ကျန်းမာရေး ပြည်တွင်းသတင်း

မြန်မာ့လူဦးရေ(၂၀)ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး နောက်ထပ်လူဦးရေ (၁၀.၈သန်း)အတွက် ကိုဗစ် ကာကွယ်ဆေး ထပ်မံဝယ်ယူမည်

မြန်မာ့လူဦးရေ(၂၀)ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး နောက်ထပ်လူဦးရေ (၂၀)ရာခိုင် နှုန်းဖြစ်တဲ့ (၁၀.၈သန်း)အတွက် ကိုဗစ် ကာကွယ်ဆေး ထပ်မံဝယ်ယူသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့၊ GARVI(ဂါဗီ)အဖွဲ့အစည်းတို့ ပူးပေါင်းထားတဲ့ COVAX(ကိုဗက်စ်)အဖွဲ့ဝင်နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်တဲ့အတွက် အခုလို ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး (၃)ရာခိုင်နှုန်းက (၂၀၂၁)ဒုတိယသုံးလ ပတ်နဲ့ ကျန်တဲ့(၁၇)ရာခိုင်နှုန်းက (၂၀၂၁)တတိယသုံးလပတ်မှာ ရရှိမှာဖြစ်ပါတယ်။

ဒီ့အပြင် GARVI(ဂါဗီ)အဖွဲ့အစည်းရဲ့အကူအညီနဲ့ နောက်ထပ် လူဦးရေ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့(၁၀.၈)သန်းအတွက် ကာကွယ်ဆေးတွေထပ်မံဝယ်ယူဖို့ တင်ထားပြီးဖြစ်တယ်လို့ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

‘ကာကွယ်ဆေးတစ်လုံးကို(၅)ဒေါ်လာကျမယ်ဆိုရင် (၅)ဒေါ်လာ။ သယ်ယူစရိတ်ကဒေါ်လာတစ်ဝက်ဆိုရင် (၅.၅) ဒေါ်လာနဲ့ လူဦးရေ(၁၀.၈)သန်းအတွက်(လူဦးရေ ၂၀ရာခိုင်နှုန်း) နောက်ထပ်မှာယူဖို့ ဒါကိုတင်ထား ပြီး လည်းဖြစ် ပါတယ်။

ကာကွယ်ဆေးပေါ်လာပြီဆိုရင် ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု စိတ်ချရမှု ဆိုတာက ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုရင် ကာကွယ်ဆေးတစ်ခုစီအလိုက် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက်ထိ စိတ်ချရ သလဲ။ဘယ်လို နောက်ဆက်တွဲရောဂါတွေလက္ခဏာ တွေရှိလဲဆိုတာကိုအမြဲ မပြတ် စောင့်ကြည့်ပြီး လေ့လာ နေပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ COVAX(ကိုဗက်စ်)အဖွဲ့နဲ့ GARVI(ဂါဗီ)အဖွဲ့အစည်းတို့ကရွေးချယ်ပေးတဲ့ ကာကွယ်ဆေးတွေကို ဦးစွာရရှိမှာဖြစ်ပြီး အမေရိကန်၊ရုရှား၊ယူကေ၊အိန္ဒိယ၊တရုတ်အစရှိတဲ့ နိုင်ငံတွေနဲ့သံတမန်ချင်းချိတ်ဆက်ပြီး ကာကွယ်ဆေးရရှိဖို့လည်း ဆောင်ရွက်နေပါတယ်။

Zawgyi

မြန်မာ့လူဦးရေ(၂၀)ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး နောက်ထပ်လူဦးရေ (၂၀)ရာခိုင် နှုန်းဖြစ်တဲ့ (၁၀.၈သန်း)အတွက် ကိုဗစ် ကာကွယ်ဆေး ထပ်မံဝယ်ယူသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့၊ GARVI(ဂါဗီ)အဖွဲ့အစည်းတို့ ပူးပေါင်းထားတဲ့ COVAX(ကိုဗက်စ်)အဖွဲ့ဝင်နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်တဲ့အတွက် အခုလို ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး (၃)ရာခိုင်နှုန်းက (၂၀၂၁)ဒုတိယသုံးလ ပတ်နဲ့ ကျန်တဲ့(၁၇)ရာခိုင်နှုန်းက (၂၀၂၁)တတိယသုံးလပတ်မှာ ရရှိမှာဖြစ်ပါတယ်။

ဒီ့အပြင် GARVI(ဂါဗီ)အဖွဲ့အစည်းရဲ့အကူအညီနဲ့ နောက်ထပ် လူဦးရေ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့(၁၀.၈)သန်းအတွက် ကာကွယ်ဆေးတွေထပ်မံဝယ်ယူဖို့ တင်ထားပြီးဖြစ်တယ်လို့ဒေါက်တာခင်ခင်ကြီးကပြောပါတယ်

ကာကွယ်ဆေးတစ်လုံးကို(၅)ဒေါ်လာကျမယ်ဆိုရင် (၅)ဒေါ်လာ။ သယ်ယူစရိတ်ကဒေါ်လာတစ်ဝက်ဆိုရင် (၅.၅) ဒေါ်လာနဲ့ လူဦးရေ(၁၀.၈)သန်းအတွက်(လူဦးရေ ၂၀ရာခိုင်နှုန်း) နောက်ထပ်မှာယူဖို့ ဒါကိုတင်ထား ပြီး လည်းဖြစ် ပါတယ်။

ကာကွယ်ဆေးပေါ်လာပြီဆိုရင် ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု စိတ်ချရမှု ဆိုတာက ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုရင် ကာကွယ်ဆေးတစ်ခုစီအလိုက် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက်ထိ စိတ်ချရ သလဲ။ဘယ်လို နောက်ဆက်တွဲရောဂါတွေလက္ခဏာ တွေရှိလဲဆိုတာကိုအမြဲ မပြတ် စောင့်ကြည့်ပြီး လေ့လာ နေပါတယ်”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ COVAX(ကိုဗက်စ်)အဖွဲ့နဲ့ GARVI(ဂါဗီ)အဖွဲ့အစည်းတို့ကရွေးချယ်ပေးတဲ့ ကာကွယ်ဆေးတွေကို ဦးစွာရရှိမှာဖြစ်ပြီး အမေရိကန်၊ရုရှား၊ယူကေ၊အိန္ဒိယ၊တရုတ်အစရှိတဲ့ နိုင်ငံတွေနဲ့သံတမန်ချင်းချိတ်ဆက်ပြီး ကာကွယ်ဆေးရရှိဖို့လည်း ဆောင်ရွက်နေပါတယ်။

ကာကွယ်ဆေးရရှိလာရင် ပုဂ္ဂလိကဆေးရုံနဲ့ ဆေးစစ်ဌာနတွေကိုလည်း ကာကွယ်ဆေးထိုးခွင့်ပေးမှာဖြစ်တဲ့အ တွက်ကာကွယ်ဆေး ဝယ်ယူခွင့်၊ထိုးနှံခွင့်တွေပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

One News