ပြည်တွင်းသတင်း

ဒီနေ့မှာ ရက်စေ့လို့ ပြန်ကြတော့မယ့် လူငယ်ဆရာဝန်တွေ၊ ဆရာမတွေကိုနှုတ်ဆက်ရင်း ဦးဇော်ဇော်ရေးလိုက်တဲ့စာ….

ဦးဇော်ဇော်ရေးတဲ့…

ဧရာဝတီစင်တာ (မန္တလေး)မှာ တက်တက်ကြွကြွ တာဝန်ယူဆောင်ရွက်နေကြတဲ့ ဆရာဝန်၊ ဆရာမတွေကို တွေ့ရတာဟာ အားရကောင်းပါတယ်။

ဒီနေ့မှာ ရက်စေ့လို့ ပြန်ကြတော့မယ့် လူငယ်ဆရာဝန်တွေ၊ ဆရာမတွေ၊ Test & Care စင်တာက Dentist တွေကို ဂုဏ်ပြုမှတ်တမ်းတွေ ပေးရင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အပြန်အလှန်ဝေမျှခဲ့ကြပြီး ၎င်းတို့အနေနဲ့လည်း စင်တာကို ထပ်မံလာရောက် တာဝန်ထမ်းဆောင်ကြဦးမယ်ဆိုတဲ့အကြောင်း ဝမ်းမြောက်ဖွယ် ကြားသိခဲ့ရပါတယ်။

စင်တာစတင်ချိန်က မတည်ထားတဲ့ သိန်း(၁၅၀၀၀)ဟာလည်း သုံးစွဲပြီးဖြစ်တာကြောင့် နောက်ထပ် သိန်း(၅၀၀၀) ထပ်မံမတည်ပေးခဲ့ပါတယ်။

ညဘက်မှာလည်း မန္တလေးက ပါမောက္ခ ဆရာဝန်၊ ဆရာမကြီးတွေနဲ့ တွေ့ဆုံပြီး ဧရာဝတီစင်တာရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးရင်း ညစာအတူစားဖြစ်ခဲ့ပါတယ်။

ဝန်ဆောင်မှု အပြည့်အဝပေးနိုင်အောင် တက်ညီလက်ညီဆောင်ရွက်ပေးနေတဲ့ ဆရာကြီး ဒေါက်တာခင်မောင်လွင်နဲ့ ဆရာဝန်၊ ဆရာမတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ဦးဆောင်မှုပေးခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်ကြီးနဲ့ တာဝန်ရှိသူတွေ၊ အလှူရှင်တွေအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

credit U Zae Zaw

unicode

ဦးဇောဇြောရြေးတဲ့…


ဒီနေ့မှာ ရကစြေ့လို့ ပှနကြှတော့မယြ့ လူငယဆြရာဝနတြှေ၊ ဆရာမတှေ၊ Test & Care စငတြာက Dentist တှကေို ဂုဏပြှုမှတတြမြးတှေ ပေးရငြး ကှုံတှေ့ခဲ့ရတဲ့ အဖှစအြပကွတြှကေို အပှနအြလှနဝြမွှခေဲ့ကှပှီး ၎င်းငျးငြးတို့အနနေဲ့လညြး စငတြာကို ထပမြံလာရောကြ တာဝနထြမြးဆောငကြှဦးမယဆြိုတဲ့အကှောငြး ဝမြးမှောကဖြှယြ ကှားသိခဲ့ရပါတယြ။




credit U Zae Zaw