[Zawgyi]
ရုပ်ဆိုးလို့ အဆက်အဆံလုပ်မခံရပေမယ့် အသက်(၈၀) ဖခင်အိုကို ထီရောင်းပြီးရှာကျွေးနေသူ
အသက် ၄၃ နှစ်အရွယ် Le Huu Hien ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ မွေးရာပါ ရှားပါးရောဂါကြောင့် ရုပ်ဆင်းအင်္ဂါချို့တဲ့သူပါ….ရုပ်ဆိုးတာကြောင့် သူ့ကို လူတွေကလည်း ပေါင်းသင်းမဆက်ဆံကြပါဘူး…
.ဒါပေမဲ့ ရုပ်ရည်ထက် စိတ်ကောင်းစေတနာကသာ အဓိကဆိုတာ Le Huu Hien က သက်သေပြခဲ့ပါတယ်….သူဟာ ထီရောင်းပြီးတော့ အသက် ၈၀ နှစ်အရွယ် ဖခင်ကြီးကို လုပ်ကျွေးပြုစုနေသူပါ….
သူ့ရဲ့ ဖခင်ပြောပုံအရ Le Huu Hien ဟာမွေးကတည်းက ရုပ်ဆင်းအင်္ဂါချို့တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်…ဒါကြောင့်လည်း သူ့ကို လူတွေက ရှောင်ဖယ်နေကြပြီး ဆက်ဆံမှုမပြုလုပ်ကြတာပါ…
ဒါပေမဲ့ Le Huu Hien ဟာ စိတ်ဓာတ်မကျဘဲ သူ့ရဲ့ အသက်ကြီးရင့်နေပြီဖြစ်တဲ့ အဖေ့ကို ရိုးရိုးသားသားနဲ့ ထီရောင်းပြီး လုပ်ကိုင်ကျွေးမွေးခဲ့တာဟာ ၂၂ နှစ်ရှိပါပြီ…….
Le Huu Hien ကိုစာနာတဲ့ သူတွေက သူရောင်းတဲ့ ထီကို အားပေးကြသလို တချို့ကတော့ တွေ့တာနဲ့တောင် ရှောင်သွားကြတယ်လို့ဆိုပါတယ်….ဘယ်လိုအခက်အခဲနဲ့
ကြုံပါစေ Le Huu Hien ဟာ စိတ်ဓာတ်ကျအားငယ်ခြင်းမရှိဘဲ မိမိဘဝကို ကျေနပ်ရောင့်ရဲကာ ဖခင်ဖြစ်သူကို ယခုထိတိုင်လုပ်ကျွေးနေဆဲဖြစ်ပါတယ်….
ဒါကြောင့် ဖခင်အပေါ် ကျေးဇူးသိတတ်ပြီး ရုပ်မလှပေမဲ့ စိတ်ဓာတ်လှတဲ့ Le Huu Hien ရဲ့ အဖြစ်လေးကို အတုယူနိုင်အောင် ဒီစာလေးကို ပြန်လည်မျှဝေလိုက်ရပါတယ်နော်…Source; Le Huu Hein
[Unicode]