ကျန်းမာရေး ပြည်တွင်းသတင်း

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ နှစ်ဖက်သဘောတူစာချုပ်မှာ အိန္ဒိယနဲ့ မြန်မာတို့ လက်မှတ်ထိုးပြီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် Serum Institute တို့အကြား ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရေး နားလည်မှုစာချွန်လွှာအား Virtual ဖြင့် ယနေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေညာလိုက်ပါတယ်။

ကိုဗစ်ကာကွယ် ဆေးရရှိနိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း ဦးဆောင်သည့် နည်းပညာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) ခေတ္တညွှန်ကြားရေးမှူးချုပ် Dr. Samiran Panda နှင့် ကျန်းမာရေး နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ကျန်းမာရေးသုတေသနဌာန၊ Joint Secretary Mrs. Anu Nagar တို့ အားလည်းကောင်း၊

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ဇီဝနည်းပညာဌာန၊ Joint Secretary Dr. Renu Swarup၊ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန၊ Additional Secretary (International Organization) H.E. Shri Vinay Kumar ၊ Joint Secretary (Bangladesh-Myanmar Division) H.E. Smt. Smita Pant၊ National Institution for Transforming India (NITI Ayog) အဖွဲ့ဝင် Professor, Dr. V.K. Paul နှင့် အိန္ဒိယ ဆေးဝါးထိန်းချုပ်မှုဗဟို (DCGI) Drugs Controller General Dr. V. G. Somani တို့ထံ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းများပြုလုပ်ပြီးနောက်

ယနေ့တွင် သံအမတ်ကြီး၏ နေအိမ်၊ မြန်မာဂေဟာရှိ အစည်းအဝေးခန်းမ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် Serum Institute တို့အကြား ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး နားလည်မှုစာချွန်လွှာအား Virtual ဖြင့် လဲလှယ်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ နားလည်မှုစာချွန်လွှာတွင် မြန်မာသံရုံးမှ သံမှူးကြီး ဦးအောင်အောင်မျိုးသိမ်းမှ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သံရုံးကဆိုပါတယ်။

အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံရာ၌ ၂၀၂၁ ခုနှစ် အစောပိုင်းတွင်ပင် အိန္ဒိယအစိုးရထံမှ G-to-G အစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်မှုနှင့် အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute မှ ဆေးဝယ်ယူနိုင်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းလည်း သံရုံးက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးရရှိရေးအတွက် မြန်မာအစိုးရက ဆက်တိုက်ကြိုးပမ်းနေရာတွင် အိန္ဒိယသံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အိန္ဒိယသို့ အစိုးရကိုယ်စားလှယ်စေလွှတ်ကာ အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရပါတယ်။