ကျန်းမာရေး အေထြေထြဗဟုသုတ

တစ်ခါသုံးကိုယ်ဝန်တားဆေးနဲ့ လမ်းဘေးကပင်လယ်စာကြောင့် အသက်ဆုံးရူံးခဲ့ရတဲ့ မိန်းကလေး(ဖြစ်ရပ်မှန်)

ကျနော်အဖြစ်အပျက်အမှန်တစ်ခုလေးကို အားလုံးသတိထားရအောင်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ခုတားဆေးနဲ့ပင်လယ်စာကြောင့်မို့အသက်ဆုံးရူံးခဲ့ရတာက ကျနော့်သူငယ်ချင်းအတွဲဖြစ်နေတာကြောင်မို့ပါကိုဗစ်တွေမဖြစ်ခင် 2019-12 လပိုင်းလောက်က ကျနော်အလုပ်လုပ်နေတဲ့မန်းလေးကို သူငယ်ချင်းတို့သမီးရည်းစားအလည်လာကြပါတယ်။လူငယ်စုံတွဲတွေဆိုတော့ တည်းခိုခန်းမှာတည်းကြတာပေါ့။သူတို့အတွဲက ပဲခူးဘက်က လူကြီးတွေသဘောတူထားပေမယ့်မယူဖြစ်ကြသေးပါဖူး။သူတို့ရောက်နေကြောင်း ကျနော့်ဆီဖုန်းဆက်တော့ ညနေအလုပ်ဆင်းရင်လာခဲ့မယ်ဆိုပြီး သူတို့တည်းတဲ့နေရာနားလေးချိန်းလိုက်ပါတယ်။ကျနော်နဲ့လဲအရမ်းခင်တော့ပွင့်ပွင့်လင်းလင်းပါပဲ။ဒီလိုနဲ့ညနေရောက်တော့ သူတို့နဲ့သွားတွေ့တယ်။ဆိုင်သွားထိုင်ရအောင်ဆိုတော့ သူ့ကောင်မလေးက လမ်းဘေးကပင်လယ်စာကြော်စားချင်တယ်လို့ပူဆာတာနဲ့ တွေ့တဲ့ဆိုင်မှာထိုင်စားကြတယ်။

ကျနော်ကတော့ ယောကျ်ားလေးဆိုတော့ ဒါတွေမကြိုက်တော့ ထမင်းဆီဆမ်းနဲ့ကြက်ဥကြော်ပဲမှာစားဖြစ်တယ်။စားနေတုန်း ကောင်မလေးက သူ့ကိုတိုးတိုးလေးကပ်ပြောတယ်။ပြီးတော့ ဆိုင်ရှင်ဆီကနေ ရေသန့်ဗူးရှိလားဆိုပြီး မေးပြီးမှာလိုက်တယ်။ရေရောက်လာတော့ တစ်ခါသုံး ကိုယ်ဝန်တားဆေးကို ဖောက်ပြီး ကောင်မလေးလက်ထဲကို မသိမသာထည့်ပေးလိုက်တာမြင်လိုက်တယ်။ကျနော်ကတော့မသိချင်ယောင်ဆောင်နေလိုက်တာပေါ့။စားပြီးသောက်ပြီး ပိုက်ဆံရှင်းတဲ့အချိန်ရောက်တော့ ကောင်မလေးက လက်မှာ အနီစက်တွေ ပေါင်မှာတွေကော အစက်အပြောက်တွေထလာတာနဲ့ မြန်မြန်ပြန်မယ်ဆိုပြီး ထသွားကြတယ်။ကျနော်လဲနောက်မှတွေ့မယ်ဆိုပြီး ပြန်ခဲ့လိုက်တယ်။အိမ်မရောက်ခင်မှာ သူငယ်ချင်းကိုဖုန်းတွေဆက်တိုက်ခေါ်လို့ကိုင်လိုက်တော့ သူငယ်ချင်း ငါ့ကောင်မလေးဗိုက်တွေအရမ်းနာနေလို့ ဘယ်ဆေးခန်းသွားရမလဲလို့ လှမ်းမေးတယ်။

ဆေးခန်းသွားတော့ ဆေးရုံသွားခိုင်းတယ်။ဒါကြောင့်မို့ နီးစပ်ရာဆေးရုံသွားကြတယ်။ဆေးရုံမရောက်ခင်မှာပဲကောင်မလေးကသတိလစ်သွားပြီ။သူတို့မိဘတွေဆီလှမ်းပြောနေတုန်းရှိသေးတယ်ကောင်မလေးက အသက်မရှိတော့ဖူး မျက်နှာမှာလဲအနီစက်တွေအများကြီးနဲ့အသက်ဆုံးရူံးသွားရှာတယ်။ကျနော်လဲ တော်တော်လန့်သွားတယ်။သူနာပြုမလေးကကဘာတွေစားတာလဲမေးတော့ ပင်လယ်စာလို့ပြောလိုက်တယ်။ပင်လယ်စာနဲ့ဘာနဲ့တွဲစားတာလဲမေးတော့ သူငယ်ချင်းကအမှန်အတိုင်းပြောရှာတယ်။နောက်ဆုံးသိလိုက်ရတာက တစ်ခါသုံးတားဆေးနဲ့ဘယ်ကထုတ်မှန်းသေချာမသိတဲ့ပင်လယ်စာတွေထဲမှာ ဓာတ်မတည့်ဖြစ်ပြီး Alageric ဖြစ်ပြီးအသက်ဆုံးရူံးတာလို့သိလိုက်ရတယ်။အားလုံးပဲသတိထားကြဖို့ရေးပေးလိုက်ရပါတယ်။

UNICODE