင် ထားသည့်
ဒီရေတိုင်းကိရိယာများအား ကွန်ပျူတာစနစ်နှင့် မှတ်သားတိုင်းတာ သည့် ဒီရေတိုင်းကိရိယာများ အဖြစ် ပြန်လည်တပ်ဆင် တည်ဆောက်ခြင်းတို့လည်းပြုလုပ်မည်ဖြစ်သည်။

အဆိုပြုသည့် ရေလမ်းကြောင်း ကောင်းမွန်ရေး စနစ် အကောင်အထည်ဖော်ခြင်းဖြင့် ရန်ကုန် မြစ်ကြောင်းတစ်လျောက် ရေကြောင်းသွားလာရေး လုပ်ငန်းများအား အန္တရာယ်ကင်းရှင်းစွာနှင့် ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းMSDP နှင့် ကိုက်ညီမှုမဏ္ဍိုင် ၃ရပ်တွင် ပန်းတိုင်၂ စီးပွားရေးတည်ငြိမ်မှုနှင့် ခိုင်မာအားကောင်းသည့် မေခရိုစီးပွားရေး စီမံခန့်ခွဲမှု၊ပန်းတိုင် ၃အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးရေးတို့ကို အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။
