ဂျာမန်ဆေးကုမ္ပဏီ BioNTech က သူတို့ထုတ်ထားတဲ့ ကာကွယ်ဆေးဟာ ယူကေမှာ အသစ်စတင်တွေ့ရှိတဲ့ ကိုရိုနာ ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကာကွယ်နိုင်မယ်လို့ ယုံကြည်တယ်လို့ အမှုဆောင်အရာရှိချုပ် Ugur Sahin က ဒီနေ့ (အင်္ဂါ) ပြောကြားလိုက်ပါတယ်။
လက်ရှိယူကေနိုင်ငံတစ်ဝှမ်းပျံ့နှံ့နေသည့် ကိုဗစ်-၁၉ မျိုးစိတ်အသစ်အပေါ်တွင်စိုးရိမ်မှုများရှိနေသဖြင့် ခြောက်ပတ်အတွင်း ကိုဗစ်ပိုး ၏ဗီဇပြောင်းလဲခြင်းနှင့် ပတ်သက်၍ ကာကွယ်ဆေးအသစ်ထုတ်လုပ်ရန်လက်ရှိနည်းပညာကိုသုံးနိုင်သည်ဟုဆိုသည်။
ပြီးပြည့်စုံအောင် လေ့လာဖို့တော့ လိုသေးတယ်လို့လဲ ဆိုပါတယ်။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ လန်ဒန်မြို့တော်နဲ့ အင်္ဂလန်တောင်ပိုင်းမှာ အရင်ရက်သတ္တပတ်အတွင်း ပျံ့နှံ့ပြီး ပိုပြီး ကူးစက်လွယ်တဲ့ လက္ခဏာတွေ့ရှိတာကြောင့် ကမ္ဘာတဝန်း ပိုပြီးစိုးရိမ်လာကြပါတယ်။
ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ပိုပြီး ဆိုးဆိုးရွားရွား ဖျားနာမဲ့လက္ခဏာ မတွေ့ရသေးပေမဲ့ ဥရောပနိုင်ငံတွေကတော့ ယူကေနဲ့ ခရီးအဆက်အသွယ် ဖြတ်တောက်လာကြပါပြီ။
“ကျနော်တို့ရဲ့ ကာကွယ်ဆေးက ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကာကွယ်နိုင်စွမ်းရှိသလားဆိုတာ့တော့ လတ်တလောမှာ မသိသေးပါဘူး။ ဒါပေမဲ့ သိပ္ပံပညာသဘောအရတော့ ဒီကာကွယ်ဆေးကို တုံ့ပြန်တဲ့ ကိုယ်ခံအားဟာ ဗိုင်းရပ်စ်မျိုးကွဲသစ်ကိုလည်း ထိန်းနိုင်ခြေ အများကြီးရှိပါတယ်” လို့ အမှုဆောင်အရာရှိကပြောပါတယ်။
ယူကေမှာ တွေ့ရှိတဲ့ ဗိုင်းရပ်မျိုးကွဲသစ်မှာ ပါရှိတဲ့ ပရိုတိန်းဟာ မူလဗိုင်းရပ်စ်မှာ ပါရှိတာနဲ့ ၉၉% တူညီတာကြောင့် ကာကွယ်ဆေးဟာ ထိရောက်မှာပါလို့ BioNTech က သိပ္ပံနည်းကျ ယုံကြည်စိတ်ချမှုရှိတာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်မျိုးကွဲသစ်အတွက် လက်ရှိကာကွယ်ဆေးကို ကိုက်ညှိပေးဖို့ လိုအပ်မယ်ဆိုရင် ကုမ္ပဏီအနေနဲ့ ရက်သတ္တ ခြောက်ပတ်အတွင်း ဆောင်ရွက်ပေးနိုင်တယ်လို့ Ugur က ပြောပါတယ်။
ဒီအပြောင်းအလဲကို ဆေးဝါးကြီးကြပ်တဲ့ အာဏာပိုင်တွေဘက်က ကာကွယ်ဆေး အသုံးမပြုခင် ဒီအတည်ပြုပေးဖို့တော့ လိုကောင်းလိုမယ်လို့ ဆိုပါတယ်။
BioNTechက အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနဲ့ အီးယူ – ဥရောပအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် နိုင်ငံ ၄၅ ခုကျော်မှာ အသုံးခွင့်ပြုထားပါပြီ။
Source : AP
Zawgyi
ဂျာမန်ဆေးကုမ္ပဏီ BioNTech က သူတို့ထုတ်ထားတဲ့ ကာကွယ်ဆေးဟာ ယူကေမှာ အသစ်စတင်တွေ့ရှိတဲ့ ကိုရိုနာ ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကာကွယ်နိုင်မယ်လို့ ယုံကြည်တယ်လို့ အမှုဆောင်အရာရှိချုပ် Ugur Sahin က ဒီနေ့ (အင်္ဂါ) ပြောကြားလိုက်ပါတယ်။
လက်ရှိယူကေနိုင်ငံတစ်ဝှမ်းပျံ့နှံ့နေသည့် ကိုဗစ်-၁၉ မျိုးစိတ်အသစ်အပေါ်တွင်စိုးရိမ်မှုများရှိနေသဖြင့် ခြောက်ပတ်အတွင်း ကိုဗစ်ပိုး ၏ဗီဇပြောင်းလဲခြင်းနှင့် ပတ်သက်၍ ကာကွယ်ဆေးအသစ်ထုတ်လုပ်ရန်လက်ရှိနည်းပညာကိုသုံးနိုင်သည်ဟုဆိုသည်။
ပြီးပြည့်စုံအောင် လေ့လာဖို့တော့ လိုသေးတယ်လို့လဲ ဆိုပါတယ်။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ လန်ဒန်မြို့တော်နဲ့ အင်္ဂလန်တောင်ပိုင်းမှာ အရင်ရက်သတ္တပတ်အတွင်း ပျံ့နှံ့ပြီး ပိုပြီး ကူးစက်လွယ်တဲ့ လက္ခဏာတွေ့ရှိတာကြောင့် ကမ္ဘာတဝန်း ပိုပြီးစိုးရိမ်လာကြပါတယ်။
ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ပိုပြီး ဆိုးဆိုးရွားရွား ဖျားနာမဲ့လက္ခဏာ မတွေ့ရသေးပေမဲ့ ဥရောပနိုင်ငံတွေကတော့ ယူကေနဲ့ ခရီးအဆက်အသွယ် ဖြတ်တောက်လာကြပါပြီ။
ကျနော်တို့ရဲ့ ကာကွယ်ဆေးက ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကာကွယ်နိုင်စွမ်းရှိသလားဆိုတာ့တော့ လတ်တလောမှာ မသိသေးပါဘူး။ ဒါပေမဲ့ သိပ္ပံပညာသဘောအရတော့ ဒီကာကွယ်ဆေးကို တုံ့ပြန်တဲ့ ကိုယ်ခံအားဟာ ဗိုင်းရပ်စ်မျိုးကွဲသစ်ကိုလည်း ထိန်းနိုင်ခြေ အများကြီးရှိပါတယ်” လို့ အမှုဆောင်အရာရှိကပြောပါတယ်။