အနုပညာသတင္း ျပည္တြင္းသတင္း

ဆုရရှိတဲ့ ငွေကြေးတွေကို အလှူလုပ် ဖို့ ရည်ရွယ်ထားတဲ့ ဖြိုးမြတ်အောင်

ဆုရရွိတဲ့ ေငြေၾကးေတြကို အလႉလုပ္ ဖို႔ ရည္ရြယ္ထားတဲ့ ၿဖိဳးျမတ္ေအာင္

ၿဖိဳးျမတ္ေအာင္ဟာ Shwe FM က ခ်ီးျမႇင့္ထားတဲ့ ဆုေၾကးေငြေတြကို အလႉအတန္းေတြ လုပ္သြားမယ္လို႔ ဆိုပါတယ္။

အဆိုေတာ္ ၿဖိဳးျမတ္ေအာင္ကေတာ့ Shwe FM (၁၁) ႏွစ္ျပည့္ ဂီတဆုေပးပြဲႀကီးကေန ခ်ီးျမႇင့္တဲ့ ပရိသတ္ ေတာင္းဆိုမႈ အမ်ားဆုံး

အမ်ိဳးသားေတးသံရွင္ဆုကို ရရွိခဲ့တာပါ။ ဒီ ဆုခ်ီးျမႇင့္ပြဲက ရတဲ့ ဆုေၾကးေတြကိုလည္း အလႉအတန္းေတြ လုပ္သြားမယ္လို႔ Duwun ကို ေျပာပါတယ္။

“ အခုေခတ္ကာလႀကီးထဲမွာ ဆုေတြ အျပင္ ေငြသားပါ ခ်ီးျမႇင့္ေပးတဲ့အတြက္လည္း တကယ္ကို ဝမ္းသာမိတယ္။ ကိုယ္လည္း လႉခ်င္

တဲ့ ေနရာေလးေတြရွိရင္ လႉရမွာေပါ့ေနာ္။ ၾကဳံရင္ ၾကဳံသ လို လႉမွာပါ ဒီဆုရရင္ ဒီေနရာကို လႉမယ္ဆိုၿပီးေတာ့ သတ္သတ္မွတ္မွတ္

ထားတာမ်ိဳးေတာ့ မ ရွိ ပါဘူး။ ကၽြန္ေတာ့္ စိတ္ထဲမွာ ေပၚလာရင္ ေပၚလာသလိုမ်ိဳး လႉသြားဖို႔ေတာ့ စိတ္ကူးထားပါ တ ယ္” လို႔ သူက ဆိုပါတယ္။

ၿဖိဳးျမတ္ေအာင္ဟာ အဆိုေတာ္ တစ္ေယာက္အျဖစ္ ဂီတလမ္းေၾကာင္းေပၚကို ေရာက္ရွိလာတာ (၂) ႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။ သူ

ကိုယ္တိုင္ကလည္း အဆိုေတာ္မျဖစ္ခင္က ၿဖိဳးျမတ္ေအာင္နဲ႔ ကြာျခားသြားတာေလးေတြ ရွိတယ္လို႔ ဆိုပါတယ္။

“ ဂီတလမ္းေၾကာင္းေပၚေရာက္လာတဲ့ ၂ ႏွစ္အတြင္းမွာလည္း ေနမႈထိုင္မႈေလးေတြ ကၽြန္ေတာ္ သိလာတယ္။ အစပိုင္းကေတာ့

ကၽြန္ေတာ္ က်င္လည္လာခဲ့ရတဲ့ ပတ္ဝန္းက်င္နဲ႔မတူေတာ့ ေန သားမက်ဘူး။ အရင္တုန္းကဆိုရင္ ကိုယ္က ေျချမန္ လက္ျမန္သမား၊

ကိုယ့္ကို ၾကည့္ရင္ေတာင္ မႀကိဳက္ဘူး။ ဒါေပမယ့္ အခုလို အခ်ိန္မွာ အရာရာကို သည္းခံလာတယ္၊ နားလည္လာတယ္။ ကၽြ န္ေတာ့္

ကို လူတစ္ေယာက္က ေျပာဖူးတယ္ အေနအထိုင္ေတြ၊ အက်င့္စရိုက္ေတြ ေျပာင္းလဲလာ ရင္ လူတစ္ေယာက္ရဲ့ ဘဝကလည္း

ေျပာင္းလဲ လာတယ္တဲ့။ အဲဒီအတိုင္း ကၽြန္ေတာ္ ေနထိုင္လို က္ တဲ့ အခါမွာ တကယ္ပဲ ျဖစ္လာခဲ့တယ္။ စကားေျပာတာ ဆိုတာကအစ

ေျပာင္းလဲလာတယ္ ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

ၿဖိဳးျမတ္ေအာင္ ကိုေတာ့ Myanmar Idol (Season 3) Winner တစ္ေယာက္အျဖစ္ ပရိ သ တ္ ေတြ စတင္အားေပးခဲ့ၾကတာ ျဖစ္ပါ

တယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ့ ဂီတေျခလွမ္းေတြ ကိုအ ေသးစိတ္ျမင္ေတြ႕လာရတာျဖစ္ပါတယ္။ Myanmar Idol က ေနရရွိလာတဲ့

