အနုပညာသတင်း ပြည်တွင်းသတင်း

The Voice Myanmar season -3 ရဲ့ Winner ဆုကို ပြိုင်ပွဲဝင် N Oo L ကဆွတ်ခူး

The Voice Myanmar season -3 ရဲ့ Winner ဆုကို ပြိုင်ပွဲဝင် N Oo L ကဆွတ်ခူး

ပြိုင်ပွဲဝင် လေးဦး စလုံးဟာ အကောင်းဆုံးနဲ့ ယှဉ်ပြိုင် ခဲ့ကြပေမယ့် နောက်ဆုံး Winner ဆုကြီးကို တော့ Rဇာနည် ရဲ့ Team က ပြိုင်ပွဲဝင် N Oo L ကနေပြီး ဆွတ်ခူး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

The Voice Myanmar ပြိုင်ပွဲကြီးရဲ့ Season -1 နဲ့ Season -2 မှာ Winner ဆုကို အမျိုးသား အ ဆိုရှင် များက ရရှိပိုင်ဆိုင် ခဲ့တာ ဖြစ်သလို ဒီနှစ် Season –3မှာလည်း အမျိုးသား အဆိုရှင်ကပဲဆုရရှိခဲ့တာကို တွေ့ရပါတယ်။

ပြိုင်ပွဲဝင် များကို Winner ဆုအဖြစ် ရွေးချယ်ရာတွင် မိမိအားပေးသည့် ပြိုင်ပွဲဝင် ဆုရရှိရန် အတွက် ပရိသတ်တွေ ကလဲ voteပေးကာ ရွေးချယ်ကြရ မည်ဖြစ်သည်။

Team ကိုယ်စားပြု ပြိုင်ပွဲဝင် များသည် Blind Audition၊ Battle Round၊ Knock Out Round Live Show နှင့် Semi Final အဆင့်ဆင့်ကို ဖြ တ် ကျော်ပြီး Final အဆင့်ကို တက်လှမ်းနိုင်ခဲ့သူများဖြစ်သည်။

ဒီနှစ်ရဲ့ Winner ဆုရှင်ကလည်း ပရိသတ်တွေ အကြိုက်နဲ့လဲ ထပ်တူ ကြခဲ့တယ်လို့ ဆိုရမှာပါ The Voice Myanmar Season – 3 ပြိုင်ပွဲမှာ Winner ရရှိတဲ့ N Oo L ကတော့ ဆုကြေးငွေ ကျပ်သိန်းနှစ်ရာ အပြင်ကို FG Enter tainment နဲ့ သီချင်းခွေ ထုတ်ခွင့် ရမှာ ဖြစ်သ လို MG Brand ကားတစ် စီးကိုလဲ ရရှိပိုင် ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ခ ရက် ဒစ် Du wun cele yat kwat.

(Unicode version)






