“နက်မှောင်သေချာဆံကေသာ”
ဆံပင်ကနီကြန်ကြန်ဖြစ်၊ဆံပင်တွေကမကြာခဏကျွတ်၊ဆံပင်နှစ်ခွက ထွက်သေး အမျိုးသမီးတို့၏ ဆန္ဒမှာဆံကေသာအလှသည်က ပသာဒမဟုတ်ပါလား။
ဒီလိုကြီးဆိုစိတ်မညစ်ပါနဲ့လွယ်ကူသောနည်းလမ်းလေးစမ်းကြည့်ကြပါစို့ကျား/မ မရွေးမခက်ခဲသောနည်းလေးပါ။
မြင်းခွာရွက် (၅)ကျပ်သား
ကြိတ်မှန်ရွက်(၅)ကျပ်သား
ကွမ်းရွက်(၅)ကျပ်သား
အညီအမျှ သတ္တုရည်စိမ်းညှစ်ယူပြီး ပုလင်းလေးတွင် ရောကာထည့်ပြီးရေပါအသင့်တင့်အောင်ထည့်၍ ခေါင်းကို မကြာခဏလိမ်းပေးခြင်းဖြစ်ပါသည်။
ဆံပင်စလေးများကိုပါ စိုရွဲအောင်လိမ်းပေးပါ။
ဆံပင်ကျွတ်ခြင်းကင်းဝေးပြီးဆံပင်နီကြန်မှုမရှိတော့ပါ ။
နက်မှောင်သောဆံကေသာကိုပြန်လည်ရရှိ ပိုင်ဆိုင်သူများဖြစ်လာပါလိမ့်မည်။
ဦးရေလည်းအေးမြကာ စိတ်ကြည်လင်ခြင်းကိုလည်း ပေးမည်မို့ မုဒိတာပွားလိုက်ရပါသည်။
စာကိုးနက္ခတ္တရောင်ခြည်အမှတ်(၃၇၁)
ဆံပင်မကျွတ် ပိုမိုနက်လိုပါသလား မှ
ရဲမျိုးသူ(ဗောဓိမြိုင်)