အနုပညာသတင်း ပြည်တွင်းသတင်း

အွန်လိုင်းပေါ်မှာ အရမ်းကိုနာမည်ကြီးနေတဲ့ မောင်းဆိုင်းသမား၊ လူကြီးတွေ နဲ့ ရင်ပေါင်တန်းပီး တီးပြခဲ့တဲ့ ကလေးငယ် (ရုပ်သံ)

အွန်လိုင်းမှာကြည့်ရှု့ သူဦးရေ 5 သိန်း ကျော်သွားတဲ့ ကလေး မောင်းဆိုင်းသမား၊ လူကြီးတွေ နဲ့ ရင်ပေါင်တန်း ပီးတီးပြ (ရုပ်သံ)

ဒီဗွီယိုဖိုင်လေးဟာ ဆိုရင်လည်း ကြည့်ရှု့ သူဦးရေ 5 သိန်း ကျော်သွာခဲ့ပီဖြစ်ပါတယ်။ တောရွာတစ်ရွာက ပွဲတစ်ပွဲမှာ ဖျော်ဖြေဧည့်ခံနေတဲ့ ရွာဒိုးဝိုင်းလေး တစ်ခုဖြစ်ပါတယ်။ထူးခြားတာက အခြားသော တီးမှုတ်သူတို့မှာ လူကြီးများဖြစ်ပီး မောင်းဆိုင်းတီးခတ် သူမှာတော့ 6 7 နှစ်လောက် သာရှိသေးမယ့် ကလေးငယ်လေးဖြစ်နေတာဖြစ်ပါတယ်။ဒီလိုအရွယ်လေးက လူကြီးတွေနဲ့ ရင်ပေါင်တန်းပီး စည်းဝါးကျကျ မောင်းဆိုင်းကို တီးခတ်ပြသွားတာ တစ်ကယ်တော် လွန်းပါတယ်။

ကိုယ်တွေဆို သံစဉ်ကိုလိုက်တီးဖို့ စည်းဝါးကိုက်အောင်တီးနိုင်ဖို့ ဆိုတာထားအုံး မောင်းပေါ်က ဘုလေးတွေကို မြန်မြန်ဆန်ဆန် မလွဲမချော် ဖြစ်အောင် မတီးနိုင်ပါဘူး။ဆိုလိုချင် တာကမောင်းဆိုင်းပညာဆိုတာ အမြင်လွယ်သလောက် အရမ်းခက် ခဲတယ် ဆိုတာကိုပါ။ အခုတော့ ကလေးတစ်ယောက်က ပေါ့ပေါ့ ပါးပါး နဲ့ အမှားမပါ ကျွမ်းကျင်စွာတီးခတ်ပြသွားတာ နည်းတဲ့စကေးမ ဟုတ်ပါဘူး။ ဒီလို မြန်မာ့ရိုးရာ ဂီတတွေကို မျိုးဆက်သစ် လူငယ်လေးတွေ စိတ်ဝင်းစာ၊

တော်ကြတာဟာ မြန်မာ့အနာဂတ် မြန်မာ့ယဉ်ကျေးမ ှုတွေအတွက် အားအင်တွေဖြစ် ပါတယ်။ဒီလိုကလေးမျိုးတွေ အများကြီးလိုအပ်နေတာဖြစ်ပါတယ်။ အခုလို တော်တဲ့ ကလေးတွေကို ကျွန်တော်တို့အားပေးဂုဏ်ယူရမှာ မြန်မာဆိုတဲ့ စိတ်ဓာတ်ကြောင့်ပါ။ကဲ ပရိတ်သတ်ကြီး ပြောပြတာထက် သာတယ်ဆိုတာ မယုံရင် အောက်က ဗွီယိုလေးသာဖွင့်ကြည့် လိုက်ပါ။

တစ်ခုတော့ ရှိတာပေါ့ဗျာ ဒီကလေးဟာ ဆရာသမားနဲ့ အဆင့်မြင့်မြင့်သင် ထားတာမဟုတ်လို့ နေရာ တစ်ကာ ပရော်ဖက်ရှင်နယ် ဆိုတာကြီးနဲ့တော့ မတိုင်းတာစေ ချင်ပါဘူး။ဒါပေမယ့် ဒီလိုကလေးတွေကို စနစ်တကျ ပြည့်ပြည့် စုံစုံနဲ့သာ ပြုစုပျိုးထောင် သင်ကြားပေးမယ် ဆိုရင်တော့ ဂီတပညာ ရှင်ကြီးတွေဖြစ် မလာဘူးလို့ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒီလိုအရွယ် ဒီလိုအနေ ထားနဲ့ ဒီအတိုင် းအတာထိ တော်နေတာကို ပြောချင်တာသာဖြစ်ပါကြောင်း…..။ ဗွီယိုလေးကိုအောက်ဆုံးမှာဖော်ပြပေးထားပါတယ်။

Video Player

00:00
03:04