အနုပညာသတင္း

ကြည့်မိသူတိုင်းအသည်းတယားယားဖြစ်နေကြတဲ့ ကျော်ထက်အောင်နဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ အချစ်ပုံရိပ်တစ်ချို့

ကြည့်မိသူတိုင်းအသည်းတယားယားဖြစ်နေကြတဲ့ ကျော်ထက်အောင်နဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ အချစ်ပုံရိပ်တစ်ချို့

” သဝန်တိုတာချစ်လို့ ” ဆိုတဲ့ သီချင်း MV လေးကို ကျော်ထက်အောင်နဲ့အတူတူ ရိုက်ကူးထားတဲ့ ဖြူဖြူတစ်ယောက် သူမတို့နှစ် ယောက်ရဲ့ ရိုက်ကွင်းပေါ်က ရိုဆန်ဆန်ပုံရိပ်လေးတွေကို မကြာခဏဆိုသလို ဝေမျှတတ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မနက်ခင်းမှာ အိပ်ယာလာနှိုးတဲ့ ချစ်သူနဲ့ ကြည်နူးပီတိဖြာနေတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်း နှစ်ယောက်သားရဲ့ ပုံလေးတွေကိုကြည့်ပြီး စနောက်နေခဲ့ကြပါသေး တယ်။ တကယ့်ချစ်သူ တွေလို ပီပြင်အောင်သရုပ်ဆောင်ထားကြတဲ့ နှစ်ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေအပြင် သီချင်းအသစ်လေးကိုလည်း နားဆင်ဖို့အတွက် အားလုံးက မျှော်တလင့်လင့်ဖြစ်နေကြပါပြီ။

ရိုက်ကွင်းထက်က ပုံရိပ်လေးတွေကို ” ခေးက sleeping beauty လေးပါပေါ့ ရွှေမင်းသားလေးက ဘယ်သူလဲ သိချင်ရင်တော့ ကွကိုယ်သွားမေးကြနော် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဒီ MV လေး ထွက်လာရင်တော့ ဘယ်လိုတွေ အပြတ်အသတ် Ro ထားတယ်ဆိုတာ အပြည့်အဝ ကြည့်ရတော့မှာပါ ပရိသတ်ကြီးရေ။

Happy – Cele Zone

Photo – Phyu Phyu Kyaw Thein