နိုင္ငံတကာသတင္း

မွေးကတည်းကလက်နှစ်ဖက်မပါခဲ့ပေမယ့်လည်း အခက်အခဲအားလုံးကိုကျော်ဖြတ်ရင်း တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ အသက်၂၀အရွယ်ကောင်လေး

မွေးကတည်းကလက်နှစ်ဖက်မပါခဲ့ပေမယ့်လည်း အခက်အခဲအားလုံးကိုကျော်ဖြတ်ရင်း တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ အသက်၂၀အရွယ်ကောင်လေး…

Huu Hanhအမည်ရှိတဲ့ အသက် ၂၀အရွယ် ဗီယက်နမ်ကောင်လေးတစ်ဦးဟာ မွေးရာပါ လက်နှစ်ဖက်မရှိပေမဲ့ ထူးချွန်ပြီးတောက်ပတဲ့အနာဂတ်ကို ဖန်တီးနိုင်စွမ်းရှိကြောင်း သက်သေပြနေပါတယ်။နည်းပညာအင်ဂျင်နီယာပိုင်းလျှောက်ထားတဲ့ Hoဟာ မကြာသေးခင်ကမှ Lac Hong တက္ကသိုလ်မှာဝင်ခွင့်ရကြောင်းလက်ခံစာရရှိခဲ့တာပါ။မွေးရာပါလက်နှစ်ဖက်မရှိတာကြောင့် Hoအတွက် မွေးရပ်မြေ Dong Nai ပြည်နယ်မှာကြီးပြင်းလာဖို့မလွယ်ကူခဲ့ရပါဘူး။

အမေဖြစ်သူက Hoဟာ ကလေးဘဝကတည်းက စက်ဘီးစီးဖို့ ကြိုးစားရင်းပြုတ်ကျတိုင်းဆေးရုံအကြိမ်ကြိမ်သွားခဲ့ရတာပါတဲ့။Hoဟာ အသက် ၅နှစ်အရွယ်ကတည်းက စက်ဘီးစီးတတ်နေပြီဖြစ်သလိုရေလည်းကောင်းကောင်းကိုကူးတတ်နေပါပြီ။ Hoဟာငယ်စဉ်ကခြေထောက်နှစ်ချောင်းနဲ့တူကိုဘယ်လိုကိုင်ဖို့၊ စာမျက်နှာနောက်တစ်ရွက်လှန်တတ်ဖို့ နဲ့ စာရေးတတ်ဖို့စတာတွေကို ကျောင်းမှာဘဲ ခက်ခက်ခဲခဲသင်ယူခဲ့ရတာပါ။

ဒါ့အပြင် သူ့ရဲ့ခြေချောင်းတွေနဲ့ကွန်ပျူတာစာရိုက်၊ ပုံဆွဲတာတွေနဲ့အခြားအရာတွေကို သာမန်လူတွေလက်ကို အသုံးပြုသလို သူလည်း ကြိုးစားအသုံးပြုခဲ့ရပါတယ်။ဒုတိယတန်းမှာ သူ့ရဲ့သပ်ရပ်လှပတဲ့အရေးအသားအတွက် ဆုရခဲ့ပြီးအတန်းတိုင်းမှာလည်းဆုတွေရရှိခဲ့ပါသေးတယ်။

ကျောင်းတက်စဉ် ကာလတစ်လျှောက်လုံး သူ့အတန်းဖော်တွေနဲ့ဆရာအချို့က သူ့ကို ပင်ဂွင်းလို့ ခေါ်ခဲ့ပြီး အိမ်
နီးချင်းတွေက monsterလို့နာမည်ပြောင်ပေးခဲ့ပါတယ်။ အဲ့တာတွေကလည်းသူ့ကိုယ်သူစိန်ခေါ်ဖို့နဲ့ ပင်ဂွင်းတွေလည်းပျံသန်းနိုင်ကြောင်း အခြားသူတွေကိုသက်သေပြဖို့လှုံ့ဆော်စေတဲ့အရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်၊ လာအိုနှင့်ကမ္ဘောဒီးယားတာဝန်ရှိကုမ္ပဏီရဲ့ဒေသဆိုင်ရာဒါရိုက်တာနဲ့တွေ့ဆုံခဲ့ပြီးနောက် Hoဟာတစ်နေ့ Google မှာအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ရင်း အိမ်မက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ယုံကြည်ထောက်ပံ့ပေးတဲ့လူတွေတိုးများလာသရွေ့တော့ဒီပင်ဂွင်းလေး သူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့အလှမ်းဝေးနေအုံးမှာမဟုတ်ပါဘူး။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

credit –