နိုင္ငံတကာသတင္း

ပျံ လွန်တော်မူတာ နှစ်ထောင်ကျော်ပေမယ့် ဦးနှောက်နှင့်အရိုးများ မပျက်စီးသေးတဲ့ ရဟန်းတော်

ပျံ လွန်တော်မူတာ နှစ်ထောင်ကျော်ပေမယ့် ဦးနှောက်နှင့်အရိုးများ မပျက်စီးသေးတဲ့ ရဟန်းတော်ပရိတ်သတ်ကြီးရေ အခု တစ်ခါ ပြောပြပေးမှာ ကတော့ နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါး၏ မံမီရုပ်ကလာပ်ကို(CT Scan) စီတီစက်ဖတ်ကြည့်ရာတွင် အရိုးများနှင့် ဦးနှောက် တစိတ်တပိုင်းက ကောင်းမွန်နေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်ဆိုတဲ့ အကြောင်းလေးပါ။

ဒီအကြောင်းကတော့ တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘိုင် ပြည်နယ်၊ ဒင်ဂူ ကျောင်းတော်မှာရှိသော ဘုန်းတော်ကြီး စီရှန်၏ ရုပ်ကလာပ်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ် ။ စီရှန် အမည် ရှိတဲ့ ဘုန်းတော်ကြီးဟာ ရှေးခေတ်နှစ်ပေါင်း တထောင်တည်းက အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ ဗုဒ္ဓသာသနာပြန့်ပွား စေရန် သာသနာပြု ကြွလာခြင်း ဖြစ် သည်ဟု ဆိုပါသည်။

စီတီစကန် (CT Scan) ကိုရိုက်တဲ့ အချိန် မှာတော့ ရဟန်းတော်များ၊ကြည်ညိုသူများနှင့် မီဒီယာတွေက စောင့်ကြည့်ခဲ့ကြပါတယ်။ဒေါက်တာက ဘုန်းတော်ကြီးစီရှန်ရဲ့ အရိုးဖွဲ့စည်းပုံတွေ အကောင်းတိုင်းရှိသေးကြောင်း၊ ဦးနှောက်တခုဟာလည်းပြည့်စုံသေးကြောင်း ပြောလိုက်တော့ လူတွေဟာ အလွန်အံ့သြခဲ့ ကြရတယ်။ဒေါက်တာ ဝုယွန်ကင် က စီတင်စကင် ပြီးနောက် “သူ့ရဲ့ အရိုးတွေဟာ သာမန်လူတယောက် ကောင်းသလိုမျိုးကောင်းနေတာကို မြင်ရတယ်။”ဟု ပီးယား ဗီဒီယို မီဒီယာကိုပြောသည်။

အပေါ်ပိုင်း မေး ရိုး၊ အပေါ်ပိုင်း သွားများ၊ နံရိုး၊ ကျောရိုးနှင့် အရိုးအချိတ်အဆက်များသည်အကောင်းတိုင်း ရှိနေသည်ဟုဆိုသည်“ဒါဟာ မယုံကြည်နိုင်စရာ ပါပဲ” ဟု ပြောသည်။သမိုင်း မှတ်တမ်းများ အရတော့ ဘုန်းတော်ကြီး စီရှန်ဟာ အိန္ဒိယမှ ဖြစ်သည်ဟုဆိုသည် ၉၁၆မှ၁၁၂ခုနှစ်ခုနှစ်ခန့်မှာ သူဟာ အိန္ဒိယမှ တရုတ် နိုင်ငံ ခေတ္တန် ဘုရင် အုပ် ချုပ် နေသော ဒေသသို့ ဗုဒ္ဓဒေသနာ တော်များ ဟောပြောရန် ခရီး ထွက်ခဲ့သည်။ ယခုတရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ကိုရီးယားကျွန်းဆွယ် အရပ်ဖြစ်သည် သူသည် အရေး ကြီးသော သုတ္တန်ဒေသနာတော် ၁၀ ခု ခန့်ကို တရုတ်ဘာသာသို့ ပြန် ဆိုခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်း မှာတော့ ဘုရင် ကိုယ်တိုင် ကသူ့ကို နိုင်ငံတော်ရဲ့ ဘုန်း ကြီး တပါး အနေဖြင့် ခေတ္တန် ဘုန်းတော်ကြီး ဟု ဘွဲ့ အ မည်ကိုပေးခဲ့သည် သူ့ရဲ့ဘာသာပြန်အချို့ကို ကျောက်စာများတွင် ရေးထို ခဲ့ပြီး ယနေ့ ထိတိုင်တွေ့နိုင် ပေသည်။ ဘုန်းတော်ကြီးပျံတော်မူ ပြီးနောက် တပည့်တပန်းများကသူ၏ ရုပ်ကလာပ်တော်ကို မံမီပြုလုပ်ပြီး ထိန်းသိမ်းခဲ့ကြသည်။သို့သော် ထို ရုပ်ကလာပ်တော်မှာ နောက်ပိုင်းတွင် နှစ်ပေါင်း များစွာ ပျောက်ဆုံးနေခဲ့ သေးသည် ရုပ်ကလာပ်တော်ကို ၁၉၇၀ ခုနှစ်တွင် ဂူတခုအတွင်းမှ ပြန်လည် တွေ့ရှိခဲ့သည်။ ဒင်ဂူ ကျောင်းတော်မှ ဘုန်းတော်ကြီး ဒူ က “ဘုန်းတော်ကြီး စီရှန် ရဲ့ မံမီ ရုပ်ကလာပ် တော်ကို ၂၀၁၁ခုနှစ်ကစပြီး ယခု ဒင်ဂူကျောင်းတော်မှာ ကိုးကွယ်လာခဲ့တယ် ဟု မိန့်ကြားသည်။

ရုပ်ကလာပ်တော်ကို ယခုနေရာမှ ရှန်တန် တောင်ပေါ်ရှိ အဆောက် အဦး တခုသို့ ပြောင်းရွှေ့ရန် စီစဉ် နေကြသည်။ ရုပ်ကလာပ်တော်ကို ၂၀၁၇ ခု နှစ်ကုန်ထိ ဒင်ဂူကျောင်းမှာ နောက် ဆုံး အ ပူ ဇော် ခံ ထားခဲ့တယ်လို့ သိရ ပါတယ်။ မူရင်း တင်ပြ ပေးသူအား လေးစားစွာ ဖြင့် ခရက်ဒစ် ပေးပါတယ် ပရိသတ်ကြီးအတွက် ဗဟုသုတ ရစေရန်ပြန် လည်မျှဝေ ပေးလိုက်ပါသည်။credit