စာသင်ကျောင်းမှာ Q ဝင်နေတဲ့ကိုရီးယားပြန်ရဲ့ လေးစားစရာစိတ်ဓာတ်
RDT နဲ့လှည့်ပတ်စစ်ရင်းနဲ့ ချောင်းဦး အမက (၉) ကိုရောက်တယ်။
ကျောင်းရှေ့ရောက်ရင်ပဲ ကျောင်းထဲကိုလှမ်းကြည့်တော့ အင်္ကျီအနီနဲ့လူတစ်ယောက် ပေါက်ပြားလား၊ ထွန်ဂျစ်လားမသဲကွဲတဲ့အရာတစ်ခုနဲ့ မြေပေါ်မှာ ဆွဲခြစ်နေလေရဲ့။
CBFQ ထားတဲ့ကျောင်းထဲကို တလင်းအဖြစ်သုံးပြီး ဘာသီးနှံတွေလှန်းနေတာလဲ၊ ကျောင်းဝန်းတံခါးကိုလည်း အုပ်ချုပ်ရေးမှူးက စနစ်တကျသော့ခတ်ထိန်းသိမ်းထားတာပါလို့ တွေးမိတာပေါ့။
ကိုယ်တွေလာတာမြင်တော့ ခုနက အင်္ကျီအနီနဲ့ကိုယ်တော်ချောက သုတ်သုတ်ကလေးအထဲဝင်သွားပြီး လက်အိတ်ချွတ်၊ လက်ဆေးနေပြီလေ။
အထဲရောက်တော့မှ သေချာမေးကြည့်တော့ သူက ကိုရီးယားကပြန်လာပြီး ဒီမှာ Q ဝင်နေတဲ့သူတဲ့၊ နိုင်ငံခြားပြန်မို့ ရန်ကုန်မှာ Q ဝင်၊ ပိုးစစ်ပြီး (Neg) ဖြစ်ပေမယ့် ချောင်းဦးပြန်ရောက်တော့ ရန်ကုန်ပြန်အနေနဲ့ ဆက်ပြီး Q ဝင်နေရတဲ့သူ။ချောင်းဦးတောင်ရပ်ကွက် (ရဲလှေ) က ကိုသန်းမင်းကျော်တဲ့။
FQ ဝင်နေတဲ့ (၁၄) ရက်မှာ အိပ်လိုက် စားလိုက်မနေချင်လို့ ကျောင်းဝန်းထဲပေါက်နေတဲ့ ခြုံတွေ၊ အမှိုက်တွေကို ရှင်းနေတာပါတဲ့။
သူရှင်းနေတဲ့နေရာကိုသွားကြည့်တော့ ရေသန့်ဗူးလေးတစ်ဗူးရယ်၊ ပေါက်ပြား၊ ထွန်ဂျစ်၊ တံမြက်စည်းကြမ်းတစ်ချောင်းရယ်၊ ပြောင်ရှင်းနေတဲ့တလင်းတစ်ခုရယ်၊ စီရရီပုံထားတဲ့ ရှင်းလင်းပြီးအမှိုက်ပုံလေးတွေရယ် တွေ့ရတယ်။
ကျောင်းနောက်ဖေးဘက်ပတ်ကြည့်တော့လည်း စည်းရိုးအခြေကခြုံပင်တွေကိုရှင်းပြီးပုံထားတာလေးတွေ တွေ့ရတယ်။ဒါနဲ့ သူ့ကိုခွင့်တောင်းပြီး ဓာတ်ပုံလေးတွေမှတ်တမ်းယူခဲ့လိုက်တယ်။
၁၇.၁၁.၂၀၂၀ မှာ Q စဝင်ခဲ့ပြီး (၅) ရက်မြောက်တဲ့ဒီနေ့မှာ သူ့လုံ့လကြောင့် ကျောင်းဝန်းကလေးက ရှင်းသန့်နေလေရဲ့။
ကျန်နေတာလေးတွေကိုလည်း ဆက်ပြီးရှင်းလင်းသွားမယ်ဆိုပဲ။ဘယ်သူဘယ်ဝါရဲ့ အမိန့်စေခိုင်းချက်ကြောင့်မှမဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်စွမ်းနိုင်သမျှ ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသအကျိုးကိုသယ်ပိုးထမ်းရွက်နေတဲ့ ကိုသန်းမင်းကျော်ကို လေးစားစွာဂုဏ်ပြုပါတယ်။
ချောင်းဦးမြို့နယ်ကျန်းမာရေးဦးစီးဌာန …credit
