ပြည်တွင်းသတင်း

နေစရာမြေမရှိသူများကို သူဌေးတစ်ဦးက ၂၃၇ ဧက အကျယ်အဝန်းတွင် ရွာသုံးရွာ တည်ပေးမည်

နေစရာမြေမရှိသူများကို သူဌေးတစ်ဦးက ၂၃၇ ဧက အကျယ်အဝန်းတွင် ရွာသုံးရွာ တည်ပေးမည်

မွန်ပြည်နယ်၌ နေစရာမြေမရှိသူများကို ဒေ သခံသူဌေး ဦးခွေးက ၎င်းပိုင် ရော်ဘာစိုက် ခင်း ၂၃၇ ဧကတွင် ရွာသုံးရွာ တည်ပေးမည်ဖြစ်ကြောင်း

သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက စံတော်ချိန်သို့ ဒီဇင်ဘာ ၁၆ ရက်တွင် ပြောသည်

မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တစ်ရက်သွားတွေ့ကြတယ်။ ပုံစံ(၇)ထုတ်ပေးဖို့က အစိုးရက စီမံချက် အကြီးကြီးတွေနဲ့ဆုံရင်

ပေးမှာမဟုတ်ဘူး။သူတို့မှာအိုးအိမ်စီမံချက် ကြီးတွေ ရှိထားမယ်ဆိုရင်၊ အဲဒါ သွားစုံစမ်းတာ၊

ပြည်နယ်အစိုးရ စီမံချက်ဆွဲထားတဲ့အထဲ မပါဘူး’ဟု ဦးဉာဏ်ဟိန်းက ပြောသည်။

တည်မည့်ရွာများမှာမွန်ပြည်နယ်မုဒုံမြို့တွင် တစ်ရွာတည်မည်ဖြစ်ပြီးယင်းရွာသည် ပြည် ထောင်စုကားလမ်းမကြီးဘေး

တစ်ဖာလုံခန့် ဝင်ရမည်ဖြစ်ကြောင်း၊ သံဖြူဇရပ်မြို့တွင် နှစ်ရွာတည်မည်ဖြစ်ကာ တစ်ရွာသည် သံဖြူဇရပ်နှင့်

ဘုရားသုံးဆူကားလမ်းဘေးတွင် တည်မည်ဖြစ်ကာ နောက်တစ်ရွာသည်သံဖြူဇရပ်နှင့် ရေးကားလမ်းနံဘေးတွင်တည်ဆောက်မည် ဖြစ်ကြောင်း ဦးဉာဏ်ဟိန်းက ပြောသည်။

‘မြေစာရင်းနဲ့တိုင်းပြီး အကွက်တွေပါရိုက်မှာ။ လျှောက်လွှာတင်တဲ့လူ မဲနှိုက်ယူပေါ့။

မိသားစုသုံးထောင်လောက် နေစရာရသွားမယ်။ ရွာနာမည်ကတော့ ဦးခွေး၊ ဒေါ်ရွေး ရွာလို့ ပေးမယ်စိတ်ကူးတယ်’ဟု ဦးဉာဏ်ဟိန်းက ပြောသည်။

ဒေသခံသူဌေး ဦးခွေးသည် ရော်ဘာခြံဧကများစွာပိုင်ဆိုင်ပြီး သားသမီးများကိုလည်း အမွေပေးထားပြီးဖြစ်ကြောင်း၊

အိမ်ရာများနေထိုင်ခွင့်ကို ရောင်းစားမည်စိုးရိမ်၍ ၁၀ နှစ်စာချုပ်ဖြင့်ထားမည်ဖြစ် ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၏ အကျယ်အဝန်းသည် ၃၂၇ စတုရန်းမိုင်ရှိ၍ ကျေးရွာအုပ်စု ပေါင်း ၂၁ ရွာပါဝင်ပြီး

မြို့နယ်တစ်ခုလုံးတွင် လူဦးရေ ၁၇၀၄၈၀ (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ) ရှိကြောင်း သိရသည်။

အများစုမှာ မွန်တိုင်းရင်းသားများနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်း၊ ရော်ဘာစေး လုပ်ငန်း၊ ထင်းလုပ်ငန်း၊ ဆားချက်လုပ်ငန်းတို့ကို လုပ်ကိုင်ကြကြောင်း သိရသည်။

သတင်း – တေဇာဘုန်းမြင့်