ကျန်းမာရေး ပြည်တွင်းသတင်း

ရန်ကုန်တွင် ပိုးတွေ့လူနာ ကျဆင်းလာ၍ ကိုဗစ် စင်တာ ၂ ခုကို ပိတ်သိမ်းလိုက်ပြီ

ရန်ကုန်တွင် ကိုဗစ်လူနာသစ်တွေ့ရှိမှု လျော့နည်းလာတာကြောင့် စင်တာ ၂ ခုကို ပိတ်သိမ်းလိုက်ပြီလို့ ရန်ကုန် ကိုဗစ်ကော်မတီဒုတိယ ဥက္ကဌ ဒေါက်တာဇော်ဝေစိုး က ပြောကြားလိုက်ပါတယ်။

ရန်ကုန်တွင် ပိတ်သိမ်းလိုက်သည့် ကိုဗစ် စင်တာ ၂ ခုမှာ ရန်ကင်းပညာရေး ကောလိပ် စင်တာ နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကိုဗစ်စင်တာတို့ဖြစ်တယ်လိုဆိုပါတယ်။

ဒေါက်တာဇော်ဝေစိုးက “ ဒီနေ့ ကိုဗစ်လူနာသစ် ၃၆၉ ဦးရှိပါတယ်။ ၄၀၀ အောက်ကို ရောက်လာတာ ၅ ရက်အတွင်းမှာ ၄ ရက် ရှိတယ်။ ၃၅၆၊ ၃၆၉ ၊ ၃၄၇၊၃၂၀ နဲ့ တစ်ရက် ကတော့ ၄၂၂ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီနေ့( ဒီဇင်ဘာ ၂၄ )ဆိုရင် ကိုဗစ် စင်တာ ၂ ခုကို စတင် ပိတ်သိမ်းလိုက်ပါပြီ။ ရန်ကင်းပညာရေးကောလိပ်နဲ့အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကိုဗစ်စင်တာတို့ ဖြစ်ပြီး Stand by အနေနဲ့ပိတ်သိမ်း တာဖြစ်တယ်”လို့ ဒီဇင်ဘာ ၂၄ ရက်အတွက် ရန်ကုန် ကိုဗစ်အခြေအနေတင်ပြစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ပိုးတွေ့လူနာ လျော့ကျလာပေမယ့် ရောဂါပိုးကင်းစင်သွားတာမဟုတ်တဲ့ အတွက် ဆက် လက်ကာကွယ်ထိန်းသိမ်းပြီး စောင်ကြပ်ကြည့်ရှုမှုတွေကိုအရည်အသွေးမြှင့်တင်ဖို့လို အပ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက အကြံပြုပါတယ်။

Zawgyi