အိမ်တော်ရာစေတီတော်အတွင်းရှိ မြေစောင့်နတ်ရုပ်တုမှ ရေစက်ရေပေါက်များ အလိုအလျောက်ကျဆင်း
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ” မဟာလောကရံသီ အိမ်တော်ရာစေတီတော် တနင်္ဂနွေထောင့်ရှိ ရုပ်ထုတခုမှ ဒီဇင်ဘာ၂၉ရက် နေ့လယ်ပိုင်းတွင် ရေစက်များ အလိုအလျောက် ကျရှိနေကြောင်း သိရသည်။
“အစပိုင်းမှာ သူရသဿီရုပ်တုလို့ ကြားခဲ့မိရာ အမှန်တကယ် ကြွရောက်စစ်ဆေးကြည့်တော့ ဝသုန္ဓရေ မြေစောင့်နတ်ရုပ် ဖြစ်နေတာ တွေ့ရှိရပါတယ်။
ရေစက်ကတော့ အချို့ကလဲ ရေပိုက်ထည့်ထားကြတယ်လို့ ဆိုကြလေတယ်။
ဂေါပကအဖွဲ့ကလည်းအသစ် , ဝန်ထမ်းတွေကလည်း အသစ်ဆိုတော့ ရေရေလည်လည် မသိရှိကြပါဘူး။ ရေပိုက်ထည့်ထားတာ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အဆက်အစပ် မရှိဘဲ ရေစက်ကအလိုအလျောက် ကျနေတာဆိုတော့ ထူးဆန်းနေတဲ့ သဘောပါ။
ဘယ်လို အခြေအနေပဲ ဖြစ်နေပါစေ၊ မြန်မာလူမျိုးတို့ ဓလေ့ထုံးစံအရ ဆံပင်က ရေထွက်တယ်, ရောင်ခြည်တော်လွှတ် တယ်ဆိုတာ ” ဇမ္ဗူဒိပ် ,အောင်အတိတ်” ဆိုသည့်အတိုင်း ကောင်းတဲ့နိမိတ် ကောင်းတဲ့အတိတ် ဆောင်ကြရင် ကောင်းတဲ့ လက္ခဏာပါလို့ ဆိုရမှာဖြစ်ပါကြောင်း”ဟု ချမ်းအေးသာစံမြို့နယ်၊သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်က မိန့်ကြားပါသည်။
ယခင်က အဆိုပါ နတ်ရုပ်တုမှ ယခုကဲ့သို့ ရေစက်များထွက်ရှိခြင်းမရှိဟု သိရသည်။
Credit မန္တလေးသတင်းကွန်ရက်/ The Mandalay Post News Agency
ဓာတ်ပုံ အရှင်ကဝိန်
Mandalay_True_News