နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအားပေးချစ်ခင်နေရတဲ့ တက်သစ်စ အဆိုတော်လေး အုပ်စိုးခန့်ကိုတော့ ပရိတ်သတ်တွေအားလုံးသိကြမယ်လို့ ထင်မိပါတယ်။ဒါ့အပြင် အုပ်စိုးခန့် က ကြော်ငြာတွေအပြင် Photo Shooting တွေကိုလည်း ရိိုက်ကူးနေတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ခြေလှမ်းသစ်တွေ စတင်နေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အုပ်စိုးခန့် က ဆံပင်ရှည်လေးထားပြီး ယောကျာ်းပီသတဲ့ bodyမျိုးကို ပိုင်ဆိုင်ထားကာတည်ကြည်ခန့်ညားနေသူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေအတွက် မကြာခဏဆိုသလို ဖော်ပြပေးပါတယ်။ ယခုမှာတော့ အုပ်စိုးခန့် က ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခုကို လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးကတော့ အုပ်စိုးခန့် က ကိုဗစ်ရောဂါပိုးရှိမရှိ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆေးစ်ချက်ကို မျက်ရည်ကျမတက်ခံယူခဲ့ရတဲ့ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့် ရဲ့ ဆေးစစ်ချက်အဖြေကတော့ Negative ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ရေးသားထားပါသေးတယ်။ ကဲ…ပရိသတ်ကြီးအတွက် အဆိုတော်သရုပ်ဆောင် အုပ်စိုးခန့် ရဲ့ ဆေးစစ်ချက်ခံယူနေတဲ့ ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါ
Swelsone News