zawgyi version
စာသင်ကျောင်းမှာ Q ဝင်နေတဲ့ကိုရီးယားပြန်ရဲ့ လေးစားစရာစိတ်ဓာတ်
RDT နဲ့လှည့်ပတ်စစ်ရင်းနဲ့ ချောင်းဦး အမက (၉) ကိုရောက်တယ်။
ကျောင်းရှေ့ရောက်ရင်ပဲ ကျောင်းထဲကိုလှမ်းကြည့်တော့ အင်္ကျီအနီနဲ့လူတစ်ယောက် ပေါက်ပြားလား၊ ထွန်ဂျစ်လားမသဲကွဲတဲ့အရာတစ်ခုနဲ့ မြေပေါ်မှာ ဆွဲခြစ်နေလေရဲ့။
CBFQ ထားတဲ့ကျောင်းထဲကို တလင်းအဖြစ်သုံးပြီး ဘာသီးနှံတွေလှန်းနေတာလဲ၊ ကျောင်းဝန်းတံခါးကိုလည်း အုပ်ချုပ်ရေးမှူးက စနစ်တကျသော့ခတ်ထိန်းသိမ်းထားတာပါလို့ တွေးမိတာပေါ့။
ကိုယ်တွေလာတာမြင်တော့ ခုနက အင်္ကျီအနီနဲ့ကိုယ်တော်ချောက သုတ်သုတ်ကလေးအထဲဝင်သွားပြီး လက်အိတ်ချွတ်၊ လက်ဆေးနေပြီလေ။
အထဲရောက်တော့မှ သေချာမေးကြည့်တော့ သူက ကိုရီးယားကပြန်လာပြီး ဒီမှာ Q ဝင်နေတဲ့သူတဲ့၊ နိုင်ငံခြားပြန်မို့ ရန်ကုန်မှာ Q ဝင်၊ ပိုးစစ်ပြီး (Neg) ဖြစ်ပေမယ့် ချောင်းဦးပြန်ရောက်တော့ ရန်ကုန်ပြန်အနေနဲ့ ဆက်ပြီး Q ဝင်နေရတဲ့သူ။ချောင်းဦးတောင်ရပ်ကွက် (ရဲလှေ) က ကိုသန်းမင်းကျော်တဲ့။
FQ ဝင်နေတဲ့ (၁၄) ရက်မှာ အိပ်လိုက် စားလိုက်မနေချင်လို့ ကျောင်းဝန်းထဲပေါက်နေတဲ့ ခြုံတွေ၊ အမှိုက်တွေကို ရှင်းနေတာပါတဲ့။
သူရှင်းနေတဲ့နေရာကိုသွားကြည့်တော့ ရေသန့်ဗူးလေးတစ်ဗူးရယ်၊ ပေါက်ပြား၊ ထွန်ဂျစ်၊ တံမြက်စည်းကြမ်းတစ်ချောင်းရယ်၊ ပြောင်ရှင်းနေတဲ့တလင်းတစ်ခုရယ်၊ စီရရီပုံထားတဲ့ ရှင်းလင်းပြီးအမှိုက်ပုံလေးတွေရယ် တွေ့ရတယ်။
ကျောင်းနောက်ဖေးဘက်ပတ်ကြည့်တော့လည်း စည်းရိုးအခြေကခြုံပင်တွေကိုရှင်းပြီးပုံထားတာလေးတွေ တွေ့ရတယ်။ဒါနဲ့ သူ့ကိုခွင့်တောင်းပြီး ဓာတ်ပုံလေးတွေမှတ်တမ်းယူခဲ့လိုက်တယ်။
၁၇.၁၁.၂၀၂၀ မှာ Q စဝင်ခဲ့ပြီး (၅) ရက်မြောက်တဲ့ဒီနေ့မှာ သူ့လုံ့လကြောင့် ကျောင်းဝန်းကလေးက ရှင်းသန့်နေလေရဲ့။
ကျန်နေတာလေးတွေကိုလည်း ဆက်ပြီးရှင်းလင်းသွားမယ်ဆိုပဲ။ဘယ်သူဘယ်ဝါရဲ့ အမိန့်စေခိုင်းချက်ကြောင့်မှမဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်စွမ်းနိုင်သမျှ ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသအကျိုးကိုသယ်ပိုးထမ်းရွက်နေတဲ့ ကိုသန်းမင်းကျော်ကို လေးစားစွာဂုဏ်ပြုပါတယ်။ချောင်းဦးမြို့နယ်ကျန်းမာရေးဦးစီးဌာန …credit