စောရွွှေဘ အလီ ဆိုတာဒေဝ ရဲ့ အိမ်မက်တွေ & စျေးကွက်တွေရိုက်ချိုးမယ့်သူဖြစ်လာမလား …
သူဟာ မွေးထိုင်းမှာကျင်လည်ခဲ့သူဖြစ်သလိုရိုးရာလက်ဝှေ့ကိုပြည်တွင်းဝင်ရောက်အနီးကပ်ပညာရှင်ဆရာရန်ကုန်အောင်ဒင်ထံသင်ယူခဲ့ပြီး
ရိုးရာလက်ဝှေ့သမား မင်းမောင်မောင် (တောင်ကလေး)ပိုက်ထွေး ( သထုံ ) အား ဘတပြန် ကျားတပြန်စိန်ခေါ်ထိုးသတ်ပြီး ရိုးရာပရိတ်သတ်အကြိုက်တွေ့နေရင်း….
ရိုးရာကြိုးဝိုင်းတွင်ကြိုးဒိုင်စည်းကမ်းကိုမျှတမှုမရှိလို့ဆိုကာငြင်းဆန်ပြီးကြိုးဝိုင်းပေါ်ကဆင်းသွားခဲ့လို့ရိုးရာလူကြီးများကြားက ပြည်ဝင်ကစားခွင့်ပိတ်ခံရတဲ့စောရွှေဘ တစ်ယောက် ပြည်တော်ပြန်ဝင်ပြီးရွှေရာမာန် နှင့် ဆုံတွေ့ဖို့ ပရိုမိုတာတစ်ချို့ကြံရွယ်ပြန်လည်းသူ့ရဲ့အိမ်မက်စိတ်ကူးယဉ်တွေက
ဒေဝ ရဲ့ လေကြွယ် သေးသွယ်သွယ် ခြေသလုံးတွေကိုအပြီးကန်ချိုးမယ်လို့ သူ့ရဲ့ဖေ့ဘု်စာမျက်နှာပေါ်ကအမြဲတိုက်ခိုက်လာတဲ့ သူ့ရဲ့ဟန်ပန်တွေကြားရိုးရာပရိတ်သတ်တွေတောင် ကြာလာတော့စိတ်လှုပ်ရှားဖွယ်ရှိလာပါတယ်။
သူဟာ အရပ်အမောင်းကောင်းပြီး အလွတ်တန်းကီလိုအထိကစားနိူင်ပြီး
သူ့ရဲ့ ထိုးလုံးသတ်ကွက်တွေဟာလည်းဖိုက်တာဆန်ဆန် လျှင်မြန်စွာဝင်ရောက်တိုက်ခိုက်သူဒေဝ ဟာလက်ရှိလက်ဝှေ့ဘုရင်ဖြစ်နေရင်တောင်ရွှေဘ ဟာ ဘုရင်ကိုနန်းချပြီး နန်လုမယ့် အိမ်ရှေ့မင်းသားလို့ဆိုအပ်နေပြန်ပြီ။
ကြိုးဝိုင်းဟာသချင်္ာတပုဒ်လို အပေါင်းအနုတ်လုပ်ရခက်တာကြောင့် ဘယ်သူရဲ့့ မြင်းရှေ့ရောက်မလည်းပြိုင်ကွင်းရောက်မှ သိကြရအောင် သူ့ပရိတ်သတ်ကိုယ့်ပရိတ်သတ်ကြား ရွှေဘ ဟာလည်း အလကားသက်သက်စိန်ခေါ်ခြင်းမျိုးမဟုတ်နေရာတစ်ခုနာမည်တစ်ခု ကြိုးဝိုင်းပေါ်မှာလုဖို့ကြေးစကားမပြော တကယ်ထိုးမလားမေးတိုင်းဒေဝ တုတ်တုတ်မှ မလှုပ်တာ စဉ်းစားစရာအချက်
credit နိူင် လင်း ထွန်