ပြည်တွင်းသတင်း

ဖုန်းကိုင်ခွင့်မရှိ အပြင်ထွက်ခွင့်မရှိသော မြန်မာနိုငံရဲ့ အကြီးမားဆုံး သီလရှင်စာသင်တိုက်

စစ်ကိုင်း သကျ ဓီတာ (ဗုဒ္ဓသမီးတော်များ) စာသင်တိုက် ဖြစ်ပါတယ်။ စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။ စာသင်သူ သီလရှင်( သိက္ခာရှင်) ပေါင်း အပါး ( ၂၅၀) ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့် မရှိဘူး…။

တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရတွေ အများကြီးပါပဲ။ ဝိနယဝိဒူ တွေလည်း ရှိတယ်။ ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။ အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ ပါဠိသဒ္ဒါ ပို့ချနေပုံပါ။

မိန်းကလေးတွေလည်း ရဟန်းတော်တွေလို ခက်ခဲနက်နဲတဲ့ ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီး ရှိသေးပါလားလို့ အံ့သြမိပါတယ်။

( အောက်က ကဗျာလေး ဖတ်ပြီး မျက်ရည်ဝဲမိပါတယ် )

မိန်းကလေးပဲလေမိန်းကလေးပဲလေ… လှချင်ရက် စက်စက်ယို၊ ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊ ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊ ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့ မိန်းကလေးပဲလေ… ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊ ဖြီးလိမ်းပန်းပန် ခေတ်ပျိုမေတွေလိုလန်းချင်ပေမယ့်၊

စိန်နားကပ်ကြီး နားမှာပန်၊ ရွှေငွေကား အခြံအရံတွေနဲ့ မမော်ဘဲ၊ ဣန္ဒြေတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့ မိန်းကလေးပဲလေ… ချစ်သူရင်ခွင် ခိုဝင်ယုယ၊ အကြင်နာဝေငှ သမုဒယနဲ့နေချင်ပေမယ့်၊ အနုသယ နီဝရဏတရားတွေကိုပယ်၊ ဗောဇ္ဈင်ပွား မဂ္ဂသစ္စာနဲ့ ဘုရားတည်ကြသူတွေပေါ့။

မိန်းမတို့ရဲ့ သိက္ခာတရား ၊ ဆံကေသာနဲ့ သနပ်ခါးကိုပယ်၊ လမ်းတကာ အလယ် ဆွမ်းဆန်ရပ်၊ လူတကာရဲ့ ပါးစပ်က ကဲ့ရဲ့သံတွေဖြတ်ရင်း၊ မြတ်ဗုဒ္ဓသာသနာ့လမ်းစဉ်ကိုရှု၊ ကျင့်ကြံအားထုတ်ရင်း သာသနာပြုကြသူတွေပေါ့။

သကျဓီတာသီလရှင် စာသင်တိုက်၊ နန်းဦးမြို့သစ်၊ စစ်ကိုင်းမြို့ Ph -092130606၊ 09792130606၊ 09791119777

သုခိန်(ဗုဒ္ဓတက္ကသိုလ်)

Zawgyi