ဆုေငြေတြကို လ ည္း ၿဖိဳးျမတ္ေအာင္က အလႉအတန္းေတြ အဆက္မျပတ္ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ အႏု ပ ညာအလုပ္အျပင္

ပရဟိတအလုပ္ေတြကိုပါ ဦးစားေပး လုပ္ကိုင္တတ္တဲ့ ၿဖိဳးျမတ္ေအာင္က ဘာ သာေရး ကိုင္းရွိုင္းသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။

ၿပိဳင္ပြဲၿပီးကတည္းက ဘာသာေရးနဲ႔ ပတ္ သက္ၿပီး အားသြန္ခြန္စိုက္လုပ္ကိုင္လ်က္ရွိတဲ့ ၿဖိဳးျမတ္ေအာင္ဟာ အလုပ္ေတြ ရႈပ္ေနတဲ့ အခ်ိ

န္မွာေတာင္ ဘာသာေရးနဲ႔ ပတ္သက္ၿပီး ပုံမွန္လုပ္ျဖစ္ေနတယ္လို႔ သိရပါတယ္။

Unicode

ဆုရရှိတဲ့ ငွေကြေးတွေကို အလှူလုပ် ဖို့ ရည်ရွယ်ထားတဲ့ ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်ဟာ Shwe FM က ချီးမြှင့်ထားတဲ့ ဆုကြေးငွေတွေကို အလှူအတန်းတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

အဆိုတော် ဖြိုးမြတ်အောင်ကတော့ Shwe FM (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲကြီးကနေ ချီးမြှင့်တဲ့ ပရိသတ် တောင်းဆိုမှု အများဆုံး

အမျိုးသားတေးသံရှင်ဆုကို ရရှိခဲ့တာပါ။ ဒီ ဆုချီးမြှင့်ပွဲက ရတဲ့ ဆုကြေးတွေကိုလည်း အလှူအတန်းတွေ လုပ်သွားမယ်လို့ Duwun ကို ပြောပါတယ်။

“ အခုခေတ်ကာလကြီးထဲမှာ ဆုတွေ အပြင် ငွေသားပါ ချီးမြှင့်ပေးတဲ့အတွက်လည်း တကယ်ကို ဝမ်းသာမိတယ်။ ကိုယ်လည်း လှူချင်

တဲ့ နေရာလေးတွေရှိရင် လှူရမှာပေါ့နော်။ ကြုံရင် ကြုံသ လို လှူမှာပါ ဒီဆုရရင် ဒီနေရာကို လှူမယ်ဆိုပြီးတော့ သတ်သတ်မှတ်မှတ်

ထားတာမျိုးတော့ မ ရှိ ပါဘူး။ ကျွန်တော့် စိတ်ထဲမှာ ပေါ်လာရင် ပေါ်လာသလိုမျိုး လှူသွားဖို့တော့ စိတ်ကူးထားပါ တ ယ်” လို့ သူက ဆိုပါတယ်။

ဖြိုးမြတ်အောင်ဟာ အဆိုတော် တစ်ယောက်အဖြစ် ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိလာတာ (၂) နှစ်ကျော်လာပြီဖြစ်ပါတယ်။ သူ

ကိုယ်တိုင်ကလည်း အဆိုတော်မဖြစ်ခင်က ဖြိုးမြတ်အောင်နဲ့ ကွာခြားသွားတာလေးတွေ ရှိတယ်လို့ ဆိုပါတယ်။

“ ဂီတလမ်းကြောင်းပေါ်ရောက်လာတဲ့ ၂ နှစ်အတွင်းမှာလည်း နေမှုထိုင်မှုလေးတွေ ကျွန်တော် သိလာတယ်။ အစပိုင်းကတော့

ကျွန်တော် ကျင်လည်လာခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့မတူတော့ နေ သားမကျဘူး။ အရင်တုန်းကဆိုရင် ကိုယ်က ခြေမြန် လက်မြန်သမား၊

ကိုယ့်ကို ကြည့်ရင်တောင် မကြိုက်ဘူး။ ဒါပေမယ့် အခုလို အချိန်မှာ အရာရာကို သည်းခံလာတယ်၊ နားလည်လာတယ်။ ကျွ န်တော့်

ကို လူတစ်ယောက်က ပြောဖူးတယ် အနေအထိုင်တွေ၊ အကျင့်စရိုက်တွေ ပြောင်းလဲလာ ရင် လူတစ်ယောက်ရဲ့ ဘဝကလည်း

ပြောင်းလဲ လာတယ်တဲ့။ အဲဒီအတိုင်း ကျွန်တော် နေထိုင်လို က် တဲ့ အခါမှာ တကယ်ပဲ ဖြစ်လာခဲ့တယ်။ စကားပြောတာ ဆိုတာကအစ

ပြောင်းလဲလာတယ် ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ဖြိုးမြတ်အောင် ကိုတော့ Myanmar Idol (Season 3) Winner တစ်ယောက်အဖြစ် ပရိ သ တ် တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါ

တယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေ ကိုအ သေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့

ဆုငွေတွေကို လ ည်း ဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနု ပ ညာအလုပ်အပြင်

ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာ သာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ် သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိ

န်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။