ကူးစက်နှုန်း အဆ (၇၀) အထိ မြန်တဲ့ မျိုးဗီဇပြောင်း စူပါကိုဗစ်ပိုးကို အင်္ဂလန်မှာ အသစ်တွေ့ရှိ
အင်္ဂလန်မှာ ကိုဗစ်မျိုးဗီဇပြောင်းပိုး ကူးစက်နှုန်း အဆ(၇၀)အထိ မြန်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါပိုးဟာ မျိုးစိတ်အမျိုးမျိုးပြောင်းလဲခဲ့တာကနေ အခုနောက်ဆုံး အင်္ဂလန်ကမီဒီယာတွေက စူပါကိုဗစ်လို့ခေါ်တဲ့ မျိုးကွဲပိုးဟာ (၁၇) ခုမြောက် မျိုးစိတ်ကွဲလို့ သိရပါတယ်။
အဲဒီပိုးဟာ လန်ဒန်မြို့ကြီးမျာ တော်တော်ပျံ့နှံ့နေသလို နိုင်ငံရဲ့အရှေ့တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာလည်း အများဆုံးပျံ့နှံ့နေပါတယ်။
ဒါကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ သူ့ကျန်းမာရေးသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်ကို ပြည်သူတွေဆီ သတင်းစာရှင်းလင်းပွဲလုပ်ချိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရစ္စမတ်နဲ့ နှစ်သစ်ကူးနေ့တွေမှာလည်း အတင်းကျပ်ဆုံးစည်းမျဉ်းတွေအောက်မှာနေထိုင်ဖို့နဲ့ ပွဲတော်တွေရှောင်ဖို့ ပြောခဲ့ပါတယ်။
ဒီလိုစည်းကမ်းလိုက်နာတာဟာ ချစ်တဲ့သူတွေကို ဂရုစိုက်ရာရောက်ကြောင်းနဲ့ နောက်နှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတွေမှ ပြန်ပြီးတွေ့ဆုံပျော်ရွှင်ကြဖို့ ဘောရစ်ဂျွန်ဆင်က ပြည်သူတွေကို ပန်ကြား ပြောဆိုခဲ့ပါတယ်။
အခုအချိန်မှာ ကိုဗစ်ကူးစက်မှုနှုန်းကို ဒေသအလိုက် အဆင့်သုံးဆင့်ခွဲထားရာက အဆိုးရွားဆုံးအဆင့် နယ်မြေအဖြစ် စတုတ္ထမြောက်အဆင့်ကိုပါ ပြဋ္ဌာန်ချက်ထုတ်ပြန်ခဲ့ပါတယ်
ကူးစက်နှုန်းသက်သာတဲ့ ပထမအဆင့်နယ်မြေတွေမှာ သင့်တော်တဲ့ခရစ္စမတ်မိသားစုတွေ့ဆုံပွဲ တွေကို စည်းကမ်းနဲ့အညီ လုပ်ခွင့်ပေးထားပါတယ်။
အဆင့်လေးသတ်မှတ်ခံရတဲ့ အနီရောင်ယ်မြေမှာနေထိုင်သူတွေကတော့ ခရစ္စမတ်နေ့ဖြစ်ဖြစ် တခြားဘယ်ရက်မှာဖြစ်ဖြစ် နေအိမ်ပြင်ပမှာဘယ်သူနဲ့မှ မတွေ့ရဘူးလို့ အမိန့်ထုတ် ပြန်ထားပါတယ်။
အင်္ဂလန်မှာတော့ ကိုဗစ်ကူးစက်ခံရသူ န်း(၂၀)ကျော်နေပြီး သေဆုံးသူကတော့ ခြောက်သောင်းကျော် ရှိနေပါတယ်။