Uncategorized

စင်ကာပူမှာ ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးပါမယ်

စင်ကာပူမှာ ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးပါမယ်။

စစခြင်း National Centre for Infectious Diseases (NCID) မှာထိုးပေးမှာဖြစ်ပြီး နောက်လာမယ့်အပတ်မှာ အခြားဆေးရုံတွေနဲ့ Polyclinics တွေမှာ ထိုးပေးမှာဖြစ်ပါတယ်။

အဲ့ဒီကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နေရာက ဝန်ထမ်းတွေကို သူတို့ရဲ့နေရာတွေမှာပဲ ကာကွယ်ဆေး အရင်ထိုးပေးမှာပါ။

ဖေဖဝါရီလကစပြီး အသက် ၇၀ ကျော်တွေကို ကာကွယ်ဆေးထိုးပေးပါမယ်။ ပြီးရင်အသက် ၆၀ နဲ့ ၆၉ နှစ်ကြားကိုအရင်ထိုးပေးပါလိမ့်မယ်။

သူတို့ပြီးရင် စင်ကာပူနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူ (အရင်ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးအရလိုအပ်သူ) ကို ထိုးပေးမှာဖြစ်ပါတယ်။ စင်ကာပူအစိုးရဟာ ၉ လပိုင်းမှာ အားလုံးကိုကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကြိုးစားမှာပါ။

အစပိုင်းမှာ ကာကွယ်ဆေးဝယ်ယူရရှိမှုအကန့်အသတ်ရှိတဲ့အတွက် ရရှိထားတဲ့ကာကွယ်ဆေးရဲ့ (၅ %) ကို အရေးပေါ်အတွက် ဖယ်ထားမှာဖြစ်ပါတယ်။ စင်ကာပူ လုပ်ငန်းဆောင်တာတွေ လည်ပတ်ဖို့ အလွန့်အလွန်အရေးပါတဲ့သူ အုပ်စုအတွက်လို့ ဆိုပါတယ်။

သူတို့တွေထဲ မှာပါနိုင်တာက စင်ကာပူရဲ့ ရေလျှပ်စစ်မီးစတဲ့ မရှိမဖြစ် ဝန်ဆောင်မှုကိစ္စတွေ မပြတ်တောက်အောင် လုပ်ရသူတွေ ပါနိုင်ပါတယ်။ ဒါက စင်ကာပူကို ဗစ်ကပ်ဆိုးက လွတ်မြောက်ရန် ကာကွယ်ဆေးကိစ္စအကြံပေးတဲ့ Expert Committee ရဲ့အကြုံပြုချက်အတိုင်း လုပ်ဆောင်တာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကြာရှည်နေထိုင်ခွင့်ရသူတွေကို အခကြေးငွေမယူပဲ ထိုးပေးမှာဖြစ်ပြီး တတ်နိုင်သလောက် အားလုံးပါအောင် ထိုးပေးဖို့ရည်ရွယ်ထားပါတယ်။

စင်ကာပူအစိုးရဟာ စင်ကာပူရဲ့စီးပွားရေး မြန်မြန်နလန်ထူလာနိုင်ဖို့ ကာကွယ်ဆေးကိစ္စကို အရေးကြီးဦးစားပေးအဖြစ် အချိန်လုံးဝမဆိုင်းပဲ ကြိုတင်စီမံကာအကွက်စေ့အောင် လုပ်ဆောင်နေပါကြောင်း။

Richard Myo Thant