အနုပညာသတင်း ပြည်တွင်းသတင်း

Happy ကိုဗစ် Center မှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေတဲ့ မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေး

လေပြေသွေးကတော့ သရုပ်ဆောင် အဆိုတော် မင်းမော်ကွန်းရဲ့ ဒုတိယမြောက် သမီးလေး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အဘိုးဖြစ်သူ၊ အဖေဖြစ်သူတို့နဲ့ သွားလာလှုပ်ရှားမှု အများကြီးရှိခဲ့ဖူးတာကြောင့် ပရိသတ်တွေကလည်း သတိထားမိပြီးသားဖြစ်မှာပါ။ Media Communication ပညာရပ်ကိုလေ့လာနေတာဖြစ်ပြီး အနုပညာအလုပ်တွေကိုတော့ ပညာရေးပြီးသွားမှပဲ စဉ်းစားမယ်လို့ အင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ် ။

လတ်တလောမှာတော့ လေပြေသွေးက သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ Forune Plaza We Love Yangon Happy ကိုဗစ် စင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ် ။ ခုလို စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေရတာကို သူမကိုယ်သူမ ဂုဏ်ယူကြောင်းကိုလည်း မိုင်ဒေးမှာရေးသားဖော်ပြထားပါသေးတယ် ။ လေပြေသွေးကိုချစ်တဲ့ ပရိသတ်တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပရဟိတ စိတ်အပြည့်ရှိတဲ့ သူမကို ချီးကျူးစကားတွေဆိုနေကြတာလည်းတွေ့ရပါတယ် ။

ပရိသတ်တွေ သူမကို အနုပညာရှင်တစ်ယောက်အဖြစ် မြင်တွေ့ချင်နေကြတဲ့အကြောင်း လည်း ရေးသားထားကြပါသေးတယ် ။ အသက်ငယ်ငယ်လေးနဲ့ ပရဟိတ အကျိုးသယ်ပိုးနေတဲ့ လေပြေသွေးအတွက် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Swelsone News